Facebook ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံး Social Media Platform တစ်ခုဖြစ်ပြီး လူတော်တော်များများကလည်း ကိုယ့်ရဲ့ ဓါတ်ပုံတွေကို အမြဲတမ်းလိုလို တင်နေကြပါတယ်။ ဒါပေမယ့် Facebook Account ထဲမှာပဲ ဓါတ်ပုံတွေကို သိမ်းထားမယ့်အစား အခုဆိုရင် Google Photos ဆီကို အလွယ်တကူရွေ့ပြောင်းနိုင်ပြီလို့သိရပါတယ်။

အခုသတင်းကိုတော့ Facebook ရဲ့ Data Transfer Project အတွက် အဓိကဆောင်ရွက်နေတဲ့ Alexandru Voica ကနေ Twitter Account ကနေတစ်ဆင့်ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ Facebook Account ကိုဖျက်ပစ်မယ်၊ Deactivate လုပ်မယ်ဆိုရင်လည်း ဓါတ်ပုံတွေပါ Facebook Account နဲ့အတူပါသွားတာမျိုးရှိမှာမဟုတ်တော့ပါဘူး။

ယခင်တုန်းကလည်း Facebook ကနေ ယခု Data Transfer Tool ကို နိုင်ငံအချို့မှာ စမ်းသပ်ခဲ့ဖူးပြီးတော့ အခုအချိန်မှာတော့ လူတိုင်းအသုံးပြုနိုင်အောင်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Facebook Account ကနေ Google Photos ကို ရွှေ့ပြောင်းတဲ့အချိန်မှာ Photos သို့မဟုတ် Videos ဆိုပြီး ရွေးချယ်ဖို့ လိုအပ်တဲ့အတွက် တကယ်လို့ ဓါတ်ပုံရော၊ Video ပါ ၂ မျိုးလုံး Backup ယူထားချင်တယ်ဆိုရင် ၂ ကြိမ်ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ယခု Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Settings ထဲမှာရှိတဲ့ Your Facebook Information ကနေ Transfer a Copy of Your Photos or Videos ကို ရွေးချယ်ပြီးတော့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုအသုံးပြုတဲ့အချိန်မှာ Facebook Password ကိုပြန်လည်ရိုက်ဖို့လိုအပ်သလို Google Photos ကိုလည်း အသုံးပြုနေဖို့လိုအပ်မှာဖြစ်ပါတယ်။

Ref – Engadget