Facebook ဟာ Coronavirus center ကို News Feed ရဲ့ ထိပ်ဆုံးမှာ ထားရှိမယ်လို့ CEO Mark Zuckerberg က ပြောဆိုလိုက်ပါတယ်။ ဒီပုံစံကို အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံတွေမှာလည်း တွေ့မြင်ရမယ်လို့ သိရပါတယ်။

Facebook အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) နဲ့ ရောဂါထိန်းချုပ်မှုစင်တာ(CDC) တို့ဆီက အချက်အလက်တွေကို စုဆောင်းပြီးနောက် ဒီအချက်အလက်တွေဟာ News Feed ရဲ့ထိပ်ဆုံးမှာ ပေါ်ပေါက်လာမယ်လို့ Zuckerberg က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

သတင်းအချက်အလက်စင်တာဟာ Facebook မှာပေါက်ပေါက်လာပြီး WHO နဲ့ CDC တို့ရဲ့ မူရင်းလင့်ခ်တွေနဲ့ ချိတ်ဆက်ပြီး ဝင်ရောက်ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ Facebook တင်မကဘဲ Instagram သုံးစွဲသူတွေအတွက်လည်း ပါဝင်ပါတယ်။

Facebook မှာ “coronavirus” ဒါမှမဟုတ် “COVID-19” အကြောင်း မေးမြန်းတဲ့အခါ ရှာဖွေမှုရလဒ်တွေထဲက အဖွဲ့အစည်းတွေကိုလည်း ချိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ စင်တာရဲ့ ရည်ရွယ်ချက်ဟာ Facebook ရဲ့ ကြီးမားတဲ့ အသုံးပြုသူတွေကို စစ်ဆေးပြီးသား သတင်းအချက်အလက်တွေ မျှဝေပေးဖို့၊ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှားတွေကို တုံ့ပြန်နိုင်ဖို့ ဖြစ်ပါတယ်။

Ref: The Verge