အလုပ်သမားနေ့ အားလပ်ရက် နောက်ဆုံးနေ့မှာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို၊  ဒန်ဗာက Tesla ရဲ့ လျှပ်စစ်ကား အားသွင်း Station မှာ သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ Tesla ကားပိုင်ရှင် ၂ ယောက် အားသွင်းတာနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်ရာကနေ ၁ ယောက်ဟာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

Hoeveel kost een Tesla-lading? - GREEN DRIVE NEWS

အဲဒီလူ ၂ ယောက်စလုံးဟာ သေနတ်တွေ ကိုင်ထားကြပြီး အသက်သေသွားသူက ပစ်သူရဲ့ ကားဆီသွားရာကနေ ပစ်သတ်ခံလိုက်ရတာပါ။ ပစ်သူက ရဲတွေ မလာခင် ထွက်ပြေးသွားပေမယ့် အခုတော့ အဖမ်းခံလိုက်ရပါပြီ။ အခုလို ပစ်ခတ်ခံရတဲ့ အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေတုန်း ဖြစ်ပါတယ်။

အားသွင်းစက်ကို လုပြီး အားသွင်းရာကနေ အခုလို ပြဿနာ ဖြစ်တာလို့ အွန်လိုင်းမှာ ပြောနေကြပြီး အားသွင်း Station တွေမှာ တန်းစီတဲ့ စနစ်ကို Tesla က အမြန်ဆုံးပြုလုပ်ပေးသင့်တယ်လို့ ဝေဖန်နေကြပါတယ်။ လျှပ်စစ်ကားတွေကို သုံးစွဲသူ များပြားလာတဲ့အတွက် အားသွင်း Station တွေ ပိုမိုလိုအပ်လာကြပါတယ်။ အားသွင်း Station တွေမှာ အချိန်များစွာကြာအောင် စောင့်ဆိုင်းရတဲ့ ပြဿနာတွေလည်း ရှိလာပါတယ်။

Tesla

အခု Tesla အားသွင်း Station မှာ သေနတ်နဲ့ပစ်ခတ်မှုဟာ လျှပ်စစ်ကား အားသွင်းတဲ့ အခြေခံ အဆောက်အဦးတွေကိုအဆင့်မြှင့်တင်ဖို့ လိုအပ်နေတယ်ဆိုတာ သက်သေပြနေပါတယ်။ လျှပ်စစ်ကားတွေ လူကြိုက်များလာတာနဲ့အမျှ အားသွင်း Station တွေ ပိုမိုလိုအပ်လာပါတယ်။ အစိုးရနဲ့ ကုမ္ပဏီတွေဟာ အားသွင်းစက်တွေမှာ စောင့်ဆိုင်းရတဲ့ အချိန် နည်းပါးအောင် အတူတကွ လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။

Ref : gizmochina