ဗီဒီယို အတိုတွေ မျှဝေတဲ့ လူမှုကွန်ရက်လို့ ပြောလိုက်ရင် TikTok  က ဆရာကြီး ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အရမ်းကို ရေးပန်းစားလာနေပါတယ်။  တရုတ် App ဖြစ်တဲ့ TikTok ကို Facebook ရဲ့ Reels နဲ့ YouTube Shorts တို့က ယှဉ်ပြိုင်နေပါတယ်။ Facebook ဟာ ဗီဒီယို အတိုတွေ မျှဝေတဲ့ Reels ကို Instagram Platform မှာ ပြီးခဲ့တဲ့ နှစ်က စတင်  မိတ်ဆက်ခဲ့ပြီး နိုင်ငံများစွာမှာ တိုးချဲ့ ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ပင်မ လူမှုကွန်ရက် ဖြစ်တဲ့ Facebook App မှာ Reels ကို စတင် စမ်းသပ်လိုက်ပါပြီ။

Reels, Now on Facebook App

Facebook App မှာ Reels ကို Users အရေအတွက် အကန့်အသတ်နဲ့  စမ်းသပ်ပေးလိုက်တာ ဖြစ်ပါတယ်။ Reels ကို News Feed နဲ့ Groups တွေထဲမှာ ပြသမှာ ဖြစ်ပြီး Instagram Users တွေကလည်း Reels ကို Facebook App မှာ မျှဝေနိုင်မှာ ဖြစ်ပါတယ်။

Facebook could have its own version of Reels on Instagram

Facebook က Reels ဟာ လူတွေ သူတို့ရဲ့ ခံစားချက်တွေကို ပြသဖို့၊ ဖျော်ဖြေရေး Content တွေ ရှာဖွေဖို့နဲ့ Creators တွေ များပြားလာဖို့ ဒီဇိုင်းထုတ်ထားတယ်လို့ ပြောပါတယ်။ Facebook App မှာ ဗီဒီယို ကြည့်တဲ့ Users တွေ များပြားလာတဲ့အတွက် Facebook Users တွေအကြားမှာ Reels ဟာ လျှင်မြန်စွာ ရေပန်းစားလာနိုင်ပါတယ်။

Facebook က လက်ရှိမှာ Reels ကို အမေရိကန်၊ ကနေဒါ၊ အိန္ဒိယနဲ့ မက္ကဆီကို နိုင်ငံတွေမှာ စတင် စမ်းသပ်နေပြီ ဖြစ်ပြီး နောက်ပိုင်း တခြား နိုင်ငံတွေမှာ တိုးချဲ့ အသုံးပြုခွင့်ပေးနိုင်ပါတယ်။ Facebook ဟာ TikTok Users တွေကို Reels နဲ့ စွဲဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

Ref : fonearena