[Zawgyi]





Ref : tnw

[Unicode]

Facebook ကနေ အသုံးပြုသူ ၄၁၉ သန်းရဲ့ ဖုန်းနံပါတ်တွေ ပေါက်ကြား

Facebook ကနေ လတိုင်းလိုလို User Data တွေ ပေါက်ကြားနေတယ်လို့တောင် ပြောရတော့မယ်ထင်ပါတယ်။ ဆိုက်ဘာ လုံခြုံရေး ပညာရှင် Sanyam Jain ဟာ Facebook User ၄၁၉ သန်းရဲ့ အကောင့်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းနံပါတ်တွေပါတဲ့ Online Database ၁ ခုကို ရှာဖွေနိုင်ခဲ့တယ်လို့ TechCrunch က ပြောပါတယ်။

အကောင့်မှာ ဖုန်းနံပါတ်တွေ ထည့်ထားတာ ကောင်းတဲ့ အိုင်ဒီယာ မဟုတ်ပါဘူး။ အချို့ပေါက်ကြားမှုတွေမှာ User ရဲ့ နာမည်၊ လိင်နဲ့ နိုင်ငံတွေပါ ပေါ်ကုန်တာပါ။ အခု ပေါက်ကြားမှု ဖြစ်နေတဲ့ ဆာဗာကို Password နဲ့တောင် မကာကွယ်ထားပါဘူး။ TechCrunch က တချို့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကြည့်တဲ့အခါမှာလည်း မှန်ကန်နေတယ်လို့ ပြောပြီး Database ရဲ့ Web Host ကို အကြောင်းကြားလိုက်တဲ့ အခါမှာတော့ အဲဒီ သတင်းအချက်အလက်တွေကို ပိတ်လိုက်ပါပြီ။

Facebook က “ အဲဒီ Database ဟာ အဟောင်းတွေ ဖြစ်ပါတယ်။ ဖုန်း နံပါတ်တွေကို သုံးပြီး လူတွေကို ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက်ကို ကုမ္ပဏီက ပြီးခဲ့တဲ့ နှစ်မှာ မဖယ်ရှားခင်ကတည်းက ရယူထားပုံပေါ်ပါတယ်။ “ လို့ TechCrunch ကို ပြောပါတယ်။ Facebook က အဲဒီ Database ကို အဲဒီအချိန်ကတည်းက ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး Facebook အကောင့်တွေ Hack ခံရတဲ့ အထောက်အထား မရှိပါဘူးလို့ ပြောပါတယ်။

Facebook ကနေ ဆိုးဆိုးရွားရွား Data ပေါက်ကြားမှုတွေ ခဏခဏ ဖြစ်နေပါတယ်။ မေလမှာ Instagram User ၄၉ သန်းရဲ့ Data တွေ ပေါက်ကြားခဲ့ပါတယ်။ အဲဒီ Data တွေကို ပိတ်လိုက်ပြီ ဖြစ်ပေမယ့် နောက်ပိုင်းမှာ User တွေအတွက် ထိခိုက်စရာတွေ ဖြစ်လာနိုင်ပါတယ်။ အခု ကိစ္စမှာ Facebook က Data အဟောင်းတွေလို့ ပြောပေမယ့် လူတွေဟာ ဖုန်း နံပါတ်တွေကို ပြောင်းလေ့ သိပ်မရှိတဲ့ အတွက် ပြဿနာ ရှိနိုင်ပါတယ်။ အဲဒီ Data တွေကို သိမ်းထားတဲ့ လူတွေလည်း ရှိနေနိုင်ပါတယ်။

Ref : tnw