Facebook ဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ဖုန်းကို ကိုင်ပြီးအသုံးပြုတဲ့အပေါ်မှုတည်ပြီး အသက်ဝင်နေတဲ့ 3D Photos Feature ကို ထုတ်ပေးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက်အနေနဲ့ အဆိုပါ 3D Photo Feature ဟာ Dual Camera သို့မဟုတ် Portrait Mode ရရှိတဲ့ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Facebook ကနေ Single Camera နဲ့ရိုက်ကူးထားတဲ့ဓါတ်ပုံတွေကိုပါ 3D Photo အနေနဲ့ ပြုလုပ်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ Budget ဖုန်းတွေထဲမှာတောင် Single Camera ကိုအသုံးပြုထားတဲ့ဖုန်းတွေမရှိတော့တဲ့အတွက် ဒီကြေညာချက်ဟာ သိပ်ပြီးအသုံးမဝင်သလိုတောင်ဖြစ်နေပါတယ်။

ဒါပေမယ့် Facebook ရဲ့ ဒီ Single Camera 3D Photo ရရှိတယ်ဆိုတာက ပုံမှန် Camera တစ်လုံးထဲပါဝင်လေ့ရှိတဲ့ Selfie Camera တွေအတွက်ပါ အကျုံးဝင်ပြီးတော့ အခုအချိန်ကစပြီးတော့ 3D Selfie တွေကို ရိုက်ကူးနိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။

Facebook ကတော့ အခုလိုမျိုး Single Camera နဲ့ ရိုက်ကူးထားတဲ့ဓါတ်ပုံတွေကို 3D Photo ဖြစ်စေဖို့အတွက် အရာဝတ္ထုတွေရဲ့ အတိမ်အနက်ကို 3 Dimensional နည်းလမ်းနဲ့ တိုင်းတာနိုင်တဲ့ Machine Learning Algorithm ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Facebook ကတော့ iPhone 7 နဲ့အထက် သို့မဟုတ် အခုနောက်ပိုင်းထွက်ရှိထားတဲ့ Android Mid Range ဖုန်းအများစုမှာ စတင်ပြီးအသုံးပြုနိုင်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Ref – The Verge