[Zawgyi]

Samsung ဟာ Galaxy A လိုင္းနဲ႔အတူ Mid-range ေဈးကြက္ေဝစုကို ၿပိဳင္ဘက္ေတြဆီကေန မွ်ယူဖို႔ အခြင့္အလမ္းေကာင္းကို ရခဲ့တဲ့ေနာက္ သူတို႔ရဲ႕ မဟာဗ်ဴဟာကို ဆက္ၿပီးအားေကာင္းေစမယ့္ ေျခလွမ္းေတြကို ေလွ်ာက္လွမ္းေနတယ္လို႔ ဆိုရမွာပါ။

အခုလည္း ကိုရီးယားကုမၸဏီႀကီးဟာ Galaxy A လိုင္းထဲမွာမွ ေဈးႏႈန္းအားျဖင့္ ပိုၿပီးနည္းပါးမယ့္ ေမာ္ဒယ္တစ္မ်ိဳးကို မိတ္ဆက္ႏိုင္ဖို႔ ျပဳလုပ္ေနၿပီျဖစ္ပါတယ္။ Galaxy A10e လို႔ အမည္ေပးထားတဲ့ စမတ္ဖုန္းအစိတ္အပိုင္း တစ္ခုကို FCC က အသိအမွတ္ျပဳလုပ္တယ္လို႔ သိရပါတယ္။ ဒီသတင္းကို အစဆြဲထုတ္လိုက္တာကေတာ့ XDA ရဲ႕ Max Weinbach ပါ။

Samsung Galaxy A10e နဲ႔ ပတ္သက္ၿပီး အခ်က္အလက္ အမ်ားႀကီးေတာ့ရထားတာမဟုတ္ပါဘူး။ တစ္ခုတည္းေသာ သတင္းအခ်က္အလက္က FCC ရဲ႕ အခ်က္အလက္ဖိုင္ေတြဆီမွာ ေမာ္ဒယ္နံပါတ္ (SM-A102U) နဲ႔ ဟန္းဆက္ရဲ႕ အမည္ကို ေတြ႕ရတာပဲ ျဖစ္ပါတယ္။ ဒီစမတ္ဖုန္းက Bluetooth နဲ႔ Wi-Fi အသိအမွတ္ျပဳမႈလည္း ရရွိၿပီးသား ျဖစ္ပါတယ္။

ဒီေနာက္ပိုင္း ရွာေဖြေတြ႕ရွိမႈကေတာ့ Galaxy A10e ကို Geekbench benchmark test site မွာလည္း ေတြ႕ခဲ့ရတယ္ ဆိုတာပါ။ Exynos 7884 Chipset နဲ႔ 2GB of RAM ကို တြဲထားတာျဖစ္ပါတယ္။ အစိတ္အပိုင္းအမ်ားစုက Galaxy A10 နဲ႔ သိပ္မကြာဘူးလို႔လည္း သိရပါတယ္။

ဒီေတာ့ Samsung Galaxy A10e ဟာ 6.2-inch LCD မ်က္ႏွာျပင္၊ 720 x 1520 HD+ resolution မ်ိဳးျဖစ္ႏိုင္ပါတယ္။ ေက်ာဘက္ကင္မရာတစ္လုံး၊ Selfie ကင္မရာတစ္လုံး 32GB storage, 3,400mAh ဘက္ထရီ ဆိုတာမ်ိဳးလည္း ျဖစ္လာႏိုင္ပါတယ္။ Galaxy A10e နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြထပ္ၿပီး ေပၚထြက္လာရင္ေတာ့ ဆက္လက္ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

Samsung ရဲ့ Entry-Level Mid-Range ဖုန်းတစ်လုံးကို FCC မှာတွေ့မြင်ရ

Samsung ဟာ Galaxy A လိုင်းနဲ့အတူ Mid-range ဈေးကွက်ဝေစုကို ပြိုင်ဘက်တွေဆီကနေ မျှယူဖို့ အခွင့်အလမ်းကောင်းကို ရခဲ့တဲ့နောက် သူတို့ရဲ့ မဟာဗျူဟာကို ဆက်ပြီးအားကောင်းစေမယ့် ခြေလှမ်းတွေကို လျှောက်လှမ်းနေတယ်လို့ ဆိုရမှာပါ။

အခုလည်း ကိုရီးယားကုမ္ပဏီကြီးဟာ Galaxy A လိုင်းထဲမှာမှ ဈေးနှုန်းအားဖြင့် ပိုပြီးနည်းပါးမယ့် မော်ဒယ်တစ်မျိုးကို မိတ်ဆက်နိုင်ဖို့ ပြုလုပ်နေပြီဖြစ်ပါတယ်။ Galaxy A10e လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းအစိတ်အပိုင်း တစ်ခုကို FCC က အသိအမှတ်ပြုလုပ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို အစဆွဲထုတ်လိုက်တာကတော့ XDA ရဲ့ Max Weinbach ပါ။

Samsung Galaxy A10e နဲ့ ပတ်သက်ပြီး အချက်အလက် အများကြီးတော့ရထားတာမဟုတ်ပါဘူး။ တစ်ခုတည်းသော သတင်းအချက်အလက်က FCC ရဲ့ အချက်အလက်ဖိုင်တွေဆီမှာ မော်ဒယ်နံပါတ် (SM-A102U) နဲ့ ဟန်းဆက်ရဲ့ အမည်ကို တွေ့ရတာပဲ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းက Bluetooth နဲ့ Wi-Fi အသိအမှတ်ပြုမှုလည်း ရရှိပြီးသား ဖြစ်ပါတယ်။

ဒီနောက်ပိုင်း ရှာဖွေတွေ့ရှိမှုကတော့ Galaxy A10e ကို Geekbench benchmark test site မှာလည်း တွေ့ခဲ့ရတယ် ဆိုတာပါ။ Exynos 7884 Chipset နဲ့ 2GB of RAM ကို တွဲထားတာဖြစ်ပါတယ်။ အစိတ်အပိုင်းအများစုက Galaxy A10 နဲ့ သိပ်မကွာဘူးလို့လည်း သိရပါတယ်။

ဒီတော့ Samsung Galaxy A10e ဟာ 6.2-inch LCD မျက်နှာပြင်၊ 720 x 1520 HD+ resolution မျိုးဖြစ်နိုင်ပါတယ်။ ကျောဘက်ကင်မရာတစ်လုံး၊ Selfie ကင်မရာတစ်လုံး 32GB storage, 3,400mAh ဘက်ထရီ ဆိုတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ Galaxy A10e နဲ့ ပတ်သက်တဲ့ အချက်အလက်တွေထပ်ပြီး ပေါ်ထွက်လာရင်တော့ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Ref: Phone Arena