[Zawgyi]

Facebook , Microsoft တို႔လို နည္းပညာ ကုမၸဏီေတြနဲ႔ အေမရိကန္၊ ၿဗိတိန္မွ တကၠသိုလ္ေတြဟာ Deep Fake Videos ေတြကို တုိက္ဖ်က္ဖို႔ ေငြေၾကး ရင္းႏွီးျမွပ္ႏွံတာေတြ ျပဳလုပ္ေနပါတယ္။ Deep Fake Videos ေတြဟာ AI Software ကို သံုးၿပီး နာမည္ေက်ာ္ေတြနဲ႔ ႏုိင္ငံေရး သမားေတြရဲ႕ မ်က္ႏွာေတြကို အျခား Videos ေတြမွာ ထည့္သြင္းဖန္တီးေပးပါတယ္။ ဥပမာအားျဖင့္ နာမည္ေက်ာ္ မင္းသမီးေတြရဲ႕ မ်က္ႏွာေတြကို ညစ္ညမ္း Videos ေတြက အျပာမယ္ေတြရဲ႕ မ်က္ႏွာမွာ အစားထိုးလိုက္တာပါ။ အျပန္အလွန္အားျဖင့္ သင့္ မ်က္ႏွာကိုလည္း နာမည္ႀကီး ရုပ္ရွင္ေတြက မင္းသား၊ မင္းသမီးေတြရဲ႕ မ်က္ႏွာမွာ အစားထိုးႏုိင္ပါတယ္။  AI ရဲ႕ စြမ္းရည္က ျမင့္မားတဲ့ အတြက္ အတုျဖစ္မွန္း မခြဲျခားနုိင္ပါဘူး။ အဲဒီအတြက္ Deep Fake Videos ေတြဟာ အရမ္းကို အႏၱရာယ္ႀကီးမားတဲ့အတြက္ တိုက္ဖ်က္ဖို႔ ႀကိဳးစားေနၾကတာပါ။

အခုေတာ့ Facebook က  Deep Fake Videos ေတြကို တိုက္ဖ်က္ဖို႔ ေဒၚလာ ၁၀ သန္း သံုးစြဲမယ္လို႔ ေျပာပါတယ္။ Deep Fake Videos ေတြကို စံုစမ္းေဖာ္ထုတ္ႏုိင္တဲ့ နည္းပညာကို ဖန္တီးဖို႔ အဲဒီ ေငြေၾကးေတြကို သံုးစြဲမွာ ျဖစ္ပါတယ္။ “Deep Fake Videos ေတြဟာ လူေတြကို အထင္မွားေစတဲ့ အတြက္ Videos ေတြမွာ AI ကို သံုးျပီး ျပင္ဆင္ထားသလား ဆိုတာကို စစ္ေဆးႏုိင္တဲ့ နည္းပညာကို ဖန္တီးမွာ ျဖစ္ပါတယ္။ Deep Fake Database ကို ဒီဇင္ဘာလမွာ စတင္ တည္ေဆာက္မွာ ျဖစ္ပါတယ္။ “ လို႔ Facebook ရဲ႕ နည္းပညာ ဌာနမွ အႀကီးအကဲ Mike Schroepfer က ေျပာပါတယ္။

Deep Fake Videos ေတြ ဖန္တီးတဲ့ နည္းပညာဟာ ၂၀၁၈ ခုနွစ္ အေစာပိုင္းက စတင္ ေပၚထြက္လာတာ ျဖစ္ပါတယ္။ အခုဆိုရင္ ဒီနည္းပညာက ပိုအဆင့္ျမင့္လာၿပီး Videos ေတြကို အလြယ္တကူ ဖန္တီးလာႏုိင္ပါတယ္။

Ref : bbc

[Unicode]

Facebook က Deep Fake Videos တွေကို တိုက်ဖျက်ဖို့ ဒေါ်လာ ၁၀ သန်း သုံးစွဲမည်

Facebook , Microsoft တို့လို နည်းပညာ ကုမ္ပဏီတွေနဲ့ အမေရိကန်၊ ဗြိတိန်မှ တက္ကသိုလ်တွေဟာ Deep Fake Videos တွေကို တိုက်ဖျက်ဖို့ ငွေကြေး ရင်းနှီးမြှပ်နှံတာတွေ ပြုလုပ်နေပါတယ်။ Deep Fake Videos တွေဟာ AI Software ကို သုံးပြီး နာမည်ကျော်တွေနဲ့ နိုင်ငံရေး သမားတွေရဲ့ မျက်နှာတွေကို အခြား Videos တွေမှာ ထည့်သွင်းဖန်တီးပေးပါတယ်။ ဥပမာအားဖြင့် နာမည်ကျော် မင်းသမီးတွေရဲ့ မျက်နှာတွေကို ညစ်ညမ်း Videos တွေက အပြာမယ်တွေရဲ့ မျက်နှာမှာ အစားထိုးလိုက်တာပါ။ အပြန်အလှန်အားဖြင့် သင့် မျက်နှာကိုလည်း နာမည်ကြီး ရုပ်ရှင်တွေက မင်းသား၊ မင်းသမီးတွေရဲ့ မျက်နှာမှာ အစားထိုးနိုင်ပါတယ်။ AI ရဲ့ စွမ်းရည်က မြင့်မားတဲ့ အတွက် အတုဖြစ်မှန်း မခွဲခြားနိုင်ပါဘူး။ အဲဒီအတွက် Deep Fake Videos တွေဟာ အရမ်းကို အန္တရာယ်ကြီးမားတဲ့အတွက် တိုက်ဖျက်ဖို့ ကြိုးစားနေကြတာပါ။

အခုတော့ Facebook က Deep Fake Videos တွေကို တိုက်ဖျက်ဖို့ ဒေါ်လာ ၁၀ သန်း သုံးစွဲမယ်လို့ ပြောပါတယ်။ Deep Fake Videos တွေကို စုံစမ်းဖော်ထုတ်နိုင်တဲ့ နည်းပညာကို ဖန်တီးဖို့ အဲဒီ ငွေကြေးတွေကို သုံးစွဲမှာ ဖြစ်ပါတယ်။ “Deep Fake Videos တွေဟာ လူတွေကို အထင်မှားစေတဲ့ အတွက် Videos တွေမှာ AI ကို သုံးပြီး ပြင်ဆင်ထားသလား ဆိုတာကို စစ်ဆေးနိုင်တဲ့ နည်းပညာကို ဖန်တီးမှာ ဖြစ်ပါတယ်။ Deep Fake Database ကို ဒီဇင်ဘာလမှာ စတင် တည်ဆောက်မှာ ဖြစ်ပါတယ်။ “ လို့ Facebook ရဲ့ နည်းပညာ ဌာနမှ အကြီးအကဲ Mike Schroepfer က ပြောပါတယ်။

Deep Fake Videos တွေ ဖန်တီးတဲ့ နည်းပညာဟာ ၂၀၁၈ ခုနှစ် အစောပိုင်းက စတင် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီနည်းပညာက ပိုအဆင့်မြင့်လာပြီး Videos တွေကို အလွယ်တကူ ဖန်တီးလာနိုင်ပါတယ်။

Ref : bbc