[Zawgyi]

Facebook ဟာ Messenger အတြက္ Dark Mode ကို လူတိုင္းသုံးႏိုင္ေအာင္လို႔ ထုတ္ေပးလိုက္ၿပီလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ မတ္လဆန္းတုန္းက Messenger အတြက္ Dark Mode ကို ထုတ္ေပးတယ္ဆိုေပမယ့္ လူတိုင္း သုံးလို႔မရခဲ့ပါဘူး။ Version-204.0.0.14.119 မွာ Activation လုပ္လို႔ရမွ သုံးႏိုင္ခဲ့တာပါ။

ၿပီးခဲ့တဲ့ လကတည္းက Messenger မွာ မိတ္ေဆြတစ္ေယာက္ေယာက္ဆီကို လျခမ္းပုံစံ Emoji ေပးပို႔ျခင္းနဲ႔ Dark Mode ကို ေျပာင္းလဲအသုံးျပဳရခဲ့ၾကတဲ့သူေတြ ရွိသလို အခ်ိဳ႕ကလည္း ေျပာင္းလို႔မရဘူးလို႔ ဆိုၾကပါတယ္။ အခုတစ္ႀကိမ္ေတာ့ လျခမ္းပုံေပးပို႔ၿပီး Activation လုပ္စရာမလိုေတာ့ဘဲ Facebook က Messenger အသုံးျပဳသူတိုင္း ရရွိသြားၿပီ ျဖစ္ပါတယ္။

အခုလက္ရွိ Messenger ရဲ႕ ေနာက္ဆုံးဗားရွင္းက 210.0.0.24.97 နဲ႔အထက္ျဖစ္ေနပါလိမ့္မယ္။ ဒါဆိုရင္ေတာ့ ေသခ်ာေပါက္ Dark Mode သုံးလို႔ရေနပါၿပီ။ အခုအခ်ိန္မွာေတာ့ Setting ထဲကို ဝင္လိုက္မယ္ဆိုတာနဲ႔ ကိုယ့္နာမည္ရဲ႕ေအာက္မွာ လျခမ္းပုံေလးနဲ႔အတူ Dark Mode ကို အဖြင့္အပိတ္လုပ္ႏိုင္တဲ့ Button ေလးကိုပါ အဆင္သင့္ေတြ႕ျမင္ရေတာ့မွာပါ။

Facebook ရဲ႕ ေျပာဆိုခ်က္အရ Messenger Dark Mode သစ္ဟာ အလင္းေရာင္နည္းပါးတဲ့အခ်ိန္အသုံးျပဳရင္ မ်က္ႏွာျပင္ေတာက္ပမႈကို ေလွ်ာ့ခ်ေပးတာေၾကာင့္ အျမင္အာ႐ုံအတြက္ အေထာက္အကူျဖစ္ေၾကာင္း သိရပါတယ္။ အလင္းေတာက္ပမႈကို ေလွ်ာ့ခ်ေပမယ့္ အေရာင္အေသြးစိုေျပမႈကိုေတာ့ မေလ်ာ့က်ေစဘူးလို႔လည္း သိရပါတယ္။

Ref: Phone Arena

[Unicode]

Messenger Dark Mode ကို လူတိုင်းသုံးလို့ရအောင် ထုတ်ပေးလိုက်ပြီ

Facebook ဟာ Messenger အတွက် Dark Mode ကို လူတိုင်းသုံးနိုင်အောင်လို့ ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက Messenger အတွက် Dark Mode ကို ထုတ်ပေးတယ်ဆိုပေမယ့် လူတိုင်း သုံးလို့မရခဲ့ပါဘူး။ Version-204.0.0.14.119 မှာ Activation လုပ်လို့ရမှ သုံးနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ လကတည်းက Messenger မှာ မိတ်ဆွေတစ်ယောက်ယောက်ဆီကို လခြမ်းပုံစံ Emoji ပေးပို့ခြင်းနဲ့ Dark Mode ကို ပြောင်းလဲအသုံးပြုရခဲ့ကြတဲ့သူတွေ ရှိသလို အချို့ကလည်း ပြောင်းလို့မရဘူးလို့ ဆိုကြပါတယ်။ အခုတစ်ကြိမ်တော့ လခြမ်းပုံပေးပို့ပြီး Activation လုပ်စရာမလိုတော့ဘဲ Facebook က Messenger အသုံးပြုသူတိုင်း ရရှိသွားပြီ ဖြစ်ပါတယ်။

အခုလက်ရှိ Messenger ရဲ့ နောက်ဆုံးဗားရှင်းက 210.0.0.24.97 နဲ့အထက်ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင်တော့ သေချာပေါက် Dark Mode သုံးလို့ရနေပါပြီ။ အခုအချိန်မှာတော့ Setting ထဲကို ဝင်လိုက်မယ်ဆိုတာနဲ့ ကိုယ့်နာမည်ရဲ့အောက်မှာ လခြမ်းပုံလေးနဲ့အတူ Dark Mode ကို အဖွင့်အပိတ်လုပ်နိုင်တဲ့ Button လေးကိုပါ အဆင်သင့်တွေ့မြင်ရတော့မှာပါ။

Facebook ရဲ့ ပြောဆိုချက်အရ Messenger Dark Mode သစ်ဟာ အလင်းရောင်နည်းပါးတဲ့အချိန်အသုံးပြုရင် မျက်နှာပြင်တောက်ပမှုကို လျှော့ချပေးတာကြောင့် အမြင်အာရုံအတွက် အထောက်အကူဖြစ်ကြောင်း သိရပါတယ်။ အလင်းတောက်ပမှုကို လျှော့ချပေမယ့် အရောင်အသွေးစိုပြေမှုကိုတော့ မလျော့ကျစေဘူးလို့လည်း သိရပါတယ်။

Ref: Phone Arena