ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Facebook ဟာ သူ့ရဲ့ပလက်ဖောင်းပေါ်မှာ Podcasts လုပ်ဆောင်ချက်ကို အသုံးပြုခွင့်ပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ iOS user တွေအနေနဲ့ Clubhouse နေရာမှာ အစားထိုးသုံးစွဲဖို့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။


Live Audio Rooms လို့ ခေါ်တွင်တဲ့ ဒီဝန်ဆောင်မှုအသစ်ဟာ Podcasts နဲ့ အတူထွက်ပေါ်လာတာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ U.S မှာပဲအသုံးပြုလို့ရဦးမှာပါ။ Public figure တွေနဲ့ Group အချို့ကို ရွေးချယ်သတ်မှတ်ပြီး ခွင့်ပြုပေးထားတာလည်း ဖြစ်ပါတယ်။ ဒီ Feature နှစ်ခုစလုံးက Facebook ပလက်ဖောင်းရဲ့ အစိတ်အပိုင်းတွေပဲဖြစ်ကြပါတယ်။

အကယ်၍ အဆိုပါ Facebook Group ဟာ Public group ဖြစ်မယ်ဆိုရင်တော့ Facebook အသုံးပြုသူတိုင်းက ဝင်ရောက်နားဆင်လို့ရမှာပါ။ ဒါပေမဲ့ Private group တွေမှာတော့ ထုံးစံအတိုင်း အဖွဲ့ဝင်တွေပဲ နားထောင်နိုင်မှာ ဖြစ်ပါတယ်။ Speaker ကိုတော့ အယောက် ၅၀ အထိ ခွင့်ပြုထောက်ပံ့ပေးထားပေမယ့် နားဆင်သူအရေအတွက်ကိုတော့ ကန့်သတ်ထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။


Live Audio Room ကို ဘယ်သူတွေက ဖန်တီးနိုင်မယ်၊ ဘယ်သူတွေက ဟောပြောသူ (speaker) နဲ့ Join နိုင်မယ်ဆိုတာကို Group moderator တွေနဲ့ Admin တွေက ရွေးချယ်နိုင်၊ သတ်မှတ်ထားနိုင်ပါတယ်။ Podcasts feature ကတော့ တော်တော်လေးကို ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။

Facebook Podcasts page တစ်ခုအဖြစ် ရည်ညွှန်းဖော်ပြထားပြီး၊ ဒါကို News Feed မှာလည်း အလွယ်တကူရှာဖွေကြည့်ရှုနိုင်ပါတယ်။ အခုအချိန်အထိတော့ US က အသုံးပြုသူအချို့ပဲ ကန့်သတ်သုံးစွဲခွင့်ရသေးတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Rollout လုပ်လာမဲ့ရက်ကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena