Xiaomi ဟာ အိန္ဒိယက Bangalore နဲ့ Chennai ပြည်နယ် ၂ ခုမှာ စတိုးဆိုင် ၇ ခုကနေ Xiaomi ထုတ်ကုန် အတုတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၃,၃၀၀,၀၀၀ ရူပီးကျော်တန်ကြေးရှိပြီး မြန်မာငွေ ကျပ် သိန်း ၆၀၀ နီးပါးလောက် ရှိတဲ့အတွက် တန်ကြေးက မသေးပါဘူး။ Xiaomi ရဲ့ ထုတ်ကုန်အတု ရှာဖွေတဲ့ အစီအစဉ်ကနေ ရှာဖွေဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီက ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

Xiaomi က စတိုး ၇ ခုကနေ ထုတ်ကုန် အတုပေါင်း ၃,၀၀၀ ကျော်ကို တွေ့ရှိခဲ့တာဖြစ်ပြီး ထုတ်ကုန်တွေထဲမှာ ဖုန်း ကေ့စ်၊ နားကြပ်၊ ပါဝါဘန့်နဲ့  အားသွင်းစက်တွေပါဝင်ပါတယ်။ စတိုးဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးလိုက်ပြီ ဖြစ်ပြီး သူတို့ဟာ Xiaomi ထုတ်ကုန် အတုတွေကို ရောင်းနေတာ တော်တော်ကြာနေပြီလို့ သိရပါတယ်။

Fake Xiaomi products worth INR 33.3 lakh confiscated from Bangalore and Chennai

Xiaomi ဟာ ထုတ်ကုန် အစစ် ဟုတ် ၊ မဟုတ် ခွဲခြားနိုင်တဲ့ နည်းလမ်းတွေကို ကြေညာထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

၁။ တချို့ ထုတ်ကုန်တွေမှာ Security Code တွေပါပြီး mi.com မှာ ပစ္စည်း စစ်၊ မစစ် စစ်ဆေးနိုင်ပါတယ်။ ဥပမာ။  ။ Mi Powerbanks , Audio Products

၂။ ပစ္စည်း အစစ်နဲ့ အတုတွေဟာ ထုတ်ပိုးမှု အရမ်းကွဲပြားကြပြီး ပစ္စည်း အစစ် ထုတ်ပိုးမှုကို Mi Home/ Mi Store မှာ စစ်ဆေးနိုင်ပါတယ်။

၃။ ထုတ်ကုန်မှာ Mi Logo ပါလာရမှာ ဖြစ်ပြီး mi.com မှာ Logo အစစ်ကို လေ့လာနိုင်ပါတယ်။

၄။ Mi Band လို Fitness Tracker တွေမှာ Mi Fit App Compatibility ပါပါတယ်။

၅။ အားသွင်းကြိုး အတုတွေဟာ ပျက်ဆီးလွယ်ကြပါတယ်။

Ref : digit.in