Facebook ဟာ အခုအချိန်မှာ Social Media Platform တစ်ခုဖြစ်ပေမယ့် တခြားသော Entertainment ပိုင်းကိုပါ လိုက်ပြီး ယှဥ်ပြိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း TikTok ကို ယှဥ်ပြိုင်ဖို့အတွက် Lasso နာမည်နဲ့ App တစ်ခုကို ထုတ်ခဲ့ပါသေးတယ်။

အခုလည်း US နိုင်ငံအတွင်းမှာ Facebook ကနေ Music Video Feature ကိုထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Music Video တွေအတွက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Sony Music Group ၊ Universal Music Group ၊ Warner Music Group အပါအဝင် တခြားသော Music Label ကုမ္ပဏီတွေနဲ့ ပူးပေါင်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Facebook Watch Section မှာ Music Video တွေကို တွေ့ရမှာဖြစ်ပြီးတော့ Music Tab ဆိုပြီးလည်း သီးသန့် Section တစ်ခု ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။ အဆိုပါ Section မှာ Categories တွေခွဲခြားထားမှာဖြစ်ပြီး ကိုယ်နားထောင်ဖြစ်တဲ့ သီချင်းတွေပေါ်မှုတည်ပြီး Playlist ကိုလည်း ပြင်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

Facebook ကတော့ နောက်ပိုင်းမှာ J. Balvin ၊ Karol G ၊ Sebastian Yatra ၊ Alejandro Fernandez ၊ Calibre 50 နဲ့ Lele Pons တို့ရဲ့ Exclusive Video တွေကိုလည်း ထုတ်သွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Facebook ကနေ နောက်ပိုင်း YouTube လိုမျိုး Video Platform တွေနဲ့ပါ ဆက်တိုက်ယှဥ်ပြိုင်နိုင်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena