Facebook CEO Mark Zuckerberg က Facebook နဲ့ Instagram မှာ Content တွေ ဖန်တီးပေးဖို့ Creator တွေကို စွဲဆောင်တဲ့ အနေနဲ့ ဒေါ်လာ ၁ ဘီလီယမ်ကျော် ရင်းနှီးမြှပ်နှံမယ့် အစီအစဉ် အသစ်တွေကို ဖန်တီးမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက Creator တွေရဲ့ အားကို သုံးပြီး Facebook နဲ့ Instagram တို့ကို လူသုံးများလာအောင် ကြိုးစားနေပုံရပါတယ်။

Facebook will invest more than $1 billion to creators on Facebook and Instagram

Instagram App မှာ Creator တွေအတွက် Bonus ဆိုတဲ့ နေရာ အသစ်ကို မကြာခင် ထည့်သွင်းပေးတော့မှာ ဖြစ်ပြီး Creator တွေက သူတို့ ရနိုင်တဲ့ Bonus တွေကို မြင်တွေ့နိုင်ပါတယ်။ လက်ရှိမှာ Bonus ကို Livestream တွေမှာ ကြော်ညာတွေ ထည့်သွင်းဖို့ စာရင်းပေးသွင်းထားတဲ့ Creator တွေပဲ ရကြသေးပြီး Stars Bonus ကိုလည်း အောင်မြင်မှု ကြီးကြီးမားမား ရထားတဲ့ Gamer တချို့ကိုပဲ ပံ့ပိုးပေးထားပါသေးတယ်။

Instagram User တွေအတွက် ပထမ အသုတ် Bonus ကို Invite ကနေ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ဗီဒီယိုတွေမှာ IGTV ကြော်ငြာတွေ ထည့်သွင်းပေးဖို့ Creator တွေကို မက်လုံးပေး စွဲဆောင်ထားပြီး Live ဗီဒီယိုတွေမှာ Badge Milestones တွေ ရရင် Creator တွေက Bonus ကို ခံစားခွင့်ရနိုင်ပါတယ်။ Reels အတွက် Bonus ကို မကြာခင် ထည့်သွင်းပေးဖို့ ရှိပြီး Creator တွေက Reels တွေ တင်ခြင်းဖြင့် Bonus ကို ရရှိနိုင်ပါတယ်။

Facebook V/S Tiktok. Fact Why Mark Zuckerberg Is Afraid Of TikTok? | Latestrags

Facebook နဲ့ Instagram တို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ TikTok ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ကြရပါတယ်။ အဲဒီအတွက် Facebook က ကုမ္ပဏီရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ Content တွေ များများတင်အောင် အားပေးလှုံ့ဆော်ခြင်းဖြင့် လူသုံးများလာအောင်၊ ကြော်ငြာဝင်ငွေ တက်လာအောင် ပြန်လည် ကြိုးစားနေပါတယ်။

Ref : gsmarena