မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်ပေါင်း ၇၀ အထိ ထပ်မံတိုးချဲ့ လိုက်ပြီဖြစ်​ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ထို့အပြင် ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ကို အောက်တိုဘာလအတွင်း တပ်ဆင်ပါက သီတင်းကျွတ်အကြို ပရိုမိုးရှင်းအနေဖြင့် နိုဝင်ဘာလအတွက် (၁) လစာ အခမဲ့အသုံးပြုခွင့်ကို ရရှိနိုင်မည် ဖြစ်သည်။

MPT အ​​နေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမိုမြန်ဆန်စွာ တိုးချဲ့ဖြန့်ကျက်လျက်ရှိပြီး အောက်တိုဘာလအတွင်း တိုးချဲ့​ဆောင်ရွက်ထား​သော မြို့နယ်များကို အောက်ဖော်ပြပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။ ဝန်ဆောင်မှုရရှိနိုင်သည့် နေရာအသေးစိတ်ကိုလည်း https://bit.ly/34gWfyD တွင် ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

MPT ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက်ကို အသုံးပြုနေသူများနှင့် အသစ်တပ်ဆင် အသုံးပြုလိုသူများအတွက် မိမိတပ်ဆင်သည့် အမြန်နှုန်းအမျိုးအစားပေါ်မူတည်၍ မိုဘိုင်းလ်ဒေတာများ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့် နှင့် အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များကိုပါ MPT မိုဘိုင်းလ်ဖုန်း (၅)လုံးအထိ ထပ်ဆောင်း အကျိုးကျေးဇူးများကို အောက်ပါ နှုန်းထားများအလိုက် ရရှိခံစားနိုင်ပါသည်။

“အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာတဲ့ကာလမှာ အိမ်မှာနေပြီး အလုပ်လုပ်နေရတဲ့သူတွေ အတွက်သာမက အွန်လိုင်းသင်တန်းတက်နေရတဲ့သူတွေ ၊ မြန်နှုန်းမြင့် ဂိမ်းတွေကို အွန်လိုင်းကနေ အကန့်အသတ်မဲ့ ဆော့ကစားလိုသူတွေနဲ့ သီတင်းကျွတ်ပိတ်ရက်တွေမှာ အွန်လိုင်းကတစ်ဆင့် live show ဖျော်ဖြေပွဲတွေကို ကြည့်ရှုပြီးအနားယူအပန်းဖြေသူတွေအတွက် မြန်ဆန် သက်သာပြီး စိတ်ချယုံကြည်ရတဲ့ မြန်နှုန်းမြင့် MPT ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို အထူးနှုန်းထားတွေနဲ့အတူ သီတင်းကျွတ်အကြို ပရိုမိုးရှင်း အစီအစဥ်ကိုပါ ထပ်မံပြီး မိတ်ဆက်ခွင့်ရတဲ့ အတွက်အထူး ဝမ်းမြောက်မိပါတယ်။ သီတင်းကျွတ်ကာလမှာ အားလုံးပဲ ကိုယ်ချစ်တဲ့သူ​တွေနဲ့ ကျန်းမာ​ပျော်ရွှင်ပါ​စေ လို့ ဆုမွန်​ကောင်း​တောင်းလိုက်ပါတယ်” ဟု MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးကိုကိုအောင်က ပြောကြားခဲ့သည်။

မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် MPT ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ကို ရယူအသုံးပြုလိုသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အချိန် အိမ်တွင်နေထိုင်စဉ် ကာလအတွင်း https://www.mpt.com.mm/mm/dome-pyan-form-individuals-mm/ မှတစ်ဆင့် ဝင်ရောက်လျှောက် ထားနိုင်ပြီး MPT ၏ FTTH ဘေလ်အပါအဝင် အခြား အသုံးပြုပြီးမှပေးချေရသည့် ဘေလ်ပေးဆောင် မှုများအတွက် MEB online payment၊ CB၊ KBZ၊ AYA၊ MAB Mobile Banking နှင့် MPT Money တို့မှ တစ်ဆင့် ဝန်ဆောင်ခပေးချေခြင်းကို လွယ်လင့်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

MPT အနေဖြင့် သုံးစွဲသူများအားလုံးကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်နေသည့်အပြင် လူမှုအကျိုးပြု လှုပ်ရှားမှုများအနေဖြင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မြင့်မားလာသည့်ကာလ၌ မရှိမဖြစ်လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သော ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုနှင့် ဖုန်းလိုင်းဆက်သွယ်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ အသွားအလာ ကန့်သတ်ဆောင်ရွက်မှု နေရာ (Quarantine Center) များနှင့် ကုသရေးဌာနများတွင်ဆောင်ရွက် ပေးခဲ့ကာ မြန်နှုန်းမြင့် FTTH နှင့် B2B ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ၊ PSTN အော်တိုတယ်လီဖုန်းဝန်ဆောင်မှုနှင့် VOIP ဖုန်းလိုင်းများကို တပ်ဆင်ပေးခဲ့ပြီး ရန်ကုန်မြို့၊ သုဝဏ္ဏ ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ နှင့် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာတို့တွင် ဖိုင်ဘာအင်တာနက် ဆက်သွယ်မှုနှင့် Wi-Fi ကွန်ရက်စနစ် တပ်ဆင်ခြင်းကိုလည်း တိုးချဲ့ချိတ်ဆက် လှူဒါန်းခဲ့ပါသည်။

MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ *2800# ကို ခေါ်ဆို၍လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။

Source – MPT