Device တွေအကြားမှာ File transferring လုပ်တာက Platform တူရင် ပြဿနာမရှိပေမယ့်၊ မတူရင်တော့ အတော်လေး တိုင်ပတ်တတ်ပါတယ်။ iPhone တွေဟာ Bluetooth File Sharing နဲ့ အဆင်မပြေသလို၊ macOS ဆိုရင်လည်း Bluetooth radio က တကယ့်ကိုဆိုးဆိုးပါပဲ။

Send Anywhere ကတော့ ဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးထားသလို၊ အခမဲ့သုံးနိုင်တဲ့ Application အဖြစ်လည်း ထုတ်ပေးထားတာ တွေ့ရပါတယ်။ ဒီ Cross-platform application ဟာ အသုံးပြုရတာလွယ်ကူသလို၊ မြန်ဆန်ပြီး မျှော်လင့်ထားတာထက်လည်း ပိုသဘောကျရစေတယ်လို့ ဆိုချင်ပါတယ်။

App ရဲ့ နာမည်က ရိုးရှင်းသလို၊ Interface ပိုင်းကလည်း အသုံးပြုသူကို မျက်စိမရှုပ်စေပါဘူး။ Desktop app မှာလည်း Sending/receiving buttons, nearby devices, transferred files စတာတွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့ပြီး လွယ်လွယ်ကူကူအသုံးပြုနိုင်တဲ့ ဒီဇိုင်းပိုင်းကိုပဲ တွေ့မြင်ရပါတယ်။ iOS app မှာတော့ file types တွေကို သီးခြား Tabs တွေနဲ့ ခွဲခြားထားပါတယ်။ ဒါပေမယ့် ဒီဇိုင်းဖွဲ့စည်းပုံက Android App နဲ့ အတော်လေးကို ဆင်တူတာပါ။

လက်တွေ့အသုံးပြုမှုအပိုင်းမှာလည်း Platform အတော်များများကို ထောက်ပံ့ပေးတာအပြင်၊ မတူညီတဲ့ Platform တွေမှာ File transfer ပြုလုပ်ပေမယ့် မြန်နှုန်းက သိသိသာသာနိမ့်သွားတာမျိုး မတွေ့ရပါဘူး။ Chrome Extension နဲ့လည်းသုံးနိုင်ပြီး 10GB အရွယ်အစားရှိတဲ့ဖိုင်တွေကိုလည်း တိုက်ရိုက်ပေးပို့နိုင်ပါတယ်။

အခုဖော်ပြမယ့်အချက်ကတော့ Send Anywhere ကို စမ်းသုံးကြည့်ဖို့ တွေဝေနေစရာမလိုတဲ့ အချက်လို့ပဲ ဆိုချင်ပါတယ်။ အဲဒါကတော့ “Share Link” နည်းလမ်းကိုအသုံးပြုမယ်ဆိုရင် လက်ခံသူမှာ Send Anywhere ကို Install လုပ်ထားစရာမလိုဘဲ လက်ခံနိုင်မှာဖြစ်ပါတယ်။ “Share Link” မှာ ပေးပို့သူနဲ့ လက်ခံသူအတွက် Link တစ်ခု ဖန်တီးပေးလိုက်တာဖြစ်ပြီး ဒီ Link ကတစ်ဆင့် ၂၄ နာရီအတွင်း Download ဆွဲယူနိုင်မှာပဲ ဖြစ်ပါတယ်။

အကယ်၍ Android မှာ Send Anywhere ကို အသုံးပြုနေတယ်ဆိုရင်တော့ ကိုယ့်အကြိုက်ဆုံး Messenger က link ကို တိုက်ရိုက်ထုတ်နိုင်ပါတယ်။ ဒါကတော့ “Quick Link Share” လို့ ခေါ်ပါတယ်။ Send Anywhere မှာ Web widget တို့လို တခြားကောင်းမွန်တဲ့ အချက်တွေရှိနေသေးပေမယ့် အခုဖော်ပြလိုက်တဲ့အချက်တွေကတင် စမ်းသုံးကြည့်ချင်စရာဖြစ်နေပြီလို့ ဆိုချင်ပါတယ်။

Get “Send Anywhere” here

 

Ref: Google