[Zawgyi]

Facebook ဟာ Cryptocurrency (ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္) တစ္ရပ္ကို စတင္အေကာင္အထည္ေဖာ္ေနၿပီျဖစ္ေၾကာင္း Facebook ရဲ႕ CEO Mark Zuckerberg က သူ႔ရဲ႕အေကာင့္ကတစ္ဆင့္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီ ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္ကို Libra လို႔အမည္ေပးထားတယ္လို႔လည္း သိရပါတယ္။

Facebook ရဲ႕ အဆိုပါဒစ္ဂ်စ္တယ္ေငြေၾကးစနစ္ဟာ ကမာၻတစ္ဝန္းလုံးမွာအသုံးျပဳႏိုင္မယ္ လို႔လည္း သိရၿပီး ဒီစနစ္အတြက္ Blockchain နည္းပညာသုံးကြန္ရက္ကို အသုံးျပဳထားတာလည္း ျဖစ္ပါတယ္။ ဒီစနစ္ကို Facebook က စတင္အေကာင္အထည္ေဖာ္တာျဖစ္ေပမယ့္ အမွန္တကယ္တာဝန္ယူလုပ္ကိုင္သြားမွာကေတာ့ အက်ိဳးအျမတ္ရယူျခင္းမရွိတဲ့ Libra Association ျဖစ္ေၾကာင္းလည္း သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ကမာၻတစ္ဝန္းက အဖြဲ႕အစည္း ၂၇ ဖြဲ႕နဲ႔အတူ Libra Association အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီလို႔လည္း Zuckerberg က ေၾကညာခ်က္အစမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒီအဖြဲ႕အစည္းဟာ Libra ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္ကို ဖြံ႕ၿဖိဳးတိုးတက္လာေအာင္၊ ေရရွည္တည္တံ့ရပ္တည္ႏိုင္ေအာင္ လုပ္ေဆာင္ရမွာပဲ ျဖစ္ပါတယ္။

Facebook ရဲ႕ ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္ေဖာ္ေဆာင္မႈကို ပါဝင္ပူးေပါင္းၾကမယ့္ကုမၸဏီေတြမွာ Mastercard, Visa, Paypal, eBay, Uber, Spotify, Lyft, Stripe နဲ႔ Vodafone စတဲ့ ကုမၸဏီေတြလည္း ပါဝင္မယ္လို႔ သိရပါတယ္။ ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ Facebook အေနနဲ႔ ဘ႑ာေရးဆိုင္ရာအဖြဲ႕အစည္းေတြ၊ လုံၿခဳံေရးဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔မျဖစ္မေန ပူးေပါင္းရမွာပဲ ျဖစ္ပါတယ္။

Facebook ကေတာ့ Libra ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္ကို သူ႔ရဲ႕ Messenger နဲ႔ WhatsApp စတာ ေတြမွာ အသုံးျပဳႏိုင္ဖို႔အတြက္ ဒစ္ဂ်စ္တယ္ပိုက္ဆံအိတ္ (Digital Wallet) ျဖစ္တဲ့ Calibra ကို သီးျခားျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ Calibra ဟာ Facebook လက္ေအာက္မွာရွိမေနဘဲ သီးသန႔္ခြဲထြက္ေနမွာျဖစ္သလို ကိုယ္ပိုင္ App လည္း ရွိေနဦးမယ္လို႔ သိရပါတယ္။ Libra ကို လာမယ့္ ၂၀၂၀ မွာ စတင္ျဖန႔္ခ်ိႏိုင္ဖို႔ ရည္မွန္းထားေၾကာင္းလည္း သိရွိရပါတယ္။

Ref: GSMArena

[Unicode]

Libra အမည်ရှိ ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အကောင်အထည်ဖော်တော့မည်ဟု Facebook ကြေညာ

Facebook ဟာ Cryptocurrency (ဒစ်ဂျစ်တယ်ငွေကြေးစနစ်) တစ်ရပ်ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း Facebook ရဲ့ CEO Mark Zuckerberg က သူ့ရဲ့အကောင့်ကတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို Libra လို့အမည်ပေးထားတယ်လို့လည်း သိရပါတယ်။

Facebook ရဲ့ အဆိုပါဒစ်ဂျစ်တယ်ငွေကြေးစနစ်ဟာ ကမ္ဘာတစ်ဝန်းလုံးမှာအသုံးပြုနိုင်မယ် လို့လည်း သိရပြီး ဒီစနစ်အတွက် Blockchain နည်းပညာသုံးကွန်ရက်ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ဒီစနစ်ကို Facebook က စတင်အကောင်အထည်ဖော်တာဖြစ်ပေမယ့် အမှန်တကယ်တာဝန်ယူလုပ်ကိုင်သွားမှာကတော့ အကျိုးအမြတ်ရယူခြင်းမရှိတဲ့ Libra Association ဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်း ၂၇ ဖွဲ့နဲ့အတူ Libra Association အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့လည်း Zuckerberg က ကြေညာချက်အစမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ Libra ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ဖွံ့ဖြိုးတိုးတက်လာအောင်၊ ရေရှည်တည်တံ့ရပ်တည်နိုင်အောင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

Facebook ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖော်ဆောင်မှုကို ပါဝင်ပူးပေါင်းကြမယ့်ကုမ္ပဏီတွေမှာ Mastercard, Visa, Paypal, eBay, Uber, Spotify, Lyft, Stripe နဲ့ Vodafone စတဲ့ ကုမ္ပဏီတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အကောင်အထည်ဖော်ဖို့အတွက် Facebook အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့မဖြစ်မနေ ပူးပေါင်းရမှာပဲ ဖြစ်ပါတယ်။

Facebook ကတော့ Libra ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို သူ့ရဲ့ Messenger နဲ့ WhatsApp စတာ တွေမှာ အသုံးပြုနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) ဖြစ်တဲ့ Calibra ကို သီးခြားပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Calibra ဟာ Facebook လက်အောက်မှာရှိမနေဘဲ သီးသန့်ခွဲထွက်နေမှာဖြစ်သလို ကိုယ်ပိုင် App လည်း ရှိနေဦးမယ်လို့ သိရပါတယ်။ Libra ကို လာမယ့် ၂၀၂၀ မှာ စတင်ဖြန့်ချိနိုင်ဖို့ ရည်မှန်းထားကြောင်းလည်း သိရှိရပါတယ်။

Ref: GSMArena