[Zawgyi]

Facebook Messenger မွာ Unsend Feature ရဖို႔ကို ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလကုန္ပိုင္းေလာက္ကတည္းက ေစာင့္ေမွ်ာ္ေနခဲ့ရတာပါ။ အဲဒီတုန္းကေတာ့ Facebook က ပို႔ထားတဲ့စာသားေတြ၊ ပုံေတြကို ႏွစ္ဘက္စလုံးမွာ ျပန္ၿပီးဖယ္ရွားႏိုင္မယ့္ ဒီ Feature ကို စမ္းသပ္ေနတုန္းျဖစ္ပါတယ္။

လူဆိုတာကလည္း အမွားမကင္းႏိုင္တတ္ၾကတာေၾကာင့္ မၾကာခဏဆိုသလို Message ကြၽံ ဖ်က္မရ ကိစၥမ်ိဳးက ႀကဳံတတ္ၾကပါတယ္။ ဒါေၾကာင့္မို႔ Unsend Feature သာရသြားလို႔ကေတာ့ ၾကမ္းပဲကြၽံကြၽံ၊ Message ပဲ ကြၽံကြၽံ ျပန္ႏုတ္လို႔ရမွာမို႔ ေမွ်ာ္လင့္ေနၾကတာပါ။

Poland, Bolivia, Colombia နဲ႔ Lithuania စတဲ့ႏိုင္ငံေတြမွာပဲ သီးသန႔္စမ္းသပ္ေနခဲ့တဲ့ ဒီ Feature ကို ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္ကစၿပီး ကမာၻအႏွံ႔က Messenger အသုံးျပဳသူေတြဆီ ျဖန႔္ေဝေပးေတာ့မယ္လို႔ Facebook က The Verge နဲ႔ ေတြ႕ဆုံေမးျမန္းခန္းတစ္ခုမွာ ေျပာသြားပါတယ္။ အခုေတာ့ ျမန္မာႏိုင္ငံမွာေတာ့ Unsend Feature ကို သုံးလို႔ရေနၿပီျဖစ္တဲ့အတြက္ စမ္းသပ္သုံးစြဲၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

Unsend ျပဳလုပ္ဖို႔ ကန႔္သတ္ခ်ိန္ရွိပါတယ္။ ပို႔ၿပီး အခ်ိန္ ၁၀ မိနစ္ေက်ာ္သြားရင္ေတာ့ လုပ္လို႔မရေတာ့ပါဘူး။ Unsend ျပဳလုပ္နည္းကေတာ့ ႐ိုးရွင္းပါတယ္။ ပို႔ထားတဲ့ Message ကို ခပ္ၾကာၾကာေလး ဖိထားလိုက္ရင္ ေအာက္ေျခမွာ Copy, Remove, Forward ဆိုၿပီး သုံးခုေပၚလာပါလိမ့္မယ္။ Remove ကို ေ႐ြးလိုက္မယ္ဆိုရင္ Remove for Everyone နဲ႔ Remove for You ဆိုၿပီး ေပၚလာတဲ့ႏွစ္ခုထဲက Remove for Everyone ကို ေ႐ြးလိုက္မယ္ဆိုရင္ရပါၿပီ။

အကယ္၍ စာဖတ္သူရဲ႕ Messenger မွာ Unsend လုပ္လို႔မရေသးဘူးဆိုရင္ေတာ့ Update လုပ္ၾကည့္ဖို႔ လိုပါလိမ့္မယ္။

Ref: The Verge

[Unicode]

Messenger မှာ Unsend Feature ကို သုံးလို့ရပြီ

Facebook Messenger မှာ Unsend Feature ရဖို့ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းလောက်ကတည်းက စောင့်မျှော်နေခဲ့ရတာပါ။ အဲဒီတုန်းကတော့ Facebook က ပို့ထားတဲ့စာသားတွေ၊ ပုံတွေကို နှစ်ဘက်စလုံးမှာ ပြန်ပြီးဖယ်ရှားနိုင်မယ့် ဒီ Feature ကို စမ်းသပ်နေတုန်းဖြစ်ပါတယ်။

လူဆိုတာကလည်း အမှားမကင်းနိုင်တတ်ကြတာကြောင့် မကြာခဏဆိုသလို Message ကျွံ ဖျက်မရ ကိစ္စမျိုးက ကြုံတတ်ကြပါတယ်။ ဒါကြောင့်မို့ Unsend Feature သာရသွားလို့ကတော့ ကြမ်းပဲကျွံကျွံ၊ Message ပဲ ကျွံကျွံ ပြန်နုတ်လို့ရမှာမို့ မျှော်လင့်နေကြတာပါ။

Poland, Bolivia, Colombia နဲ့ Lithuania စတဲ့နိုင်ငံတွေမှာပဲ သီးသန့်စမ်းသပ်နေခဲ့တဲ့ ဒီ Feature ကို ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး ကမ္ဘာအနှံ့က Messenger အသုံးပြုသူတွေဆီ ဖြန့်ဝေပေးတော့မယ်လို့ Facebook က The Verge နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောသွားပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာတော့ Unsend Feature ကို သုံးလို့ရနေပြီဖြစ်တဲ့အတွက် စမ်းသပ်သုံးစွဲကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Unsend ပြုလုပ်ဖို့ ကန့်သတ်ချိန်ရှိပါတယ်။ ပို့ပြီး အချိန် ၁၀ မိနစ်ကျော်သွားရင်တော့ လုပ်လို့မရတော့ပါဘူး။ Unsend ပြုလုပ်နည်းကတော့ ရိုးရှင်းပါတယ်။ ပို့ထားတဲ့ Message ကို ခပ်ကြာကြာလေး ဖိထားလိုက်ရင် အောက်ခြေမှာ Copy, Remove, Forward ဆိုပြီး သုံးခုပေါ်လာပါလိမ့်မယ်။ Remove ကို ရွေးလိုက်မယ်ဆိုရင် Remove for Everyone နဲ့ Remove for You ဆိုပြီး ပေါ်လာတဲ့နှစ်ခုထဲက Remove for Everyone ကို ရွေးလိုက်မယ်ဆိုရင်ရပါပြီ။

အကယ်၍ စာဖတ်သူရဲ့ Messenger မှာ Unsend လုပ်လို့မရသေးဘူးဆိုရင်တော့ Update လုပ်ကြည့်ဖို့ လိုပါလိမ့်မယ်။

Ref: The Verge