[Zawgyi]

အမ်ဳိးသမီးဂိမ္မာေတြအတြက္ အဓိကထားတဲ့ Female Esports League Mobile (FSL Mobile) ဟာ အခုတစ္ခါမွာေတာ့ Mobile Legends Bang Bang အတြက္ အေရွ႕ေတာင္အာရွအဆင့္ ၿပိဳင္ပြဲတစ္ခု က်င္းပသြားမွာျဖစ္ၿပီး ျမန္မာႏုိင္ငံက မိန္းကေလးဂိမ္မာေတြလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္မွာ ျဖစ္ပါတယ္။

သူ႕ရဲ႕ၿပိဳင္ပြဲပုံစံက စင္ကာပူႏုိင္ငံမွာ တကယ္က်င္းပမယ့္ ၿပိဳင္ပြဲႀကီးအတြက္ လက္ရည္စစ္ပြဲ (Qualifier) ျဖစ္တာမုိ႔ အႏုိင္ရမယ့္ အသင္းဟာ စင္ကာပူေဒၚလာ ၃၀၀၊ Diamond ေတြအျပင္ စင္ကာပူမွာ က်င္းပျပဳလုပ္မယ့္ FSL Elite Mobile Legends ၿပိဳင္ပြဲကိုလည္း စီစဥ္ေခၚယူေပးတာ ခံရမွာျဖစ္တယ္။

Register ျပဳလုပ္မယ့္သူေတြဟာ တစ္ေယာက္ခ်င္းျဖစ္ေစ၊ အသင္းလိုက္ျဖစ္ေစ FSL Mobile ရဲ႕ Facebook စာမ်က္ႏွာေပၚကေန တဆင့္ စာရင္းေပးဖို႔ လင့္ကို ေတြ႕ရွိႏုိင္ၿပီး အသင္းမရွိတဲ့သူေတြကိုလည္း တစ္ေယာက္ခ်င္း စာရင္းေပးရင္ အသင္းရွာေပးမယ္လို႔ ေျပာထားပါတယ္။

ဒါေပမယ့္ စာရင္းသြင္းရမယ့္လင့္ထဲ ဝင္ၾကည့္တဲ့အခါေတာ့ တစ္ေယာက္ခ်င္းသမားေတြအတြက္က အဆင့္ပိုမ်ားၿပီး အသင္းလိုက္ စာရင္းသြင္းရတာက အီးေမးလ္နဲ႔ အသင္းနာမည္ေလာက္ပဲ ေပးရတာကို ေတြ႕ရတာေၾကာင့္ အသင္းလုိက္ ဝင္တာေတာ့ ပိုအာရုံေနာက္သက္သာမွာျဖစ္သလို ကိုယ့္စိတ္ၾကိဳက္ Teammate ကိုလည္း ေရြးခ်ယ္ႏုိင္မွာပါ။

စာရင္းေပးကာလက ၂၄ ဧၿပီ ကေန ေမလ ၈ ရက္ေန႔ ေနာက္ဆုံးသာျဖစ္ၿပီး ၿပိဳင္ပြဲကို ေမလ ၁၅ – ၁၆ မွာ ယွဥ္ၿပိဳင္ေတာ့မွာပါ။ ဆုေၾကးေငြနည္းပါးေပမယ့္ မိန္းကေလးဂိမ္မာေတြအတြက္ လက္ရည္စမ္းခြင့္ရမယ့္ ပြဲတစ္ခုျဖစ္တဲ့အျပင္ ပထမဆုရခဲ့ရင္ စင္ကာပူႏုိင္ငံကိုပါ ေခၚယူကစားသြားမွာျဖစ္တဲ့အတြက္ လက္မလႊတ္သင့္တဲ့ အခြင့္အေရးတစ္ခုပါ။

[Unicode]

အမျိုးသမီးဂိမ်မာတွေအတွက် အဓိကထားတဲ့ Female Esports League Mobile (FSL Mobile) ဟာ အခုတစ်ခါမှာတော့ Mobile Legends Bang Bang အတွက် အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲတစ်ခု ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက မိန်းကလေးဂိမ်မာတွေလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ပြိုင်ပွဲပုံစံက စင်ကာပူနိုင်ငံမှာ တကယ်ကျင်းပမယ့် ပြိုင်ပွဲကြီးအတွက် လက်ရည်စစ်ပွဲ (Qualifier) ဖြစ်တာမို့ အနိုင်ရမယ့် အသင်းဟာ စင်ကာပူဒေါ်လာ ၃၀၀၊ Diamond တွေအပြင် စင်ကာပူမှာ ကျင်းပပြုလုပ်မယ့် FSL Elite Mobile Legends ပြိုင်ပွဲကိုလည်း စီစဉ်ခေါ်ယူပေးတာ ခံရမှာဖြစ်တယ်။

Register ပြုလုပ်မယ့်သူတွေဟာ တစ်ယောက်ချင်းဖြစ်စေ၊ အသင်းလိုက်ဖြစ်စေ FSL Mobile ရဲ့ Facebook စာမျက်နှာပေါ်ကနေ တဆင့် စာရင်းပေးဖို့ လင့်ကို တွေ့ရှိနိုင်ပြီး အသင်းမရှိတဲ့သူတွေကိုလည်း တစ်ယောက်ချင်း စာရင်းပေးရင် အသင်းရှာပေးမယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် စာရင်းသွင်းရမယ့်လင့်ထဲ ဝင်ကြည့်တဲ့အခါတော့ တစ်ယောက်ချင်းသမားတွေအတွက်က အဆင့်ပိုများပြီး အသင်းလိုက် စာရင်းသွင်းရတာက အီးမေးလ်နဲ့ အသင်းနာမည်လောက်ပဲ ပေးရတာကို တွေ့ရတာကြောင့် အသင်းလိုက် ဝင်တာတော့ ပိုအာရုံနောက်သက်သာမှာဖြစ်သလို ကိုယ့်စိတ်ကြိုက် Teammate ကိုလည်း ရွေးချယ်နိုင်မှာပါ။

စာရင်းပေးကာလက ၂၄ ဧပြီ ကနေ မေလ ၈ ရက်နေ့ နောက်ဆုံးသာဖြစ်ပြီး ပြိုင်ပွဲကို မေလ ၁၅ – ၁၆ မှာ ယှဉ်ပြိုင်တော့မှာပါ။ ဆုကြေးငွေနည်းပါးပေမယ့် မိန်းကလေးဂိမ်မာတွေအတွက် လက်ရည်စမ်းခွင့်ရမယ့် ပွဲတစ်ခုဖြစ်တဲ့အပြင် ပထမဆုရခဲ့ရင် စင်ကာပူနိုင်ငံကိုပါ ခေါ်ယူကစားသွားမှာဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။