[Zawgyi]

Facebook က ေဒသတြင္း သတင္းေတြကို ျပသေပးတဲ့  Today In ၀န္ေဆာင္မႈကို အေမရိကန္မွ ၿမိဳ႕ေပါင္း ၆,၀၀၀ ေက်ာ္မွာ အသံုးျပဳႏုိင္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ လြန္ခဲ့တဲ့ ၁ ႏွစ္အၾကာေလာက္က Today In ကို အေမရိကန္မွ ၿမိဳ႕ ၆ ခုမွာ စတင္ စမ္းသပ္ခဲ့ၾကၿပီး News Feed မွာ ေဒသတြင္း သတင္းေတြကို ပိုမိုျပသေပးတဲ့ ၀န္ေဆာင္မႈ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၁ ပတ္မွာေတာ့ Facebook က ဒီ၀န္ေဆာင္မႈကို ႏုိင္ငံအ၀န္းမွ ၿမိဳ႕ေပါင္း ေထာင္ဂဏန္းေက်ာ္အတြက္ တိုးခ်ဲ႕ျဖန္႔ခ်ိေပးလိုက္တယ္လို႔ ေျပာခဲ့ပါတယ္။

Facebook က အခုဆိုရင္ News Feed မွာ Today In ကေန ေဒသတြင္း သတင္းေတြကို ဖတ္ရႈဖို႔ စာရင္းေပးသြင္းထားသူ ၁.၆ သန္းေက်ာ္သြားၿပီလို႔ ေျပာပါတယ္။ Facebook က ဒီ၀န္ေဆာင္မႈကို ျပဳလုပ္ဖို႔ သတင္းမီဒီယာေတြနဲ႔  ေဆြးေႏြးခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္က စတင္ စမ္းသပ္ခဲ့ပါတယ္။ Facebook က အရည္အေသြးေကာင္းတဲ့ သတင္းေတြကို ပိုမို ျပသႏုိင္ခဲ့တယ္လို႔ ေျပာပါတယ္။

သတင္း မီဒီယာေတြက Today In မွာ ျပသတဲ့ သူတို႔ သတင္းေတြဟာ ပိုၿပီး ထင္သာျမင္သာရွိေစဖို႔နဲ႔ ဘယ္လို ျပသမလဲဆိုတာ ထိန္းခ်ဳပ္ႏုိင္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ အဲဒီအတြက္ Facebook က Today In မွာ ျပသတဲ့ သတင္းေတြကို ျမင္ေစဖုိ႔ သူတို႔အတြက္ Dashboard ၁ ခု ျပဳလုပ္ေပးခဲ့ပါတယ္။ သတင္းေဆာင္းပါးေတြ ျပသေပးတဲ့ Communities ေတြကိုလည္း စာရင္းျပဳလုပ္ထားပါတယ္။ လက္ရွိမွာ အဲဒီ Dashboard ကို Page အနည္းငယ္ကသာ အသံုးျပဳႏိုင္ပါေသးတယ္။ ဒါေပမယ့္ Facebook က မၾကာခင္မွာ တိုးခ်ဲ႕ျဖန္႔ခ်ိမယ္လို႔ ေျပာပါတယ္။

Today In မွာ ေဒသတြင္း မီဒီယာ ၁,၂၀၀ ေက်ာ္ရဲ႕ သတင္းေတြကို လက္ရွိမွာ ျပသေနၿပီး ေဒသတြင္း သတင္း Page ေတြရဲ႕ Post ေတြကို လူျမင္ႏႈန္းက အရမ္းကို ျမင့္မားလာပါတယ္။ တခ်ိဳ႕ဆိုရင္ အရင္ႏွစ္ကထက္ ၂၆ ရာခုိင္ႏႈန္း တိုးတက္လာပါတယ္။

Ref : wersm

[Unicode]

Facebook ရဲ့ Today In ကို မြို့ပေါင်း ၆,၀၀၀ ကျော်မှာ သုံးနိုင်ပြီ

Facebook က ဒေသတွင်း သတင်းတွေကို ပြသပေးတဲ့ Today In ဝန်ဆောင်မှုကို အမေရိကန်မှ မြို့ပေါင်း ၆,၀၀၀ ကျော်မှာ အသုံးပြုနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်အကြာလောက်က Today In ကို အမေရိကန်မှ မြို့ ၆ ခုမှာ စတင် စမ်းသပ်ခဲ့ကြပြီး News Feed မှာ ဒေသတွင်း သတင်းတွေကို ပိုမိုပြသပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်မှာတော့ Facebook က ဒီဝန်ဆောင်မှုကို နိုင်ငံအဝန်းမှ မြို့ပေါင်း ထောင်ဂဏန်းကျော်အတွက် တိုးချဲ့ဖြန့်ချိပေးလိုက်တယ်လို့ ပြောခဲ့ပါတယ်။

Facebook က အခုဆိုရင် News Feed မှာ Today In ကနေ ဒေသတွင်း သတင်းတွေကို ဖတ်ရှုဖို့ စာရင်းပေးသွင်းထားသူ ၁.၆ သန်းကျော်သွားပြီလို့ ပြောပါတယ်။ Facebook က ဒီဝန်ဆောင်မှုကို ပြုလုပ်ဖို့ သတင်းမီဒီယာတွေနဲ့ ဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က စတင် စမ်းသပ်ခဲ့ပါတယ်။ Facebook က အရည်အသွေးကောင်းတဲ့ သတင်းတွေကို ပိုမို ပြသနိုင်ခဲ့တယ်လို့ ပြောပါတယ်။

သတင်း မီဒီယာတွေက Today In မှာ ပြသတဲ့ သူတို့ သတင်းတွေဟာ ပိုပြီး ထင်သာမြင်သာရှိစေဖို့နဲ့ ဘယ်လို ပြသမလဲဆိုတာ ထိန်းချုပ်နိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအတွက် Facebook က Today In မှာ ပြသတဲ့ သတင်းတွေကို မြင်စေဖို့ သူတို့အတွက် Dashboard ၁ ခု ပြုလုပ်ပေးခဲ့ပါတယ်။ သတင်းဆောင်းပါးတွေ ပြသပေးတဲ့ Communities တွေကိုလည်း စာရင်းပြုလုပ်ထားပါတယ်။ လက်ရှိမှာ အဲဒီ Dashboard ကို Page အနည်းငယ်ကသာ အသုံးပြုနိုင်ပါသေးတယ်။ ဒါပေမယ့် Facebook က မကြာခင်မှာ တိုးချဲ့ဖြန့်ချိမယ်လို့ ပြောပါတယ်။

Today In မှာ ဒေသတွင်း မီဒီယာ ၁,၂၀၀ ကျော်ရဲ့ သတင်းတွေကို လက်ရှိမှာ ပြသနေပြီး ဒေသတွင်း သတင်း Page တွေရဲ့ Post တွေကို လူမြင်နှုန်းက အရမ်းကို မြင့်မားလာပါတယ်။ တချို့ဆိုရင် အရင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Ref : wersm