[Zawgyi]

LG ရဲ႕ ေနာက္ထြက္လာမယ့္ Flagship စမတ္ဖုန္းအသစ္ဟာ FCC အတည္ျပဳခ်က္ရယူႏုိင္ခဲ့တာကို ျမင္ေတြ႕လိုက္ရၿပီး အခ်က္အလက္ေတြထဲမွာ မတူညီတဲ့ ေမာ္ဒယ္သုံးမ်ဳိးပါဝင္တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ သူ႕ရဲ႕ ေမာ္ဒယ္နံပါတ္ေတြကေတာ့ LM-G820UM, LM-G820TM နဲ႔ LM-G820QM တုိ႔ပဲျဖစ္ပါတယ္။

ဒါေပမယ့္ FCC အတည္ျပဳခ်က္ ထုတ္ျပန္မႈမွာ WLAN, Bluetooth, NFC တုိ႔အျပင္ အျခား Specs ေတြ ေဖာ္ျပတာကိုေတာ့ မျမင္ခဲ့ရပါဘူး။ LG G8 စမတ္ဖုန္းသစ္ဟာ ေဖေဖာ္ဝါရီလကုန္ခါနီးမွာ က်င္းပမယ့္ MWC ပြဲမွာ မိတ္ဆက္လာမယ္လို႔ ယူဆရၿပီး အဆုိပါပြဲမွာ ေတာင္ကိုရီးယားအေျခစိုက္ LG ကုမၸဏီကလည္း သူ႕ရဲ႕ စမတ္ဖုန္းအသစ္ အပါအဝင္ ထုတ္ကုန္သစ္ေတြကို ျပသသြားမွာျဖစ္ပါတယ္။

G8 စမတ္ဖုန္းမွာ သူ႕ရဲ႕ Display မွန္ျပင္နဲ႔ Downward Firing စပီကာတုိ႔ကို ပူးေပါင္းၿပီး အသံေပးစနစ္ ဖန္တီးလာမယ္လို႔ LG ကအတည္ျပဳခဲ့ၿပီးသားပါ။ ဒါ့အျပင္ ပုိေကာင္းတဲ့ Face Unlock နဲ႔ အလင္းအားနည္းတဲ့ ေနရာေတြမွာပါ ျပတ္သားတဲ့ ဆယ္ဖီရုိက္ကူးႏုိင္စြမ္းတုိ႔ ရရွိႏုိင္ေအာင္ ေရွ႕ဆယ္ဖီကင္မရာမွာ ToF Sensor တစ္ခု ထည့္သြင္းထားတာကိုလည္း Tease လုပ္ခဲ့ပါေသးတယ္။

ယခင္ထြက္ခဲ့တဲ့ သတင္းေတြမွာေတာ့ LG G8 ThinQ စမတ္ဖုန္းမွာ 3,500 mAh ဘကၳရီ၊ 6.1” လက္မ 19.5:9 အခ်ဳိးရွိတဲ့ Display တုိ႔ ပါဝင္လာမယ္လို႔ ဆုိထားပါတယ္။ အတြင္းမွာ Qualcomm ရဲ႕အသစ္စက္စက္ Snapdragon 855 CPU ကိုအသုံးျပဳလာမွာျဖစ္ၿပီး ေနာက္ဘက္မွာ Dual ကင္မရာတစ္စုံကို အလ်ားလိုက္ ကန္႔လန္႔ျဖတ္ ထည့္သြင္းလာမွာျဖစ္တယ္။

LG ကုမၸဏီဟာ LG G8 ThinQ စမတ္ဖုန္းကို လာမယ့္ ၂၄ ရက္ေန႔မွာ ေၾကျငာသြားဖို႔ အတည္ျပဳထားတဲ့ အတြက္ စပိန္ႏုိင္ငံမွာ က်င္းပသြားမယ့္ MWC 2019 ပြဲကို ဆက္လက္ေစာင့္ေမွ်ာ္ရဦးမွာပါ။

Ref – GSM Arena

[Unicode]

LG ရဲ့ နောက်ထွက်လာမယ့် Flagship စမတ်ဖုန်းအသစ်ဟာ FCC အတည်ပြုချက်ရယူနိုင်ခဲ့တာကို မြင်တွေ့လိုက်ရပြီး အချက်အလက်တွေထဲမှာ မတူညီတဲ့ မော်ဒယ်သုံးမျိုးပါဝင်တာကိုလည်း တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ မော်ဒယ်နံပါတ်တွေကတော့ LM-G820UM, LM-G820TM နဲ့ LM-G820QM တို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် FCC အတည်ပြုချက် ထုတ်ပြန်မှုမှာ WLAN, Bluetooth, NFC တို့အပြင် အခြား Specs တွေ ဖော်ပြတာကိုတော့ မမြင်ခဲ့ရပါဘူး။ LG G8 စမတ်ဖုန်းသစ်ဟာ ဖေဖော်ဝါရီလကုန်ခါနီးမှာ ကျင်းပမယ့် MWC ပွဲမှာ မိတ်ဆက်လာမယ်လို့ ယူဆရပြီး အဆိုပါပွဲမှာ တောင်ကိုရီးယားအခြေစိုက် LG ကုမ္ပဏီကလည်း သူ့ရဲ့ စမတ်ဖုန်းအသစ် အပါအဝင် ထုတ်ကုန်သစ်တွေကို ပြသသွားမှာဖြစ်ပါတယ်။

G8 စမတ်ဖုန်းမှာ သူ့ရဲ့ Display မှန်ပြင်နဲ့ Downward Firing စပီကာတို့ကို ပူးပေါင်းပြီး အသံပေးစနစ် ဖန်တီးလာမယ်လို့ LG ကအတည်ပြုခဲ့ပြီးသားပါ။ ဒါ့အပြင် ပိုကောင်းတဲ့ Face Unlock နဲ့ အလင်းအားနည်းတဲ့ နေရာတွေမှာပါ ပြတ်သားတဲ့ ဆယ်ဖီရိုက်ကူးနိုင်စွမ်းတို့ ရရှိနိုင်အောင် ရှေ့ဆယ်ဖီကင်မရာမှာ ToF Sensor တစ်ခု ထည့်သွင်းထားတာကိုလည်း Tease လုပ်ခဲ့ပါသေးတယ်။

ယခင်ထွက်ခဲ့တဲ့ သတင်းတွေမှာတော့ LG G8 ThinQ စမတ်ဖုန်းမှာ 3,500 mAh ဘက္ထရီ၊ 6.1” လက်မ 19.5:9 အချိုးရှိတဲ့ Display တို့ ပါဝင်လာမယ်လို့ ဆိုထားပါတယ်။ အတွင်းမှာ Qualcomm ရဲ့အသစ်စက်စက် Snapdragon 855 CPU ကိုအသုံးပြုလာမှာဖြစ်ပြီး နောက်ဘက်မှာ Dual ကင်မရာတစ်စုံကို အလျားလိုက် ကန့်လန့်ဖြတ် ထည့်သွင်းလာမှာဖြစ်တယ်။

LG ကုမ္ပဏီဟာ LG G8 ThinQ စမတ်ဖုန်းကို လာမယ့် ၂၄ ရက်နေ့မှာ ကြေငြာသွားဖို့ အတည်ပြုထားတဲ့ အတွက် စပိန်နိုင်ငံမှာ ကျင်းပသွားမယ့် MWC 2019 ပွဲကို ဆက်လက်စောင့်မျှော်ရဦးမှာပါ။

Ref – GSM Arena