Third-party consulting firm တစ်ခုဟာ Meta (Facebook ရဲ့ မိခင်ကုမ္ပဏီ) ရဲ့ ငွေပေးခိုင်းစေမှုအရ အမေရိကန်ပြည်သူတွေရဲ့အမြင်တွေကို ဆန့်ကျင်ဘက်ဆီပြောင်းလဲသွားစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကမ်ပိန်းတစ်ခုလုပ်ဆောင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက The Washington Post မှာ ဖော်ပြခဲ့ပါတယ်။

ရည်ရွယ်ထားတဲ့ ပန်းတိုင်ကိုရောက်ရှိဖို့အတွက် အတိုင်ပင်ခံကုမ္ပဏီက Negative trends တွေဟာ TikTok ကနေ စတင်လာတာဖြစ်ကြောင်း သတင်းတွေဖြန့်ဝေဖို့အတွက် op-ends နဲ့ Letters တွေကို အဓိကသတင်းစာ၊ မဂ္ဂဇင်းတိုက်ကြီးတွေရဲ့ အယ်ဒီတာတွေဆီပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အမှန်တကယ်အားဖြင့် အဆိုပါ Negative trends တွေဟာ Facebook ကစတင်ခဲ့တာပါပဲ။

Targeted Victory လို့ အမည်ပေးထားတဲ့ Consulting firm ဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ ထိပ်တန်းအတိုင်ပင်ခံတွေထဲက တစ်ခုဖြစ်ပြီး၊ သူတို့ဟာ ရွေးကောက်ပွဲမှာအသုံးပြုလာတဲ့ အလားတူနည်းစနစ်တွေကို နည်းပညာကမ္ဘာဆီ ယူဆောင်လာတာလည်း ဖြစ်ပါတယ်။

The Washington Post နဲ့မျှဝေထားတဲ့ Internal email တွေအရ Consulting firm ဟာ TikTok ကို အမေရိကန်မိသားစုတွေနဲ့ကလေးတွေအတွက် “အန္တရာယ်အဖြစ်” ပုံဖော်ဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။ ဒီ App ကို တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် သမ္မတ ထရမ့်လက်ထက်တုန်းက အမေရိကန်မှာ ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း အမေရိကန်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Oracle နဲ့ Walmart တို့က TikTok ရဲ့ ရှယ်ယာအချို့ကို ခွဲဝေပိုင်ဆိုင်သွားပြီးတဲ့နောက်ပိုင်း ဒီကိစ္စအပေါ် အိမ်ဖြူတော်ရဲ့ စိတ်ဝင်စားမှုကလည်း  ပျောက်ဆုံးသွားပုံရပါတယ်။

Ref: Phone Arena