Facebook ဟာ Zoom ရဲ့ လုပ်ဆောင်ချက် ၁ ခုကို Messenger မှာ ထည့်သွင်းပေးလိုက်ပါတယ်။ Screen Sharing လုပ်ဆောင်ချက် ဖြစ်ပြီး Android နဲ့ iOS တို့ရဲ့ Facebook Messenger မှာ စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က ၁ ယောက်ချင်းနဲ့ အုပ်စုလိုက် Video Call တွေမှာ သင့်ရဲ့ Screen ကို သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ မျှဝေနိုင်ပါတယ်။

လူ ၈ ယောက်အထိ ပါတဲ့ Group Video Call တွေမှာ Screen Sharing ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Rooms မှာတော့ ဒီလုပ်ဆောင်ချက်ကို လူ ၁၆ ယောက်အထိပါတဲ့ Video Call တွေမှာ အသုံးပြုလို့ရပါသေးတယ်။ Screen Sharing က သင့် စမတ်ဖုန်းမှာ သင် လုပ်နေတဲ့အရာတွေကို တခြား လူတွေကို Live View ပြသလို့ရတာ ဖြစ်ပါတယ်။ Facebook က လူချင်းခွဲနေရပေမယ့် မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရာမှာ ပိုအဆင်ပြေစေဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

Messenger Rooms ရဲ့ Web နဲ့ Desktop ၂ ခုမှာလည်း ဒီလုပ်ဆောင်ချက်ကို လူ ၁၆ နဲ့ အသုံးပြုနိုင်ပါတယ်။ Facebook က Rooms မှာ Screen Sharing အတွက် Controls တွေ ပိုထည့်ပေးဖို့နဲ့ ပါဝင်နိုင်တဲ့ လူအရေအတွက်ကိုလည်း ၅၀ အထိ တိုးမြှင့်ပေးဖို့ စီစဉ်ထားပါတယ်။ Room Creator တွေက Screen Sharing ကို သူ ၁ ယောက်ထဲပဲ သုံးဖို့ သို့မဟုတ် လူအားလုံး သုံးနိုင်ဖို့ သတ်မှတ်နိုင်ပါတယ်။

Ref : gsmarena