အမေရိကန်မှာ ရုံးလာတက်မယ့် ဝန်ထမ်းများ အားလုံး Covid 19 ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ကြောင်း Facebook က The Verge ကို ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။

Facebook ရဲ့ လူမှုဆိုင်ရာ ဒုတိယ ဥက္ကဌ ဖြစ်သူ Lori Goler က “ ကျွန်တော်တို့ ရုံးခန်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာ အလုပ်လာတဲ့ အမေရိကန်က ဝန်ထမ်းအားလုံး Covid 19 ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။ ဒေသတွင်း ကပ်ရောဂါ အခြေအနေနဲ့ စည်းမျဉ်းတွေ အပေါ် မူတည်ပြီး ဒီမူဝါဒကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ တခြား အကြောင်းအရင်းတွေကြောင့် Covid 19 ကာကွယ်ဆေး ထိုးလို့ မရတဲ့ လူတွေအတွက်လည်း နည်းလမ်းတွေကို အဖြေရှာသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ ဆက်လက် ပူးပေါင်းပြီး လူသားတိုင်းရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို အဓိက ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Inside Facebook's London offices | ITWeb

Facebook ဟာ အောက်တိုဘာလမှာ အမေရိကန်ရှိ ရုံးခန်း အားလုံးကို ပြန်လည် ဖွင့်လှစ်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

အမေရိကန်မှာ Covid 19 ကူးစက်မှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြင့်မားနေပြီး Centers for Disease Control and Prevention (CDC) က Covid 19 ကာကွယ်ဆေးထိုးပြီး သူတွေဟာ ကူးစက်မှုများနေတဲ့ နေရာတွေနဲ့ အများပြည်သူ သွားလာတဲ့ နေရာတွေမှာ Mask တပ်ဆင်ထားသင့်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က အကြံပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Google HQ ~ WIC News

Google CEO Sundar Pichai က ရုံးပြန်တက်တဲ့ ဝန်ထမ်းတိုင်း Covid 19 ကာကွယ်ဆေးထိုးရမယ်လို့ ကြေညာပြီးနောက်မှာ Facebook ရဲ့ ကြေညာချက်ထွက်လာတာ ဖြစ်ပါတယ်။ Pichai က Google ဟာ ရုံးပြန်ဖွင့်ဖို့ မူလ စီစဉ်ထားတဲ့ စက်တင်ဘာလ အစား အောက်တိုဘာလသို့ နောက်ဆုတ်လိုက်တယ်လို့လည်း ပြောပါတယ်။

Apple ကလည်း အမေရိကန် စတိုး ၂၇၀ ကျော်က ဝန်ထမ်းတွေဟာ ကာကွယ်ဆေးထိုးပြီးတာတောင် Mask တပ်ထားရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Ref : theverge