Facebook ကနေ  အသက် ၆ နှစ်နဲ့ ၁၂ နှစ်ကြား ကလေးငယ်တွေအတွက် အဓိကထုတ်လုပ်ထားတဲ့ Messenger Kids အမည်ရှိတဲ့ Application တစ်ခုနဲ့ ဒီတစ်ခါမှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Messenger Application ဟာ Facebook Account ရှိစရာမလိုအပ်ပဲ မိဘတွေနဲ့ မိသားစုတွေရဲ့ Account ကနေ တစ်ဆင့်ထိန်းချူပ်ရမှာဖြစ်ပါတယ်။

Facebook ကတော့ အဆိုပါ Application ဟာ အသက်ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေ Social Network အပေါ်မှာ စိတ်ဓါတ်ပျက်ပြားမှုမရှိစေပဲနဲ့ Social Media အပေါ်ကို စတင်အကျွမ်းတဝင်ရှိလာအောင် ဆောင်ရွက်ချင်တာဖြစ်ပြီးတော့ Messenger Kids Application မှာ ကြော်ငြာတွေပါထည့်သွင်းမှာမဟုတ်ဘူးလို့ သိရပါတယ်။

Facebook ကနေ အခု Application ကို လောလောဆယ်မှာ US မှာ ရှိတဲ့ iDevices သုံးစွဲနေတဲ့သူတွေအတွက် Preview အနေနဲ့ စတင်ထုတ်ပေးသွားမှာဖြစ်ပြီးတော့ Facebook ရဲ့ ပေါ်လစီအရ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေက Facebook Application ကို Sign In ဝင်ရောက်ခွင့်မရရှိတဲ့အတွက် အခုလိုထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်လည်း အခြားသောနိုင်ငံတွေနဲ့ Google Play Store ၊ Amazon App Store တွေမှာပါ Download ရယူနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Messenger Kids App ဟာ ဆိုရင် ကလေးငယ်တွေအဓိက ရည်ရွယ်တဲ့အတွက် ပုံမှန်သုံးနေကြ Messenger Application နဲ့ တူညီမှာမဟုတ်ပဲ ကလေးငယ်တွေကြိုက်နှစ်သက်တဲ့ Application Design ပုံစံ နဲ့ Video Chat တွေကို ဦးစားပေးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် GIF တွေနဲ့ Sticker တွေကိုလည်း ကလေးငယ်တွေအတွက် သင့်တော်တဲ့အရာတွေကိုပဲ စစ်ထုတ်ပေးထားတယ်လို့ သိရပါတယ်။

အခု Messenger Kids App က ကိုယ့်အိမ်က ကလေးကို Facebook ပေးသုံးပြီး မကောင်းတဲ့အကျင့်တွေကူးလာမှာကို တားဆီးပေးနိုင်တဲ့အတွက် စမ်းသပ်ကြည့်သင့်တယ်နော်။