Zawgyi

Facebook ဟာ Group ေတြထဲမွာ Admin ေတြနဲ႔ မန္ဘာေတြက ၂၄ နာရီၾကာခံတဲ့ Stories ဓါတ္ပုံနဲ႔ ဗီဒီယုိေတြ တင္ထားႏုိင္တဲ့ Feature ကို ဖ်က္သိမ္းပစ္ေတာ့မွာ ျဖစ္ပါတယ္။ ဒီသတင္းကို ကုမၸဏီက ေသာၾကာေန႔က ေျပာခဲ့တာျဖစ္ၿပီး လူတစ္ေယာက္ခ်င္းစီရဲ႕ Stories Feature ကိုေတာ့ ထိခုိက္မႈရွိမွာ မဟုတ္ပါဘူး။

Group Stories လို႔ ေခၚတဲ့ အဆုိပါ Feature ကိုေတာ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာလထဲက စတင္ထည့္သြင္းခဲ့တာ ျဖစ္ၿပီး အခုဆုိရင္ တစ္ႏွစ္နီးပါးရွိၿပီျဖစ္ပါတယ္။ Facebook ဟာ ဒီစနစ္ကို စက္တင္ဘာ ၂၆ ရက္ေန႔မွာ ေနာက္ဆုံးထားၿပီး ဖ်က္သိမ္းသြားမွာျဖစ္တဲ့အတြက္ အခ်ိန္က်လာတာနဲ႔ Group ေတြမွာ ရွိၿပီးသား Stories ေတြ ပ်က္သြားမယ့္အျပင္ အသစ္လည္း တင္လို႔ရေတာ့မွာမဟုတ္ပါဘူး။

“Group Stories ကို ကၽြန္ေတာ္တုိ႔ ဖ်က္သိမ္းရတဲ့အေၾကာင္းက ဒီ Group ေတြထဲက Features ေတြဟာ လူေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ ေပ်ာ္ရႊင္ေစမယ့္၊ အသုံးဝင္ေစမယ့္ နည္းလမ္းေတြနဲ႔ ကူးလူးဆက္ဆံႏုိင္ေအာင္ ျဖစ္ၿပီး Facebook ေပၚက အစုအဖြဲ႕ေတြရဲ႕ အသုံးျပဳရတဲ့ပုံစံကို ပုိေကာင္းေအာင္ အျမဲတုိးျမွင့္ေပးခ်င္လို႔ျဖစ္ပါတယ္” လို႔ Facebook မွ တာဝန္ခံတစ္ေယာက္က ေျပာထားပါတယ္။

လစဥ္လတုိင္း Facebook ေပၚက Group ေတြထဲမွာ ဝင္ေရာက္အသုံးျပဳသူေပါင္း ၁.၄ ဘီလီယံထိ ရွိေနပါတယ္။ Group ေတြကို Facebook က စိတ္ဝင္စားမႈတူညီတဲ့ လူအခ်င္းခ်င္း တစ္ေနရာထဲမွာ စုစည္းၿပီး ေပါင္းသင္းဆက္ဆံႏုိင္ဖို႔နဲ႔ ေဝမွ်ႏုိင္ဖို႔ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

Ref – CNET

Unicode

Facebook ဟာ Group တွေထဲမှာ Admin တွေနဲ့ မန်ဘာတွေက ၂၄ နာရီကြာခံတဲ့ Stories ဓါတ်ပုံနဲ့ ဗီဒီယိုတွေ တင်ထားနိုင်တဲ့ Feature ကို ဖျက်သိမ်းပစ်တော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို ကုမ္ပဏီက သောကြာနေ့က ပြောခဲ့တာဖြစ်ပြီး လူတစ်ယောက်ချင်းစီရဲ့ Stories Feature ကိုတော့ ထိခိုက်မှုရှိမှာ မဟုတ်ပါဘူး။

Group Stories လို့ ခေါ်တဲ့ အဆိုပါ Feature ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက စတင်ထည့်သွင်းခဲ့တာ ဖြစ်ပြီး အခုဆိုရင် တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ Facebook ဟာ ဒီစနစ်ကို စက်တင်ဘာ ၂၆ ရက်နေ့မှာ နောက်ဆုံးထားပြီး ဖျက်သိမ်းသွားမှာဖြစ်တဲ့အတွက် အချိန်ကျလာတာနဲ့ Group တွေမှာ ရှိပြီးသား Stories တွေ ပျက်သွားမယ့်အပြင် အသစ်လည်း တင်လို့ရတော့မှာမဟုတ်ပါဘူး။

“Group Stories ကို ကျွန်တော်တို့ ဖျက်သိမ်းရတဲ့အကြောင်းက ဒီ Group တွေထဲက Features တွေဟာ လူတွေကို တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စေမယ့်၊ အသုံးဝင်စေမယ့် နည်းလမ်းတွေနဲ့ ကူးလူးဆက်ဆံနိုင်အောင် ဖြစ်ပြီး Facebook ပေါ်က အစုအဖွဲ့တွေရဲ့ အသုံးပြုရတဲ့ပုံစံကို ပိုကောင်းအောင် အမြဲတိုးမြှင့်ပေးချင်လို့ဖြစ်ပါတယ်” လို့ Facebook မှ တာဝန်ခံတစ်ယောက်က ပြောထားပါတယ်။

လစဉ်လတိုင်း Facebook ပေါ်က Group တွေထဲမှာ ဝင်ရောက်အသုံးပြုသူပေါင်း ၁.၄ ဘီလီယံထိ ရှိနေပါတယ်။ Group တွေကို Facebook က စိတ်ဝင်စားမှုတူညီတဲ့ လူအချင်းချင်း တစ်နေရာထဲမှာ စုစည်းပြီး ပေါင်းသင်းဆက်ဆံနိုင်ဖို့နဲ့ ဝေမျှနိုင်ဖို့ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

Ref – CNET