Facebook က ကုမ္ပဏီရဲ့ Metaverse မှာ Non-fungible Tokens (NFTs) တွေကို ထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ ပြောပါတယ်။ ဒစ်ဂျစ်တယ် Collectible Format တွေ ဖွံ့ဖြိုးနေတဲ့ Ethereum Protocol မှာ NFTs တွေ အရောင်းအဝယ် ပိုကောင်းလာမယ့် သဘောပါ။

Facebook's Metaverse Will Support NFTs

Facebook ရဲ့ Metaverse Product မှ အကြီးအကဲ Vishal Shah က “ ဒီလို လုပ်ခြင်းအားဖြင့် လူတွေဟာ NFTs လို Limited Edition ဒစ်ဂျစ်တယ် ပစ္စည်းတွေကို ရောင်းချရာမှာ ပိုမိုလွယ်ကူလာမှာ ဖြစ်ပြီး သူတို့ရဲ့ ဒစ်ဂျစ်တယ် Space တွေမှာ ပြသနိုင်မှာပါ။ ဒါ့အပြင် တခြား လူကို လုံခြုံစွာ ပြန်ရောင်းနိုင်မှာပါ။ “ လို့ ပြောပါတယ်။

Facebook Becomes Meta amid Push for NFT Support - Blockzeit

Facebook ဟာ Virtual World ကို ဖန်တီးမယ့် သတင်းထွက်လာပြီးနောက်မှာ အခုသတင်းကို ချပြလိုက်တာပါ။ Facebook ဟာ Virtual Reality Headset ဖန်တီးတဲ့ Oculus ကို ပိုင်ဆိုင်ထားပြီး Metaverse Unit အတွက် ဝန်ထမ်းများစွာကို ငှားရမ်းမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။

Shah က ကျွန်တော်တို့ ရည်ရွယ်ချက်ဟာ Metaverse မှာ စီးပွားရေး လုပ်ငန်းတွေ တတ်နိုင်သလောက် များများ တည်ထောင်နိုင်တဲ့ နည်းလမ်းကို ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်လို့ ပြောပါတယ်။

NFTs ကို ပံ့ပိုးပေးမယ်လို့ ပြောကြားပြီးနောက်မှာ Facebook ဟာ Meta အမည်ရ မိခင် ကုမ္ပဏီကို တည်ထောင်လိုက်ပါတယ်။ ကုမ္ပဏီဟာ ကိုယ်ပိုင် Metaverse Version ကို တည်ဆောက်မယ့် ရည်ရွယ်ချက်ကို တွေ့လာရပါတယ်။ Decentraland နဲ့ Cryptovoxels တို့လို တခြား Open Metaverse တွေနဲ့ ဘယ်လို ကွဲပြားမလဲဆိုတာ မသိရသေးပါဘူး။

Ref : coindesk