[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းကစၿပီး သတင္းဆိုးေတြနဲ႔ ေက်ာ္ၾကားေနတဲ့ Facebook ဟာ အခုအခ်ိန္ထိ သူ႔ရဲ႕နာမည္ဆိုးကို ျပန္ၿပီးအဖတ္ဆယ္ဖို႔ ႐ုန္းကန္ေနရတုန္း ပါပဲ။ အခ်က္အလက္ေတြ ေပါက္ၾကားတာ၊ လုံၿခဳံေရးစနစ္ ခ်ိဳးေဖာက္တာ၊ ကာကြယ္ရမယ့္ အသုံးျပဳသူအခ်က္အလက္ကို ေငြေၾကးနဲ႔အေပးအယူလုပ္တာေတြက Facebook အတြက္ေတာ့ ျပန္ဖ်က္ဖို႔ခက္တဲ့ အစြန္းအထင္းေတြလို႔ ဆိုရမွာပါ။

အခုလည္း Facebook နဲ႔ ပတ္သက္ၿပီး မယုံၾကည္ႏိုင္ေလာက္ေအာင္ ဆိုး႐ြားလြန္းတဲ့ သတင္းတစ္ခု ထပ္ထြက္လာျပန္ပါၿပီ။ အဲဒါကေတာ့ ကုမၸဏီဟာ အသုံးျပဳသူေတြရဲ႕ Password ေတြကို ခိုးထားတယ္ဆိုတဲ့ သတင္းပါပဲ။ ဟုတ္ပါတယ္။ အသုံးျပဳသူေတြရဲ႕ Login Password ေတြကို ေျပာတာပါ။ ဘယ္ေလာက္ေတာင္မ်ားတဲ့ အသုံးျပဳသူေတြလဲဆိုရင္ သန္းေပါင္းရာခ်ီၿပီး ရွိတယ္လို႔ ဆိုပါတယ္။

ဒီလိုမ်ိဳး Login Password ေတြခိုးယူထားတာက လြန္ခဲ့တဲ့ ၂၀၁၂ ေလာက္ကတည္းက ျဖစ္ႏိုင္တယ္လို႔ KrebsonSecurity က ေျပာဆိုထားပါတယ္။ Plain text ထဲက Password ေတြေၾကာင့္ သန္းေပါင္းရာခ်ီတဲ့ အေကာင့္ေတြကို Facebook ဝန္ထမ္း ႏွစ္ေသာင္းထက္မနည္းက အလြယ္တကူ ဝင္ေရာက္ၾကည့္ရႈႏိုင္တယ္လို႔လည္း သိရပါတယ္။

ဘယ္လိုကုမၸဏီမ်ိဳးမဆို Password အပါအဝင္ အသုံးျပဳသူေတြရဲ႕ အေရးပါတဲ့ အခ်က္အလက္ေတြကို သိမ္းဆည္းထားလို႔မရဘူးဆိုေပမယ့္ Facebook ကေတာ့ သန္းေပါင္း ၂၀၀ ကေန ၆၀၀ ၾကားရွိတဲ့ Password ေတြကို ဒီနည္းနဲ႔ သိမ္းဆည္းသိုေလွာင္ထားတယ္လို႔ အတြင္းသတင္းေတြအရ သိရပါတယ္။

လက္ရွိစစ္တမ္းအရ Facebook Lite အသုံးျပဳသူေတြဟာ သန္းရာနဲ႔ခ်ီရွိၿပီး Facebook အသုံးျပဳသူေတြကေတာ့ သန္းေပါင္း ဆယ္ဂဏန္း( သန္း၂၀ ကေန ၉၉ သန္းအထိျဖစ္ႏိုင္) နီးပါးရွိပါတယ္။ Instagram အသုံးျပဳသူေတြကေတာ့ သိန္းဂဏန္းနီးပါး (၂ေသာင္းကေန ၁သိန္းၾကား)ရွိတယ္လို႔ သိရပါတယ္။

အခုလိုမ်ိဳး Password ေတြ သန္းေပါင္းရာခ်ီၿပီး ရွိေနတယ္လို႔ ဆိုေပမယ့္လည္း ဘယ္ဝန္ထမ္းကမွ ဝင္ေရာက္ျခင္း၊ အလြဲသုံးျခင္းျပဳလုပ္တဲ့ သက္ေသအေထာက္အထား မရွိဘူးလို႔ ကုမၸဏီကေတာ့ ဘူးခံျငင္းဆိုခဲ့ပါတယ္။ ဒီလိုမ်ိဳး Password ေတြယူထားၿပီးမွ ဝင္မၾကည့္ဘူးဆိုတာကို သုံးစြဲသူေတြအေနနဲ႔ ယုံၾကည္ၾကလားလို႔ ေမးခြန္းထုတ္စရာ ရွိပါတယ္။

ကုမၸဏီအေနနဲ႔ ဒီလိုမ်ိဳး Password ေတြ Plain text ထဲေရာက္ေနတာကို ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းကမွ လုံၿခဳံေရးဆိုင္ရာ ျပန္လည္သုံးသပ္မႈလုပ္ရင္း ေတြ႕ရွိခဲ့ရလို႔ ဒီမွားယြင္းမႈကို ျပန္လည္ျပဳျပင္ခဲ့တယ္လို႔ ဆိုပါတယ္။ Facebook က လူေတြရဲ႕အခ်က္အလက္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ထက္ ပိုၿပီးအေရးႀကီးတဲ့အရာ ဘာမွမရွိဘူးလို႔ အၿမဲတမ္းေျပာေနေပမယ့္ ၾကာေလယုံၾကည္ဖို႔ ခက္လာေလပါပဲ။

အခု ဒီသတင္းကိုဖတ္မိတဲ့ စာဖတ္သူေတြအေနနဲ႔လည္း Facebook ကို မယုံၾကည္ဘူးဆိုရင္ေတာ့ ခ်က္ခ်င္းပဲ Facebook login password ကို ေျပာင္းခ်င္စိတ္ေပါက္သြားလိမ့္မယ္လို႔ ထင္ပါတယ္။

Ref: Phone Arena

[Unicode]

အသုံးပြုသူတွေရဲ့ Login Password သန်းပေါင်းရာချီပြီး ခိုးယူထားတယ်လို့ စွပ်စွဲခံနေရတဲ့ Facebook

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းကစပြီး သတင်းဆိုးတွေနဲ့ ကျော်ကြားနေတဲ့ Facebook ဟာ အခုအချိန်ထိ သူ့ရဲ့နာမည်ဆိုးကို ပြန်ပြီးအဖတ်ဆယ်ဖို့ ရုန်းကန်နေရတုန်း ပါပဲ။ အချက်အလက်တွေ ပေါက်ကြားတာ၊ လုံခြုံရေးစနစ် ချိုးဖောက်တာ၊ ကာကွယ်ရမယ့် အသုံးပြုသူအချက်အလက်ကို ငွေကြေးနဲ့အပေးအယူလုပ်တာတွေက Facebook အတွက်တော့ ပြန်ဖျက်ဖို့ခက်တဲ့ အစွန်းအထင်းတွေလို့ ဆိုရမှာပါ။

အခုလည်း Facebook နဲ့ ပတ်သက်ပြီး မယုံကြည်နိုင်လောက်အောင် ဆိုးရွားလွန်းတဲ့ သတင်းတစ်ခု ထပ်ထွက်လာပြန်ပါပြီ။ အဲဒါကတော့ ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ Password တွေကို ခိုးထားတယ်ဆိုတဲ့ သတင်းပါပဲ။ ဟုတ်ပါတယ်။ အသုံးပြုသူတွေရဲ့ Login Password တွေကို ပြောတာပါ။ ဘယ်လောက်တောင်များတဲ့ အသုံးပြုသူတွေလဲဆိုရင် သန်းပေါင်းရာချီပြီး ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး Login Password တွေခိုးယူထားတာက လွန်ခဲ့တဲ့ ၂၀၁၂ လောက်ကတည်းက ဖြစ်နိုင်တယ်လို့ KrebsonSecurity က ပြောဆိုထားပါတယ်။ Plain text ထဲက Password တွေကြောင့် သန်းပေါင်းရာချီတဲ့ အကောင့်တွေကို Facebook ဝန်ထမ်း နှစ်သောင်းထက်မနည်းက အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။

ဘယ်လိုကုမ္ပဏီမျိုးမဆို Password အပါအဝင် အသုံးပြုသူတွေရဲ့ အရေးပါတဲ့ အချက်အလက်တွေကို သိမ်းဆည်းထားလို့မရဘူးဆိုပေမယ့် Facebook ကတော့ သန်းပေါင်း ၂၀၀ ကနေ ၆၀၀ ကြားရှိတဲ့ Password တွေကို ဒီနည်းနဲ့ သိမ်းဆည်းသိုလှောင်ထားတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။

လက်ရှိစစ်တမ်းအရ Facebook Lite အသုံးပြုသူတွေဟာ သန်းရာနဲ့ချီရှိပြီး Facebook အသုံးပြုသူတွေကတော့ သန်းပေါင်း ဆယ်ဂဏန်း( သန်း၂၀ ကနေ ၉၉ သန်းအထိဖြစ်နိုင်) နီးပါးရှိပါတယ်။ Instagram အသုံးပြုသူတွေကတော့ သိန်းဂဏန်းနီးပါး (၂သောင်းကနေ ၁သိန်းကြား)ရှိတယ်လို့ သိရပါတယ်။

အခုလိုမျိုး Password တွေ သန်းပေါင်းရာချီပြီး ရှိနေတယ်လို့ ဆိုပေမယ့်လည်း ဘယ်ဝန်ထမ်းကမှ ဝင်ရောက်ခြင်း၊ အလွဲသုံးခြင်းပြုလုပ်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ ကုမ္ပဏီကတော့ ဘူးခံငြင်းဆိုခဲ့ပါတယ်။ ဒီလိုမျိုး Password တွေယူထားပြီးမှ ဝင်မကြည့်ဘူးဆိုတာကို သုံးစွဲသူတွေအနေနဲ့ ယုံကြည်ကြလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီလိုမျိုး Password တွေ Plain text ထဲရောက်နေတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ လုံခြုံရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုလုပ်ရင်း တွေ့ရှိခဲ့ရလို့ ဒီမှားယွင်းမှုကို ပြန်လည်ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။ Facebook က လူတွေရဲ့အချက်အလက်တွေကို ကာကွယ်စောင့်ရှောက်ဖို့ထက် ပိုပြီးအရေးကြီးတဲ့အရာ ဘာမှမရှိဘူးလို့ အမြဲတမ်းပြောနေပေမယ့် ကြာလေယုံကြည်ဖို့ ခက်လာလေပါပဲ။

အခု ဒီသတင်းကိုဖတ်မိတဲ့ စာဖတ်သူတွေအနေနဲ့လည်း Facebook ကို မယုံကြည်ဘူးဆိုရင်တော့ ချက်ချင်းပဲ Facebook login password ကို ပြောင်းချင်စိတ်ပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ်။

Ref: Phone Arena