Unicode

Fast & Furious Movie Series ကိုတော့ ရုပ်ရှင်ကြည့်ဖြစ်တဲ့သူအကုန်လုံးနီးပါး သိပြီးဖြစ်မှာပါ။ အခုလည်း ဒီ Fast & Furious ရုပ်ရှင်ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ် ဂိမ်းအသစ်ဖြစ်တဲ့ Fast & Furious Crossroads ကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ The Game Awards မှာ ကြေညာသွားခဲ့ပါတယ်။

အဆိုပါ Fast & Furious ဂိမ်းအသစ်ဟာ တခြား Fast & Furious ဂိမ်းတွေနဲ့မတူညီဘဲ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေဖြစ်တဲ့ Michelle Rodriguez ၊ Vin Diesel နဲ့ Tyrese Gibson တွေကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ဂိမ်းတစ်ခုထက် ရုပ်ရှင်ဇတ်လမ်းတစ်ခုနဲ့ပိုဆင်တူနေမှာပါ။

ဒီ Fast & Furious Crossroads ဂိမ်းအတွက် Trailer ကိုပါ ပြသခဲ့ပေမယ့် တကယ့် Gameplay ပိုင်းမှာ ဘယ်လိုမျိုး ဆော့ကစားရမလဲဆိုတာကိုတော့ ပြောကြားသွားခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီအတွက် ဖြစ်နိုင်တာက Arcade Racing နဲ့ Team-based ၊ Vehicular-heist Action Game တစ်ခုဖြစ်လာနိုင်ပါတယ်။

လောလောဆယ်မှာတော့ ဒီ Trailer မှာပါဝင်တဲ့ In-game Graphic တွေအပေါ် ဝေဖန်မှုတွေခံနေရပေမယ့် အခုဂိမ်းကို နာမည်ကြီး Racing Game တစ်ခုဖြစ်တဲ့ Project Cars Creator တွေဖြစ်တဲ့ Slightly Mad Studios နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် တကယ်တမ်းထွက်ရှိလာတဲ့အချိန်ကြရင်တော့ ကောင်းမွန်တဲ့ဂိမ်းတစ်ခုဖြစ်လာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

အခု Fast & Furious Crossroads ဂိမ်းကို PC ၊ PS4 နဲ့ Xbox One အတွက် ထွက်ရှိလာမှာဖြစ်ပြီးတော့ လာမယ့် မေလ ၂၀၂၀ မှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Ref – The Verge

Zawgyi

Fast & Furious Movie Series ကိုေတာ့ ႐ုပ္ရွင္ၾကည့္ျဖစ္တဲ့သူအကုန္လုံးနီးပါး သိၿပီးျဖစ္မွာပါ။ အခုလည္း ဒီ Fast & Furious ႐ုပ္ရွင္ပရိသတ္ေတြအတြက္ စိတ္ဝင္စားဖြယ္ ဂိမ္းအသစ္ျဖစ္တဲ့ Fast & Furious Crossroads ကို ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ျပဳလုပ္ခဲ့တဲ့ The Game Awards မွာ ေၾကညာသြားခဲ့ပါတယ္။

အဆိုပါ Fast & Furious ဂိမ္းအသစ္ဟာ တျခား Fast & Furious ဂိမ္းေတြနဲ႔မတူညီဘဲ ႐ုပ္ရွင္ထဲက သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Michelle Rodriguez ၊ Vin Diesel နဲ႔ Tyrese Gibson ေတြကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္ထားမွာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဂိမ္းတစ္ခုထက္ ႐ုပ္ရွင္ဇတ္လမ္းတစ္ခုနဲ႔ပိုဆင္တူေနမွာပါ။

ဒီ Fast & Furious Crossroads ဂိမ္းအတြက္ Trailer ကိုပါ ျပသခဲ့ေပမယ့္ တကယ့္ Gameplay ပိုင္းမွာ ဘယ္လိုမ်ိဳး ေဆာ့ကစားရမလဲဆိုတာကိုေတာ့ ေျပာၾကားသြားျခင္းမရွိခဲ့ပါဘူး။ အဲ့ဒီအတြက္ ျဖစ္ႏိုင္တာက Arcade Racing နဲ႔ Team-based ၊ Vehicular-heist Action Game တစ္ခုျဖစ္လာႏိုင္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ဒီ Trailer မွာပါဝင္တဲ့ In-game Graphic ေတြအေပၚ ေဝဖန္မႈေတြခံေနရေပမယ့္ အခုဂိမ္းကို နာမည္ႀကီး Racing Game တစ္ခုျဖစ္တဲ့ Project Cars Creator ေတြျဖစ္တဲ့ Slightly Mad Studios နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့အတြက္ တကယ္တမ္းထြက္ရွိလာတဲ့အခ်ိန္ၾကရင္ေတာ့ ေကာင္းမြန္တဲ့ဂိမ္းတစ္ခုျဖစ္လာမလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

အခု Fast & Furious Crossroads ဂိမ္းကို PC ၊ PS4 နဲ႔ Xbox One အတြက္ ထြက္ရွိလာမွာျဖစ္ၿပီးေတာ့ လာမယ့္ ေမလ ၂၀၂၀ မွာ ေဆာ့ကစားႏိုင္မွာျဖစ္ပါတယ္။

Ref – The Verge