Facebook ဟာ လွန်ခဲ့တဲ့ လအတော်ကြာကတည်းက Audio ပိုင်းအတွက် အင်တိုက်အားတိုက်လုပ်ဆောင်နေခဲ့တာကို တွေ့မြင်ရပါတယ်။ အခုအချိန်မှာတော့ ဒီ Feature သစ်တွေကို အသုံးပြုသူတွေဆီပို့ဆောင်လာပြီ ဖြစ်ပါတယ်။

အမေရိကန်က အသုံးပြုသူတွေအနေနဲ့ Facebook mobile app မှာ Audio hub ကို Access လုပ်နိုင်ပြီဖြစ်သလို Podcasts, live audio rooms နဲ့ Short clips တွေကို ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Facebook က ဒီ Hub ဖြန့်ဝေမှုကို တိတ်တဆိတ်လုပ်ဆောင်နေတာဖြစ်ပြီး Android နဲ့ iOS တွေမှာ တွေ့မြင်နေရပါပြီ။ အမေရိကန်က အသက်၁၈ နှစ်နဲ့အထက် အသုံးပြုသူတွေအားလုံးဆီမှာ Watch tab ကို လွန်ခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်စကတည်းက အသုံးပြုနေနိုင်တာ ဖြစ်ပါတယ်။

Facebook ဟာ Live audio rooms ကို ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက စတင်ခဲ့ဖြန့်ချိတာပါ။ Verified လုပ်ပြီးသား Public figures တွေနဲ့ Creators တွေအားလုံးဟာ အခုအချိန်မှာ Live audio rooms ကို Host လုပ်နိုင်ပြီလို့ သိရပါတယ်။ Facebook groups တွေအားလုံးကလည်း Audio discussions တွေ Run နိုင်ပြီလို့ ဆိုပါတယ်။ ကုမ္ပဏီဟာ Android မှာ Audio rooms တွေ ဖန်တီးနိုင်ဖို့ စမ်းသပ်နေပြီး (အခုထိတော့ iOS-only feature သာဖြစ်နေပါသေးတယ်) Desktop မှာလည်း Conversations တွေကို နားထောင်လို့ ရမှာ ဖြစ်ပါတယ်။

Short-form Soundbites audio clip feature ကတော့ အခုအချိန်အထိ Beta အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ Facebook က လာမဲ့ရက်သတ္တပတ်လေးငါးပတ် အလွန်မှာ US အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်နိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဒါတင်မကသေးပါဘူး။ ကုမ္ပဏီဟာ စံနှုန်းတိုင်းတာမှုပေါ်မှာလည်း လုပ်ဆောင်နေပြီး ဒါဟာထိခိုက်မှုတွေဖြစ်ပေါ်စေမဲ့ Content တွေကို အမှတ်အသားပြုလုပ်နိုင်မဲ့ နည်းပညာမျိုးဖြစ်ပါတယ်။ Community Standards ကို ချိုးဖောက်တဲ့ Audio content တွေကို ထောက်လှမ်းပြီး၊ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

Ref: Engadget