[Zawgyi]

သုေတသနစစ္တမ္းတစ္ခုအရ အမ်ိဳးသမီး ၁၀ ေယာက္မွာ ၁ ေယာက္ဟာ လိင္စိတ္ဆႏၵ ေလ်ာ့နည္း ေနတယ္လို႔ သိရပါတယ္။ အေမရိကန္ အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရး ဌာနက လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က အမ်ိဳးသမီးမ်ား လိင္စိတ္ဆႏၵ ေလ်ာ့နည္းျခင္းရဲ႕ အက်ိဳးသက္ေရာက္မႈမ်ားကို ပိုမိုနားလည္ေစဖို႔ အစည္းအေ၀းတစ္ခု က်င္းပခဲ့ဖူးပါတယ္။ သုေတသန စစ္တမ္းအရ လိင္စိတ္ဆႏၵ နည္းပါးသြားၾကတဲ့ အမ်ိဳးသမီးမ်ားဟာ အိပ္ေထာင္ေရး မသာယာေတာ့သလို အိမ္ေထာင္ေရးမွာ ျပႆနာမ်ား ျဖစ္ပြားၾကတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ လူမႈေပါင္းသင္းဆက္ဆံေရး နယ္ပယ္မွာလည္း အဆင္မေျပျဖစ္ျခင္း၊ စိတ္အားငယ္ျခင္း၊ ၀မ္းနည္းျခင္းမ်ားလို စိတ္ေ၀ဒနာမ်ားကိုပါ ခံစားၾကရပါတယ္။

အခုေတာ့ AMAG Pharmaceuticals Inc က အဲဒီ ျပႆနာကို ေျဖရွင္းေပးေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီက Vyleesi လို႔ အမည္ေပးထားတဲ့ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို တိုးျမွင့္ေပးတဲ့ ေဆး၀ါးအသစ္တစ္ခုကို ထုတ္လုပ္လိုက္ပါတယ္။ သူ႕႔ကို Bremelanotide လို႔လည္း သိၾကပါတယ္။ သူ႔ကို FDA ကလည္း ခြင့္ျပဳလိုက္ပါၿပီ။ တစ္နည္းအားျဖင့္ သူဟာ အမ်ိဳးသားမ်ားအတြက္ ထုတ္လုပ္ထားတဲ့ Viagra နဲ႔ တူပါတယ္။

အဲဒီ ေဆးကို ထုတ္လုပ္တဲ့ AMAG Pharmaceuticals Inc မွ ေဆး၀ါးဆိုင္ရာ အရာရွိ ျဖစ္သူ Julie Krop က “ လိင္စိတ္ဆႏၵ ေလ်ာ့နည္းေနတဲ့  အမ်ိဳးသမီးမ်ားဟာ တကယ္ကို သနားစရာ ေကာင္းပါတယ္။ ဒီေဆးဟာ လိင္စိတ္ဆႏၵကို တိုးျမွင့္ေပးဖို႔သာ ထုတ္လုပ္ထားတာ မဟုတ္ဘဲ  အမ်ိဳးသမီးမ်ားရဲ႕ လူမႈ ေပါင္းသင္းဆက္ဆံမႈကို တိုးတက္ေစဖို႔ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ဘ၀ အရည္အေသြးကို အက်ိဳးသက္ေရာက္ေစပါတယ္။ ေဆးကို လိင္ဆက္ဆံမႈ မျပဳခင္ ၄၅ မိနစ္ေလာက္ ႀကိဳေသာက္ရင္ အဆင္ေျပပါတယ္။ “ လို႔ ေျပာပါတယ္။

ေဆးပညာရွင္မ်ားက Hypoactive Sexual Desire Disorder or HSDD လို႔ ေခၚတဲ့ ေရာဂါဟာ အလြန္ကို အေလးထားစရာေကာင္းတယ္လို႔ ေျပာေနၾကပါတယ္။ ယခုေဆးက အဲဒီ ေရာဂါကိုလည္း ကုသေပးႏုိင္တယ္လို႔ သိရပါတယ္။

Ref : sciencealert

[Unicode]

FDA က အမျိုးသမီးများအတွက် လိင်စိတ်ဆန္ဒ တိုးမြှင့်ဆေးကို ခွင့်ပြုလိုက်ပြီ

သုတေသနစစ်တမ်းတစ်ခုအရ အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်ဟာ လိင်စိတ်ဆန္ဒ လျော့နည်း နေတယ်လို့ သိရပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမျိုးသမီးများ လိင်စိတ်ဆန္ဒ လျော့နည်းခြင်းရဲ့ အကျိုးသက်ရောက်မှုများကို ပိုမိုနားလည်စေဖို့ အစည်းအဝေးတစ်ခု ကျင်းပခဲ့ဖူးပါတယ်။ သုတေသန စစ်တမ်းအရ လိင်စိတ်ဆန္ဒ နည်းပါးသွားကြတဲ့ အမျိုးသမီးများဟာ အိပ်ထောင်ရေး မသာယာတော့သလို အိမ်ထောင်ရေးမှာ ပြဿနာများ ဖြစ်ပွားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာလည်း အဆင်မပြေဖြစ်ခြင်း၊ စိတ်အားငယ်ခြင်း၊ ဝမ်းနည်းခြင်းများလို စိတ်ဝေဒနာများကိုပါ ခံစားကြရပါတယ်။

အခုတော့ AMAG Pharmaceuticals Inc က အဲဒီ ပြဿနာကို ဖြေရှင်းပေးတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Vyleesi လို့ အမည်ပေးထားတဲ့ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို တိုးမြှင့်ပေးတဲ့ ဆေးဝါးအသစ်တစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။ သူ့ကို Bremelanotide လို့လည်း သိကြပါတယ်။ သူ့ကို FDA ကလည်း ခွင့်ပြုလိုက်ပါပြီ။ တစ်နည်းအားဖြင့် သူဟာ အမျိုးသားများအတွက် ထုတ်လုပ်ထားတဲ့ Viagra နဲ့ တူပါတယ်။

အဲဒီ ဆေးကို ထုတ်လုပ်တဲ့ AMAG Pharmaceuticals Inc မှ ဆေးဝါးဆိုင်ရာ အရာရှိ ဖြစ်သူ Julie Krop က “ လိင်စိတ်ဆန္ဒ လျော့နည်းနေတဲ့ အမျိုးသမီးများဟာ တကယ်ကို သနားစရာ ကောင်းပါတယ်။ ဒီဆေးဟာ လိင်စိတ်ဆန္ဒကို တိုးမြှင့်ပေးဖို့သာ ထုတ်လုပ်ထားတာ မဟုတ်ဘဲ အမျိုးသမီးများရဲ့ လူမှု ပေါင်းသင်းဆက်ဆံမှုကို တိုးတက်စေဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀ အရည်အသွေးကို အကျိုးသက်ရောက်စေပါတယ်။ ဆေးကို လိင်ဆက်ဆံမှု မပြုခင် ၄၅ မိနစ်လောက် ကြိုသောက်ရင် အဆင်ပြေပါတယ်။ “ လို့ ပြောပါတယ်။

ဆေးပညာရှင်များက Hypoactive Sexual Desire Disorder or HSDD လို့ ခေါ်တဲ့ ရောဂါဟာ အလွန်ကို အလေးထားစရာကောင်းတယ်လို့ ပြောနေကြပါတယ်။ ယခုဆေးက အဲဒီ ရောဂါကိုလည်း ကုသပေးနိုင်တယ်လို့ သိရပါတယ်။

Ref : sciencealert