[Zawgyi]

Facebook နဲ႔ ပတ္သက္တဲ့ လူေျပာစရာ ကိစၥ ၁ ခု ထြက္ေပၚလာျပန္ပါတယ္။ Bloomberg က Facebook ဟာ သူ႔ရဲ႕ ၀န္ေဆာင္မႈေတြမွ သံုးစြဲသူေတြရဲ႕ အသံဖိုင္ေတြကို စာသားအျဖစ္ ေျပာင္းေပးဖို႔ ၀န္ထမ္း ရာေပါင္းမ်ားစြာကို ခုိင္းေစခဲ့တယ္လို႔ ေျပာပါတယ္။ သံုးစြဲသူေတြရဲ႕ အသံဖိုင္ေတြကို ကုမၸဏီက အသံဖမ္းယူထားသလား ဆိုတာေတာ့ မသိပါဘူး။ တျခား နည္းပညာ ကုမၸဏီေတြကလည္း အလားတူ အလုပ္ေတြ လုပ္ခဲ့ၾကဖူးပါတယ္။ ကုမၸဏီေတြ ဒီလို လုပ္တာဟာ ၀န္ေဆာင္မႈေတြ တိုးတက္ေအာင္ ျဖစ္ပါတယ္။ ဒါေပမယ့္ ျပႆနာ နည္းေအာင္ေတာ့ ကုမၸဏီေတြက မျပဳလုပ္ႏိုင္ေသးပါဘူး။

Bloomberg နဲ႔ အင္တာဗ်ဴး ၁ ခုမွာ Facebook ရဲ႕ ၀န္ထမ္းေတြက “ အသံဖိုင္ေတြကို ဘယ္မွာ သိမ္းထားသလဲ ဆိုတာနဲ႔ ဘယ္လို ရယူထားသလဲ ဆိုတာ မသိပါဘူး။ အသံဖိုင္ေတြကေန စာသားကို ေျပာင္းေပးရတာပါ။ အဲဒီ အသံဖိုင္ေတြမွာ လိင္ကိစၥေတြေတာင္ ပါပါတယ္။ “ လို႔ ေျပာပါတယ္။

Facebook က အသံဖိုင္ေတြကေန စာသား အျဖစ္ ေျပာင္းေပးတာကို ၿပီးခဲ့တဲ့တစ္ပတ္ေလာက္ကစၿပီး ရပ္နားထားတယ္လို႔ Bloomberg ကို ေျပာပါတယ္။  အဲဒီမတိုင္ခင္က Apple နဲ႔ Google တို႔ကလည္း အလားတူ ေၾကညာခဲ့ပါတယ္။ Facebook က သူ႔ရဲ႕ ၀န္ထမ္းေတြဟာ AI Transcription Tools ရဲ႕ စြမ္းေဆာင္ရည္ကို ေလ့လာဆန္းစစ္ဖို႔ ဒီလို နားေထာင္တာလို႔ ေျပာပါတယ္။

Facebook အျပင္ Amazon , Apple နဲ႔ Google တို႔ကလည္း သူတို႔ရဲ႕ Voice Assistants ေတြကို တိုးတက္ေအာင္ လုပ္ဖို႔ သံုးစြဲသူေတြရဲ႕ အသံဖိုင္ေတြကို နားေထာင္ခဲ့ၾကပါတယ္။ နားမေထာင္ေတာ့တာ ဒါမွမဟုတ္ သံုးစြဲသူရဲ႕ ခြင့္ျပဳခ်က္ကို ေတာင္းခံတာ ရက္ပိုင္းပဲ ရွိပါေသးတယ္။ အဲဒီ ကုမၸဏီေတြဟာ သံုးစြဲသူေတြရဲ႕ အသံဖိုင္ေတြကို ၀န္ထမ္းေတြက နားေထာင္မယ္ဆိုတာကို ပြင့္လင္းျမင္သာစြာ မေၾကညာခဲ့ၾကပါဘူး။

Ref : tnw

[Unicode]

Facebook က သံုးစြဲသူေတြရဲ႕ အသံဖိုင္ေတြကို နားေထာင္ဖို႔ ၀န္ထမ္းေတြ ငွားရမ္းခဲ့

Facebook နဲ့ ပတ်သက်တဲ့ လူပြောစရာ ကိစ္စ ၁ ခု ထွက်ပေါ်လာပြန်ပါတယ်။ Bloomberg က Facebook ဟာ သူ့ရဲ့ ဝန်ဆောင်မှုတွေမှ သုံးစွဲသူတွေရဲ့ အသံဖိုင်တွေကို စာသားအဖြစ် ပြောင်းပေးဖို့ ဝန်ထမ်း ရာပေါင်းများစွာကို ခိုင်းစေခဲ့တယ်လို့ ပြောပါတယ်။ သုံးစွဲသူတွေရဲ့ အသံဖိုင်တွေကို ကုမ္ပဏီက အသံဖမ်းယူထားသလား ဆိုတာတော့ မသိပါဘူး။ တခြား နည်းပညာ ကုမ္ပဏီတွေကလည်း အလားတူ အလုပ်တွေ လုပ်ခဲ့ကြဖူးပါတယ်။ ကုမ္ပဏီတွေ ဒီလို လုပ်တာဟာ ဝန်ဆောင်မှုတွေ တိုးတက်အောင် ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာ နည်းအောင်တော့ ကုမ္ပဏီတွေက မပြုလုပ်နိုင်သေးပါဘူး။

Bloomberg နဲ့ အင်တာဗျူး ၁ ခုမှာ Facebook ရဲ့ ဝန်ထမ်းတွေက “ အသံဖိုင်တွေကို ဘယ်မှာ သိမ်းထားသလဲ ဆိုတာနဲ့ ဘယ်လို ရယူထားသလဲ ဆိုတာ မသိပါဘူး။ အသံဖိုင်တွေကနေ စာသားကို ပြောင်းပေးရတာပါ။ အဲဒီ အသံဖိုင်တွေမှာ လိင်ကိစ္စတွေတောင် ပါပါတယ်။ “ လို့ ပြောပါတယ်။

Facebook က အသံဖိုင်တွေကနေ စာသား အဖြစ် ပြောင်းပေးတာကို ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီး ရပ်နားထားတယ်လို့ Bloomberg ကို ပြောပါတယ်။ အဲဒီမတိုင်ခင်က Apple နဲ့ Google တို့ကလည်း အလားတူ ကြေညာခဲ့ပါတယ်။ Facebook က သူ့ရဲ့ ဝန်ထမ်းတွေဟာ AI Transcription Tools ရဲ့ စွမ်းဆောင်ရည်ကို လေ့လာဆန်းစစ်ဖို့ ဒီလို နားထောင်တာလို့ ပြောပါတယ်။

Facebook အပြင် Amazon , Apple နဲ့ Google တို့ကလည်း သူတို့ရဲ့ Voice Assistants တွေကို တိုးတက်အောင် လုပ်ဖို့ သုံးစွဲသူတွေရဲ့ အသံဖိုင်တွေကို နားထောင်ခဲ့ကြပါတယ်။ နားမထောင်တော့တာ ဒါမှမဟုတ် သုံးစွဲသူရဲ့ ခွင့်ပြုချက်ကို တောင်းခံတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အဲဒီ ကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့ အသံဖိုင်တွေကို ဝန်ထမ်းတွေက နားထောင်မယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ မကြေညာခဲ့ကြပါဘူး။

Ref : tnw