Facebook ဟာ သုံးစြဲသူေတြ ေမွ်ာ္လင့္ေစာင့္စားေနတဲ့ ‘Unsend’ Feature ကုိ Messenger App မွာ စတင္မိတ္ဆက္လိုက္ျပီး မေတာ္တဆပို႔မိတဲ့ မက္ေဆ့ေတြကို ျပန္ဖ်က္ႏုိင္ေတာ့မွာပါ။ အဆုိပါ Feature ဟာ မၾကာခင္ထြက္လာမယ့္ App Update ရဲ႕ အစိတ္အပုိင္းတစ္ခုအျဖစ္ ပါဝင္လာမွာျဖစ္ျပီး ကိုယ္ပို႔လုိက္မိတဲ့ မက္ေဆ့ေတြကို ေပးပုိ႔ျပီး ဆယ္မိနစ္အတြင္း ျပန္ဖ်က္ႏုိင္ခြင့္ရွိလာမွာ ျဖစ္ပါတယ္။

“မၾကာခင္ ေပးပို႔ျပီးသား မက္ေဆ့ကို Chat Thread မွျပန္လည္ဖ်က္သိမ္းႏုိင္မည္” လို႔ Facebook Messenger ကိုယ္တုိင္က သူ႕ရဲ႕ iOS App Version 191.0 အတြက္ ထုတ္ျပန္ခ်က္ထဲမွာ ထည့္သြင္းခဲ့တယ္။ “အကယ္လို႔ မွားယြင္းျပီး ပုံပို႔မိတာ၊ သတင္းမွားေတြပို႔မိတာ၊ လူမွားျပီး ပို႔မိတာေတြ ျဖစ္လာရင္ ပို႔ျပီး ဆယ္မိနစ္ အတြင္း ျပန္ဖ်က္ျခင္းျဖင့္ လြယ္ကူစြာ ျပင္ဆင္ႏုိင္ေတာ့မည္” လို႔ သူတုိ႔က ဆုိပါတယ္။

Facebook မွပုိင္ဆုိင္တဲ့ ဆုိရွယ္အက္ပလီေကးရွင္းေတြျဖစ္တဲ့ Instagram နဲ႔ Whatsapp ႏွစ္ခုလုံးမွာ ေပးပို႔ျပီး မက္ေဆ့ကို ျပန္ဖ်က္ႏုိင္တဲ့ ေရြးခ်ယ္မႈ ရွိေနျပီးသားပါ။ Messenger ကေတာ့ သူတုိ႔လို မဟုတ္ဘဲ မက္ေဆ့ကို Delete လုပ္လုိက္တဲ့ သူရဲ႕ဘက္တစ္ခုတည္းကိုပဲ ဖ်က္ေပးတဲ့အေလ့ကို က်င့္သုံးေနဆဲ ျဖစ္ပါတယ္။

ယခုႏွစ္အေစာပိုင္းမွာ Facebook ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ မက္ဇူကာဘတ္မွာ သူေပးပို႔ခဲ့တဲ့ မက္ေဆ့ေတြကို တိတ္တဆိတ္ ေဖ်ာက္ဖ်က္ပစ္ႏုိင္တဲ့ အခြင့္အေရး ရွိတာကို ထုတ္ေဖာ္ႏုိင္ခဲ့ၾကတယ္။ အဆုိပါ Feature ဟာ ၂၀၁၄ ခုႏွစ္မွာ ဆုိနီကုမၸဏီကို ဟက္ကာေတြ ခ်ဳိးေဖာက္ခဲ့ျပီး ေနာက္ပိုင္း ကုမၸဏီရဲ႕ အၾကီးပိုင္း အရာရွိေတြအတြက္ ထည့္သြင္းေပးထားတာလို႔ ဆုိပါတယ္။

Ref – Independent

Unicode

Facebook ဟာ သုံးစွဲသူတွေ မျှော်လင့်စောင့်စားနေတဲ့ ‘Unsend’ Feature ကို Messenger App မှာ စတင်မိတ်ဆက်လိုက်ပြီး မတော်တဆပို့မိတဲ့ မက်ဆေ့တွေကို ပြန်ဖျက်နိုင်တော့မှာပါ။ အဆိုပါ Feature ဟာ မကြာခင်ထွက်လာမယ့် App Update ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာမှာဖြစ်ပြီး ကိုယ်ပို့လိုက်မိတဲ့ မက်ဆေ့တွေကို ပေးပို့ပြီး ဆယ်မိနစ်အတွင်း ပြန်ဖျက်နိုင်ခွင့်ရှိလာမှာ ဖြစ်ပါတယ်။

“မကြာခင် ပေးပို့ပြီးသား မက်ဆေ့ကို Chat Thread မှပြန်လည်ဖျက်သိမ်းနိုင်မည်” လို့ Facebook Messenger ကိုယ်တိုင်က သူ့ရဲ့ iOS App Version 191.0 အတွက် ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းခဲ့တယ်။ “အကယ်လို့ မှားယွင်းပြီး ပုံပို့မိတာ၊ သတင်းမှားတွေပို့မိတာ၊ လူမှားပြီး ပို့မိတာတွေ ဖြစ်လာရင် ပို့ပြီး ဆယ်မိနစ် အတွင်း ပြန်ဖျက်ခြင်းဖြင့် လွယ်ကူစွာ ပြင်ဆင်နိုင်တော့မည်” လို့ သူတို့က ဆိုပါတယ်။

Facebook မှပိုင်ဆိုင်တဲ့ ဆိုရှယ်အက်ပလီကေးရှင်းတွေဖြစ်တဲ့ Instagram နဲ့ Whatsapp နှစ်ခုလုံးမှာ ပေးပို့ပြီး မက်ဆေ့ကို ပြန်ဖျက်နိုင်တဲ့ ရွေးချယ်မှု ရှိနေပြီးသားပါ။ Messenger ကတော့ သူတို့လို မဟုတ်ဘဲ မက်ဆေ့ကို Delete လုပ်လိုက်တဲ့ သူရဲ့ဘက်တစ်ခုတည်းကိုပဲ ဖျက်ပေးတဲ့အလေ့ကို ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းမှာ Facebook ရဲ့ အမှုဆောင်အရာရှိချုပ် မက်ဇူကာဘတ်မှာ သူပေးပို့ခဲ့တဲ့ မက်ဆေ့တွေကို တိတ်တဆိတ် ဖျောက်ဖျက်ပစ်နိုင်တဲ့ အခွင့်အရေး ရှိတာကို ထုတ်ဖော်နိုင်ခဲ့ကြတယ်။ အဆိုပါ Feature ဟာ ၂၀၁၄ ခုနှစ်မှာ ဆိုနီကုမ္ပဏီကို ဟက်ကာတွေ ချိုးဖောက်ခဲ့ပြီး နောက်ပိုင်း ကုမ္ပဏီရဲ့ အကြီးပိုင်း အရာရှိတွေအတွက် ထည့်သွင်းပေးထားတာလို့ ဆိုပါတယ်။

Ref – Independent