[Zawgyi]

Facebook ဟာ Messenger မွာ Quote replies ဆိုတဲ့ Feature သစ္တစ္ခုကို အသုံးျပဳခြင့္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ Quote replies ဟာ Group Chat ေတြမွာေတာ့ အေတာ္ေလးကို အဆင္ေျပတဲ့ Feature လို႔ေျပာရပါမယ္။ ဒီ Feature ဟာ WhatApps မွာေတာ့ သုံးလို႔ရေနတာ ၾကာပါၿပီ။ Messenger မွာေတာ့ အခုမွ သုံးလို႔ရမွာ ျဖစ္ပါတယ္။

ဟိုအရင္တုန္းကေတာ့ Group Chat မွာ စကားေျပာၾကရင္ Message ေတြက မ်ားျပားၿပီး ရႈပ္ေထြးေနတဲ့အတြက္ ကိုယ္ Reply ျပန္လုပ္ခ်င္တဲ့သူရဲ႕ Message ဟာ အေတာ္ေဝးေဝးမွာေရာက္ေနၿပီး Mention ေခၚရတာမ်ိဳးနဲ႔ ျပန္ေျပာရတတ္ပါတယ္။ Quote replies ဟာ Group Chat ေတြမွာ အားလုံးစုၿပီးေျပာထားတဲ့ Message ေတြၾကားထဲမွာမွ တစ္ေယာက္ေယာက္ရဲ႕ Message ကို ေ႐ြးခ်ယ္ၿပီး သတ္သတ္မွတ္မွတ္ Reply ျပန္လို႔ရသြားတာပါ။

Messenger မွာ Quote replies ျပဳလုပ္ပုံကေတာ့ လြယ္လြယ္ေလးပါပဲ။ မိမိ အဓိကျပန္ေျပာခ်င္တဲ့ Message ကို ခပ္ၾကာၾကာဖိထားလိုက္ရမွာ ျဖစ္ပါတယ္။ ဒီလိုခပ္ၾကာၾကာဖိထားလိုက္ရင္ ေပၚလာတဲ့ Reactions ေတြအဆုံးမွာ Reply ဆိုတဲ့ Button ကိုလည္း ေတြ႕ရမွာပါ။ အဲဒီ Reply ကို ႏွိပ္ၿပီး စာျပန္႐ိုက္လိုက္ရင္ ကိုယ္ေျပာခ်င္တဲ့စကားနဲ႔၊ မူလစာသားေတြနဲ႔ တြဲလ်က္ ေတြ႕ရမွာပါ။

Messenger ရဲ႕ Quote Replies Feature ကို iOS နဲ႔ Android App ေတြမွာသာမက Desktop မွာလည္း အသုံးျပဳလို႔ရေနၿပီျဖစ္ပါတယ္။ အကယ္၍ စာဖတ္သူရဲ႕ Messenger မွာ Quote Replies လုပ္လို႔မရေသးဘူးဆိုရင္ Update ျပဳလုပ္ဖို႔ လိုအပ္ေနတာေၾကာင့္ ျဖစ္ပါလိမ့္မယ္။

Ref: GSMArena

[Unicode]

Quoted Replies ပြုလုပ်လို့ရသွားပြီဖြစ်တဲ့ Messenger

Facebook ဟာ Messenger မှာ Quote replies ဆိုတဲ့ Feature သစ်တစ်ခုကို အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Quote replies ဟာ Group Chat တွေမှာတော့ အတော်လေးကို အဆင်ပြေတဲ့ Feature လို့ပြောရပါမယ်။ ဒီ Feature ဟာ WhatApps မှာတော့ သုံးလို့ရနေတာ ကြာပါပြီ။ Messenger မှာတော့ အခုမှ သုံးလို့ရမှာ ဖြစ်ပါတယ်။

ဟိုအရင်တုန်းကတော့ Group Chat မှာ စကားပြောကြရင် Message တွေက များပြားပြီး ရှုပ်ထွေးနေတဲ့အတွက် ကိုယ် Reply ပြန်လုပ်ချင်တဲ့သူရဲ့ Message ဟာ အတော်ဝေးဝေးမှာရောက်နေပြီး Mention ခေါ်ရတာမျိုးနဲ့ ပြန်ပြောရတတ်ပါတယ်။ Quote replies ဟာ Group Chat တွေမှာ အားလုံးစုပြီးပြောထားတဲ့ Message တွေကြားထဲမှာမှ တစ်ယောက်ယောက်ရဲ့ Message ကို ရွေးချယ်ပြီး သတ်သတ်မှတ်မှတ် Reply ပြန်လို့ရသွားတာပါ။

Messenger မှာ Quote replies ပြုလုပ်ပုံကတော့ လွယ်လွယ်လေးပါပဲ။ မိမိ အဓိကပြန်ပြောချင်တဲ့ Message ကို ခပ်ကြာကြာဖိထားလိုက်ရမှာ ဖြစ်ပါတယ်။ ဒီလိုခပ်ကြာကြာဖိထားလိုက်ရင် ပေါ်လာတဲ့ Reactions တွေအဆုံးမှာ Reply ဆိုတဲ့ Button ကိုလည်း တွေ့ရမှာပါ။ အဲဒီ Reply ကို နှိပ်ပြီး စာပြန်ရိုက်လိုက်ရင် ကိုယ်ပြောချင်တဲ့စကားနဲ့၊ မူလစာသားတွေနဲ့ တွဲလျက် တွေ့ရမှာပါ။

Messenger ရဲ့ Quote Replies Feature ကို iOS နဲ့ Android App တွေမှာသာမက Desktop မှာလည်း အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။ အကယ်၍ စာဖတ်သူရဲ့ Messenger မှာ Quote Replies လုပ်လို့မရသေးဘူးဆိုရင် Update ပြုလုပ်ဖို့ လိုအပ်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။

Ref: GSMArena