အခုအချိန်မှာ တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် လူအတော်များများက အိမ်မှာပဲနေပြီး အလုပ်လုပ်ကိုင်နေကြရပါတယ်။ အဲ့ဒီအတွက် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့က နည်းပညာပိုင်းဆိုင်ရာ Software တွေကိုပဲ အားထားနေရတယ်ဆိုရင်လည်း မမှားပါဘူး။

အခုလည်း Facebook ကနေ အချိန်ကိုက်ဆိုသလို Windows နဲ့ macOS အသုံးပြုသူတွေအတွက် Facebook Messenger App အသစ်ကို ထုတ်ပေးလိုက်ပါပြီ။ ယခင်တုန်းက Facebook Messenger ဟာ ပုံမှန်အားဖြင့် App အနေနဲ့ Mobile Device တွေမှာပဲ အသုံးပြုမှုများနေသလို Desktop မှာဆိုရင် Facebook Web Page ကနေပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။

အဲ့ဒီအတွက် အခုလိုမျိုး သီးသန့် Messenger App ရရှိလာတာက ကွန်ပျူတာနဲ့ အလုပ်လုပ်ကိုင်နေရတဲ့သူတွေအတွက် ပိုပြီးအဆင်ပြေသွားတယ်လို့ ပြောလို့ရပါတယ်။

Facebook ရဲ့ ပြောကြားချက်အရတော့ ယခု Messenger App ဟာ Mobile Messenger App ရဲ့ Feature အကုန်လုံးကို အသုံးပြုနိုင်မှာဖြစ်ပြီး Dark Mode လိုမျိုး Feature တွေကိုပါ Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိမ်မှာနေပြီး ကွန်ပျူတာနဲ့ အလုပ်လုပ်ကိုင်နေတဲ့သူတွေအတွက်ကတော့ ဒီ Facebook Messenger App က မရှိမဖြစ်ကို Microsoft Store သို့မဟုတ် macOS App Store ကနေ Download ပြုလုပ်ထားသင့်တဲ့ App တစ်ခုလို့ ပြောရမှာပါ။

Ref – XDA-Developers