[Zawgyi]

Facebook ဟာ Video-on-Demand Service အေနနဲ႔ အေမရိကန္ႏိုင္ငံမွာ ဇာတ္လမ္းတြဲေတြကို ျပသေပးေနၿပီျဖစ္ပါတယ္။ အေမရိကန္မွာ လူႀကိဳက္မ်ားမယ့္ ဇာတ္လမ္းတြဲေတြျဖစ္ၾကတဲ့ Buffy the Vampire Slayer, Angel, and Firefly အစရွိတဲ့ ဇာတ္လမ္းတြဲေတြကို Facebook ကေန Streaming ေပးလိုက္တာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲေတြကို Facebook က ဝယ္ယူျပသတာမဟုတ္တဲ့အအတြက္ အခေၾကးေငြေတာ့ ေပးေျခၿပီးမွ ၾကည့္ႏိုင္မယ္လို႔ သိရပါတယ္။ 20th Century Fox ရဲ႕ ဇာတ္လမ္းေတြဟာ ႐ုပ္ရွင္ၾကည့္ပရိသတ္ေတြၾကားမွာ အားေပးမႈေတြ အၿမဲရရွိခဲ့တာေၾကာင့္ Facebook ကလည္း အခ်ိန္ကိုက္ၿပီး ျပဳလုပ္လိုက္ဖြယ္ ရွိပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက Facebook ဟာ Watch Party Feature ကို ျဖန႔္ေဝေပးခဲ့ၿပီျဖစ္တာေၾကာင့္ ဒါကိုအသုံးခ်ၿပီး ဇာတ္လမ္းတြဲေတြကို မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ ၾကည့္ရႈႏိုင္ၿပီျဖစ္ပါတယ္။ အဆိုပါဇာတ္လမ္းတြဲေတြကို Hulu မွာ Stream ေပးထားတယ္လို႔လည္း သိရပါတယ္။

Facebook ရဲ႕ Head of Video ျဖစ္တဲ့ Fidji Simo ကေတာ့ Buffy ဒါမွမဟုတ္ Firefly တို႔လို ပရိသတ္ေတြ အႀကိဳက္ျဖစ္တဲ့ ဇာတ္လမ္းေတြကို နည္းလမ္းသစ္နဲ႔အတူ သူငယ္ခ်င္းမိတ္ေဆြေတြအားလုံးအတူတစ္ကြ ၾကည့္ရႈႏိုင္မယ့္ အေတြ႕အႀကဳံေကာင္းတစ္ခု ျဖစ္ပါတယ္လို႔ သူ႔ရဲ႕ ဘေလာ့ဂ္မွာ ေရးသားခဲ့ပါတယ္။

ဒီလို အားလုံးၾကည့္ရႈလို႔ရမယ့္အစီအစဥ္သစ္ကို လက္ရွိအခ်ိန္မွာေတာ့ အေမရိကန္မွာရွိတဲ့ Facebook အသုံးျပဳသူေတြပဲ ရရွိဦးမယ္လို႔ Facebook က ေျပာထားပါတယ္။ ဒါေၾကာင့္ Watch Party အေနနဲ႔ ၾကည့္ရႈႏိုင္မယ့္ Streaming ေတြကို အျခားႏိုင္ငံေတြမွာလည္း ၾကည့္ႏိုင္ေအာင္ ေဆာင္႐ြက္ေပးသြားမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Facebook ဟာ Video-on-Demand Service အနေနဲ့ အမေရိကန်နိုင်ငံမှာ ဇာတ်လမ်းတွဲတွေကို ပြသပေးနေပြီဖြစ်ပါတယ်။ အမေရိကန်မှာ လူကြိုက်များမယ့် ဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ Buffy the Vampire Slayer, Angel, and Firefly အစရှိတဲ့ ဇာတ်လမ်းတွဲတွေကို Facebook ကနေ Streaming ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲတွေကို Facebook က ဝယ်ယူပြသတာမဟုတ်တဲ့အအတွက် အခကြေးငွေတော့ ပေးခြေပြီးမှ ကြည့်နိုင်မယ်လို့ သိရပါတယ်။ 20th Century Fox ရဲ့ ဇာတ်လမ်းတွေဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေကြားမှာ အားပေးမှုတွေ အမြဲရရှိခဲ့တာကြောင့် Facebook ကလည်း အချိန်ကိုက်ပြီး ပြုလုပ်လိုက်ဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Facebook ဟာ Watch Party Feature ကို ဖြန့်ဝေပေးခဲ့ပြီဖြစ်တာကြောင့် ဒါကိုအသုံးချပြီး ဇာတ်လမ်းတွဲတွေကို မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲတွေကို Hulu မှာ Stream ပေးထားတယ်လို့လည်း သိရပါတယ်။

Facebook ရဲ့ Head of Video ဖြစ်တဲ့ Fidji Simo ကတော့ Buffy ဒါမှမဟုတ် Firefly တို့လို ပရိသတ်တွေ အကြိုက်ဖြစ်တဲ့ ဇာတ်လမ်းတွေကို နည်းလမ်းသစ်နဲ့အတူ သူငယ်ချင်းမိတ်ဆွေတွေအားလုံအတူတစ်ကွး ကြည့်ရှုနိုင်မယ့် အတွေ့အကြုံကောင်းတစ်ခု ဖြစ်ပါတယ်လို့ သူ့ရဲ့ ဘလော့ဂ်မှာ ရေးသားခဲ့ပါတယ်။

ဒီလို အားလုံးကြည့်ရှုလို့ရမယ့်အစီအစဉ်သစ်ကို လက်ရှိအချိန်မှာတော့ အမေရိကန်မှာရှိတဲ့ Facebook အသုံးပြုသူတွေပဲ ရရှိဦးမယ်လို့ Facebook က ပြောထားပါတယ်။ ဒါကြောင့် Watch Party အနေနဲ့ ကြည့်ရှုနိုင်မယ့် Streaming တွေကို အခြားနိုင်ငံတွေမှာလည်း ကြည့်နိုင်အောင် ဆောင်ရွက်ပေးသွားမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: The Verge