Facebook က Speech Recognition နည်းပညာ တိုးတက်ဖို့အတွက် Messenger က Voice Recording တွေကို နားထောင်နေတာကို ရပ်နားမယ်လို့ အရင်နှစ်က ပြောခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက သင့်ရဲ့ Voice Recording တွေကို နားထောင်ခွင့်ပေးမယ်ဆိုရင် ဆုငွေချီးမြှင့်မယ့် အစီအစဉ် ၁ ခုကို စတင် ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။

The Verge ရဲ့ သတင်းအရ Facebook ဟာ သူ့ရဲ့ ViewPoints Research App မှာ Pronounciations လို့ ခေါ်တဲ့ စီမံကိန်းကို စတင်နေပြီလို့ သိရပါတယ်။ ViewPoints ဟာ လူမှုကွန်ရက် စစ်တမ်းတွေ ဖြေပေးနေသူတွေကို ဆုချီးမြှင့်တဲ့ Facebook ရဲ့ App ဖြစ်ပါတယ်။ The Verge က Voice Recording အတွက် ဆုငွေဟာ အရမ်းကိုနည်းတယ်လို့ ပြောပါတယ်။ Recording ၁ ခုကို အမှတ် ၂၀၀ ရမှာ ဖြစ်ပြီး အမှတ် ၁၀၀၀ ကို ၅ ဒေါ်လာနဲ့ လဲလှယ်နိုင်ပါတယ်။ အဲဒီအတွက် Recording ၁ ခုကို ၁ ဒေါ်လာရမှာပါ။

Pronunciations အစီအစဉ်ကို အမေရိကန်မှာ စတင်ပြုလုပ်ပေးလိုက်ပြီဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတွေ ပါဝင်နိုင်ပါတယ်။ ပါဝင်ချင်သူတွေဟာ Facebook မှာ သူငယ်ချင်း ၇၅ ယောက်နဲ့အထက် ရှိရမှာပါ။ အစီအစဉ်မှာ ပါဝင်ခွင့်ရသွားသူတွေဟာ “Hey Portal” လို့ ပြောပြီးနောက်မှာ ဝါကျ အနည်းငယ်နဲ့ သူငယ်ချင်း အနည်းငယ်ရဲ့ ပထမ နာမည်ကို ဆက်ပြောရမှာဖြစ်ပါတယ်။

Facebook က အဲဒီ Recording တွေကို သင့် Facebook အကောင့်နဲ့ တွဲထားမှာ မဟုတ်သလို သင့် ခွင့်ပြုချက် မရဘဲ မျှဝေမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။ Google , Amazon နဲ့ Apple တို့ အပါအဝင် ကုမ္ပဏီများစွာဟာ သူတို့ရဲ့ Algorithms ပိုကောင်းဖို့အတွက် သုံးစွဲသူတွေရဲ့ Recording တွေကို ခိုးနားထောင်ခဲ့တယ်ဆိုတာ အရင်နှစ်က ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ကုမ္ပဏီတွေက သူတို့ရဲ့ စီမံကိန်း အားလုံးကို ရပ်နားခဲ့ပြီး သုံးစွဲသူတွေရဲ့ ဒေတာတွေကို ဖျက်ဖို့ နည်းလမ်းတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ Facebook ဟာ အတိတ်မှာ သုံးစွဲသူ ဒေတာတွေ ပေါက်ကြားခဲ့ဖူးတဲ့ အမည်းစက်များစွာ ရှိတဲ့အတွက် စီမံကိန်း အသစ်ကို လူတွေ ယုံကြည်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : tnw