Realme 5i ကို ဇန်နဝါရီလ ၆ ရက်နေ့ကမှ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက နောက်မျိုးဆက် Reame 6i ကို စတင် ဖန်တီးနေပြီဖြစ်ပြီး အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) မှာ မှတ်ပုံတင်လိုက်ပါတယ်။ FCC ကနေ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။
ဖုန်းရဲ့ မော်ဒယ်နာမည်ဟာ RMX2040 ဖြစ်ပြီး 18W Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ အရင်မျိုးဆက်မှာလည်း 5,000mAh ဘက်ထရီ ပါလာပေမယ့် 10W Charging ပဲ ထည့်သွင်းထားတာပါ။ Realme 6i မှာ USB-C မပါဘဲ microUSB ပဲသုံးထားတာက သိပ်မမိုက်ပါဘူး။ 3.5mm Headphone Jack ပါလာပါတယ်။
FCC က ဓါတ်ပုံတွေဟာ ရှင်းလင်းပြတ်သားခြင်း သိပ်မရှိပါဘူး။ ဒါပေမယ့် အနောက်ကင်မရာ ၄ လုံးထဲက ပင်မ ကင်မရာဟာ 48MP ဖြစ်ပြီး 12MP ပင်မ ကင်မရာပဲပါတဲ့ 5i ထက် အများကြီး တိုးတက်လာတာပါ။ Realme 6i မှာ အောက်က ကင်မရာ ၂ လုံးဟာ အရမ်းကို သေးပြီး 2MP Macro နဲ့ Depth Sensor တွေဖြစ်ပါတယ်။ အရင်မျိုးဆက်လိုပဲ ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။
realme UI မောင်းနှင်ထားနိုင်ပြီး Chipset ကို မသိရသေးပါဘူး။ အရွယ်အစား အပြည့်အစုံမှာ 164.4 x 75.x 9.0mm နဲ့ အလေးချိန်မှာ ၁၉၅ ဂရမ် ဖြစ်ပါတယ်။ မျက်နှာပြင် သတင်းအချက်အလက်ကို မသိရသေးပေမယ့် အရွယ်အစားဟာ 5i တူနေပါတယ်။ အဲဒီအတွက် ၆.၅၂ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး အဖြူရောင် ထုတ်လုပ်ထားပါတယ်။ 6i ကို FCC အပြင် အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ ရုရှားတို့မှာ မှတ်ပုံတင်ထားတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ရောင်းမှာ သေချာပါတယ်။
Ref : gsmarena