Facebook လည်း Hacker တွေရဲ့လက်က ပြေးမလွတ်ပါဘူး။ Facebook နဲ့ Messenger ရဲ့ တရားဝင် တွစ်တာအကောင့်တွေ Hack ခံလိုက်ရပါတယ်။ Hacker အဖွဲ့ OurMine ရဲ့ လက်ချက် ဖြစ်ပြီး နာမည်ကြီး လူမှုကွန်ရက် အကောင့်တွေကို Hack နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

OurMine က အကောင့်တွေကို သူတို့ ထိန်းသိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တွေကို တင်ခဲ့ပြီး ပို့စ် ၁ ခုမှာ “ Facebook ကိုလည်း Hack နိုင်ပါတယ်။ ဒါပေမယ့် Facebook ရဲ့ လုံခြုံရေးဟာ တွစ်တာထက် ပိုကောင်းပါတယ်။ “ လို့ ရေးသားထားပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီ ပို့စ်တွေကို ဖျက်ပစ်ခဲ့ပါတယ်။

တွစ်တာက အဲဒီ Hack ခံရမှုကို အတည်ပြု ကြေညာခဲ့ပါတယ်။ “ အဲဒီ အကောင့်တွေဟာ Third-party Platform တွေကနေ Hack ခံခဲ့ရပါတယ်။ Hack ခံရတာကို သိတာနဲ့ အကောင့်တွေကို Lock လုပ်ခဲ့ပြီး ပြန်ရဖို့အတွက် Facebook နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။” လို့ တွစ်တာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

OurMine ဟာ Facebook နဲ့ Messenger ရဲ့ အင်စတာဂရမ် အကောင့်ကိုလည်း Hack ခဲ့ပြီး အဲဒီ အကောင့်တွေကနေ OurMine ရဲ့ Logo ကို မကြာခဏ တင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီ ပို့စ်တွေကို ဖျက်ပစ်ခဲ့ပါတယ်။ Facebook က အဲဒီ အကောင့်တွေ Hack ခံရတယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ OurMine ဟာ နာမည်ကျော် လူမှုကွန်ရက် အကောင့်တွေကို Hack ရာမှာ နာမည်ကြီးပြီး အရင်ကလည်း WWE  ကြယ်ပွင့်တွေနဲ့ HBO တို့ရဲ့ တွစ်တာ အကောင့်တွေကို Hack ခဲ့ဖူးပါတယ်။

Ref : mashable