Zawgyi




Facebook Pay ဟာ US မှာပဲရရှိသေးတယ်ဆိုပေမယ့် နောက်ပိုင်းမှာ တခြားနိုင်ငံတွေမှာပါ ရရှိမှာဖြစ်ပြီးတော့ တယောက်နဲ့တယောက်ငွေကြေးလွှဲတာနဲ့ Facebook ၊ Instagram ကနေ ဈေးဝယ်တဲ့သူတွေအတွက် ပိုပြီးလွယ်ကူမယ့်နည်းလမ်းတစ်ခုဖြစ်လာမှာပါ။

Ref – Phone Arena

Unicode

Facebook ကနေ Online Currency တစ်ခုဖြစ်တဲ့ Libra ကို ပြုလုပ်သွားမယ်လို့ ကြေညာထားခဲ့သလို အခုလည်း Mobile Payment System တစ်ခုဖြစ်တဲ့ Facebook Pay ကို United State မှာ စတင်ပြီး အသုံးပြုနိုင်အောင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Facebook Pay ဟာ အသုံးပြုသူတွေကို Facebook ၊ Messenger ၊ Instagram နဲ့ WhatsApp လို Application တွေထဲမှာ လွယ်ကူပြီး စိတ်ချရတဲ့ Payment စနစ်တစ်ခုဖြစ်လာမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

အခု Facebook Pay ဟာ Google Pay နဲ့ တခြားသော Mobile Payment တွေလိုမျိုးပဲ VISA ၊ Mastercard ဒါမှမဟုတ် PayPal နဲ့ ချိတ်ဆက်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အပေါ်က Facebook က ပိုင်ဆိုင်တဲ့ App တွေမှာပဲ Payment အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ App တွေအကုန်လုံးမှာ အသုံးပြုမလား၊ App တစ်ခုချင်းစီအလိုက် အသုံးပြုမလားဆိုတာကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာ Facebook Pay ကနေ In-game Purchase ၊ Event Ticket ၊ Person-to-Person Payment နဲ့ တချို့သော Business Page တွေကနေ ဝယ်ယူမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Facebook Pay နဲ့ ပေးချေထားတဲ့ Payment History နဲ့ Payment Method တွေကို ပြန်လည်ကြည့်ရှုဖို့က အလွန်လွယ်ကူပြီးတော့ Live Chat ကနေ Customer Support ကိုလည်း ရရှိဦးမယ်လို့ သိရပါတယ်။

Facebook Pay ဟာ US မှာပဲရရှိသေးတယ်ဆိုပေမယ့် နောက်ပိုင်းမှာ တခြားနိုင်ငံတွေမှာပါ ရရှိမှာဖြစ်ပြီးတော့ တယောက်နဲ့တယောက်ငွေကြေးလွှဲတာနဲ့ Facebook ၊ Instagram ကနေ စျေးဝယ်တဲ့သူတွေအတွက် ပိုပြီးလွယ်ကူမယ့်နည်းလမ်းတစ်ခုဖြစ်လာမှာပါ။

Ref – Phone Arena