Facebook ရဲ့ မိခင် ကုမ္ပဏီ Meta က ၂၀၂၂ ခုနှစ် နှစ်လယ်မှာ ပြီးစီးမယ့် AI Supercomputer အသစ်ဟာ ကမ္ဘာမှာ အမြန်ဆုံးဖြစ်လာမယ်လို့ ပြောပါတယ်။ AI Research SuperCluster (RSC) ကြောင့် ကုမ္ပဏီဟာ ထရီလီယမ် ချီတဲ့ ဥပမာတွေကနေ သင်ကြားလေ့လာနိုင်၊ ဘာသာစကား ရာဂဏန်းကို နားလည် အလုပ်လုပ်နိုင်တဲ့ AI မော်ဒယ်တွေကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မယ်လို့ Meta က ပြောပါတယ်။ ဒါ့အပြင် စာသား ၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး Content တွေဟာ အန္တရာယ်ရှိသလားဆိုတာ စစ်ဆေးပေးနိုင်မှာပါ။

Facebook parent Meta creates powerful AI supercomputer | Arab News

Meta က AI Supercomputer ဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေမှာ လူတွေကို ဘေးကင်း လုံခြုံစေရုံသာမက အနာဂတ်မှာ တည်ဆောက်မယ့် Metaverse အတွက် အကျိုးရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။ Facebook ဟာ Metaverse ကို တည်ထောင်မယ်လို့ ကြွေးကြော်ကာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကုမ္ပဏီ နာမည်ကို Meta လို့ ပြောင်းခဲ့ပါတယ်။

Nieuwe supercomputer Meta moet snelste ter wereld worden | RTL Nieuws

Metaverse စကားလုံးဟာ ပြီးခဲ့တဲ့လတွေအတွင်း ဆီလီကွန်တောင်ကြားမှာ အရမ်းကို ရေပန်းစားလာခဲ့ပါတယ်။ Metaverse ဟာ အတုအယောင် ကမ္ဘာ ဖြစ်ပြီး လူသားတွေဟာ အလုပ်လုပ်နိုင်၊ ကစားနိုင်၊ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Meta CEO Mark Zuckerberg က သူတို့ တည်ဆောက်နေတဲ့ Metaverse မှာ Computing စွမ်းအား အလွန် အင်မတန် လိုအပ်ပြီး RSC က အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က Facebook Post မှာ ရေးသားထားပါတယ်။

Meta က RSC ဟာ လက်ရှိ AI Supercomputer တွေထဲမှာ အမြန်ဆုံးလို့ထင်ကြောင်း ပြောပါတယ်။ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က ကုမ္ပဏီဟာ အဲဒီ Supercomputer ကို ဖန်တီးဖို့ Nvidia Corp, Pure Storage Inc , Penguin Computing Inc တို့နဲ့ ပူးပေါင်းထားတယ်လို့ ပြောပါတယ်။

Ref : reuters