[Zawgyi]

စိတ္ကေန စမတ္ဖုန္း၊ တက္ဘလက္နဲ႔ ကြန္ျပဴတာေတြမွာ စာရိုက္ႏိုင္ရင္ ဘာေတြ အက်ိဳးထူးလာမလဲ? ဒီေမးခြန္းကို Facebook ရဲ႕ CEO Mark Zuckerberg က ၂၀၁၇ ခုႏွစ္မွာ က်င္းပခဲ့တဲ့ F8 Conference မွာတုန္းက စင္ေပၚမွာ ေမးခဲ့တာပါ။ အဲဒီအခ်ိန္ကတည္းက Facebook ဟာ Augmented Reality Wearables မွာ သံုးႏုိင္မယ့္ Brain-computer Interface (BCI) ကို သုေတသနျပဳလုပ္ဖို႔ ေငြေၾကးမ်ားစြာ ရင္းနွီးျမွပ္ႏွံခဲ့ပါတယ္။ Facebook က AR Glasses ကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းေတြထြက္ေနတာလည္း ႏွစ္မ်ားစြာ ၾကာပါၿပီ။

အခုေတာ့ Facebook က လူ႔စိတ္ကို ဖတ္ႏိုင္တဲ့ နည္းပညာကို ေအာင္ျမင္စြာ ဖန္တီးႏိုင္ဖို႔ နီးစပ္လာပံုေပၚပါတယ္။ ကုမၸဏီက အဲဒီ စီမံကိန္းရဲ႕ ႀကီးမားတဲ့တိုးတက္ေအာင္ျမင္မႈ တစ္ခုကို ပထမဆံုး အႀကိမ္ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ Facebook ရဲ႕ သုေတသနပညာရွင္ေတြက လူေတြ ေျပာလိုက္တဲ့ စကားလံုး၊ စကားစု အနည္းငယ္ကို ကြန္ျပဴတာ နားလည္တဲ့ ဘာသာစကားအျဖစ္ အခ်ိန္နဲ႔ တစ္ေျပးညီ ေျပာင္းလဲေပးႏုိင္ၿပီ ျဖစ္ပါတယ္။

Facebook က အဲဒီ စီမံကိန္းကို ၂၀၁၇ ခုႏွစ္မွာ စတင္ ေၾကညာခဲ့တာပါ။ ရည္ရြယ္ခ်က္ကေတာ့ စိတ္ရဲ႕ ခုိင္းေစခ်က္ေတြကို ကြန္ျပဴတာ နားလည္တဲ့ ဘာသာစကားအျဖစ္ ေျပာင္းလဲေပးဖို႔ပါ။ စမ္းသပ္မႈမွာ Facebook ရဲ႕ Reality Labs က ေထာက္ပံ့ထားတဲ့ ကယ္လီဖိုးနီးယား တကၠသိုလ္က သိပၸံပညာရွင္ေတြဟာ ဦးေႏွာက္ ပင္မ အာရံုေၾကာ ပံုမွန္ မဟုတ္တဲ့ လူနာသံုးေယာက္ရဲ႕ ဦးေႏွာက္ေတြမွာ Electrodes ေတြကို ထည့္သြင္းခဲ့ၾကပါတယ္။

လူနာေတြကို ေမးခြန္းေတြ ေမးၿပီး စိတ္ကေန ျပန္ေျဖခိုင္းခဲ့ပါတယ္။ Electrodes ေတြဟာ လူနာေတြ စိတ္ကေန ေျပာလိုက္တဲ့ စကားေတြကို ဘာသာျပန္ရာမွာ ၆၁ ရာခုိင္ႏႈန္း တိက်ခဲ့ပါတယ္။ ဦးေႏွာက္ ပံုမွန္ မဟုတ္သူေတြ သို႔မဟုတ္ စကားမေျပာႏိုင္သူေတြဟာ လူေကာင္းေတြနဲ႔ ဆက္သြယ္ စကားေျပာႏုိင္တယ္ဆိုတာ သက္ေသျပႏိုင္ခဲ့ပါတယ္။ Facebook က ခြဲစိတ္စရာ မလိုဘဲ လူေတြရဲ႕ စိတ္ကို ဖတ္ႏိုင္မယ့္ နည္းပညာကို ဆက္လက္ ဖန္တီးမယ္လို႔ ေျပာပါတယ္။

Ref : techradar

[Unicode]

Facebook က လူ့စိတ်ကို ဖတ်နိုင်တဲ့ Wearable ကို ဖန်တီးနိုင်ဖို့ နီးစပ်လာပြီ

စိတ်ကနေ စမတ်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပြူတာတွေမှာ စာရိုက်နိုင်ရင် ဘာတွေ အကျိုးထူးလာမလဲ? ဒီမေးခွန်းကို Facebook ရဲ့ CEO Mark Zuckerberg က ၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ F8 Conference မှာတုန်းက စင်ပေါ်မှာ မေးခဲ့တာပါ။ အဲဒီအချိန်ကတည်းက Facebook ဟာ Augmented Reality Wearables မှာ သုံးနိုင်မယ့် Brain-computer Interface (BCI) ကို သုတေသနပြုလုပ်ဖို့ ငွေကြေးများစွာ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ Facebook က AR Glasses ကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းတွေထွက်နေတာလည်း နှစ်များစွာ ကြာပါပြီ။

အခုတော့ Facebook က လူ့စိတ်ကို ဖတ်နိုင်တဲ့ နည်းပညာကို အောင်မြင်စွာ ဖန်တီးနိုင်ဖို့ နီးစပ်လာပုံပေါ်ပါတယ်။ ကုမ္ပဏီက အဲဒီ စီမံကိန်းရဲ့ ကြီးမားတဲ့တိုးတက်အောင်မြင်မှု တစ်ခုကို ပထမဆုံး အကြိမ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Facebook ရဲ့ သုတေသနပညာရှင်တွေက လူတွေ ပြောလိုက်တဲ့ စကားလုံး၊ စကားစု အနည်းငယ်ကို ကွန်ပြူတာ နားလည်တဲ့ ဘာသာစကားအဖြစ် အချိန်နဲ့ တစ်ပြေးညီ ပြောင်းလဲပေးနိုင်ပြီ ဖြစ်ပါတယ်။

Facebook က အဲဒီ စီမံကိန်းကို ၂၀၁၇ ခုနှစ်မှာ စတင် ကြေညာခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ စိတ်ရဲ့ ခိုင်းစေချက်တွေကို ကွန်ပြူတာ နားလည်တဲ့ ဘာသာစကားအဖြစ် ပြောင်းလဲပေးဖို့ပါ။ စမ်းသပ်မှုမှာ Facebook ရဲ့ Reality Labs က ထောက်ပံ့ထားတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ဦးနှောက် ပင်မ အာရုံကြော ပုံမှန် မဟုတ်တဲ့ လူနာသုံးယောက်ရဲ့ ဦးနှောက်တွေမှာ Electrodes တွေကို ထည့်သွင်းခဲ့ကြပါတယ်။

လူနာတွေကို မေးခွန်းတွေ မေးပြီး စိတ်ကနေ ပြန်ဖြေခိုင်းခဲ့ပါတယ်။ Electrodes တွေဟာ လူနာတွေ စိတ်ကနေ ပြောလိုက်တဲ့ စကားတွေကို ဘာသာပြန်ရာမှာ ၆၁ ရာခိုင်နှုန်း တိကျခဲ့ပါတယ်။ ဦးနှောက် ပုံမှန် မဟုတ်သူတွေ သို့မဟုတ် စကားမပြောနိုင်သူတွေဟာ လူကောင်းတွေနဲ့ ဆက်သွယ် စကားပြောနိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ Facebook က ခွဲစိတ်စရာ မလိုဘဲ လူတွေရဲ့ စိတ်ကို ဖတ်နိုင်မယ့် နည်းပညာကို ဆက်လက် ဖန်တီးမယ်လို့ ပြောပါတယ်။

Ref : techradar