၂၀၁၇ ခုႏွစ္၊ ႏွစ္လယ္ပုိင္းထဲက မိတ္ဆက္ခဲ့တဲ့ ကင္မရာနည္းပညာထုတ္လုပ္သူ Red ရဲ႕ Hydrogen One စမတ္ဖုန္းဟာ ေနာက္ဆုံးေတာ့ ေစ်းကြက္ထဲ ျဖန္႔ခ်ိဖို႔ အသင့္ျဖစ္လာခဲ့ပါျပီ။ ၾကိဳတင္မွာယူထားသူေတြ အခုေလာက္ဆုိရင္ ရရွိေနေလာက္ျပီ ျဖစ္ျပီး ေစ်းကြက္ထဲကိုလည္း မၾကာမတင္ ေရာက္လာမွာျဖစ္ပါတယ္။

ဒီဖုန္းကို စတင္ေၾကျငာစဥ္ကေတာ့ ေဒၚလာ ၁၂၀၀ နဲ႔ျဖစ္ေပမယ့္ အခုအခါမွာေတာ့ ေဒၚလာ ၁၂၉၅ အျဖစ္ ေစ်းႏႈန္းျမင့္တက္သြားပါတယ္။ ဟန္းဆက္ကိုေတာ့ ႏုိဝင္ဘာ ၂ ရက္ေန႔မွာ တရားဝင္စတင္ေရာင္းခ်မွာပါ။ သူ႕မွာ Qualcomm ရဲ႕ Snapdragon 835 Chipset အသုံးျပဳထားျပီး Real-time 4-View Video ဖမ္းယူရိုက္ကူးႏုိင္စြမ္း ရွိတယ္။ ရုိက္ကူးယူထားတဲ့ ပုံရိပ္ေတြကို သူ႕ရဲ႕ Holographic မ်က္ႏွာျပင္ေပၚမွာ 3D ပုံရိပ္တစ္ခုလို (အထူး မ်က္မွန္မပါဘဲ) ၾကည့္ရႈႏုိင္မယ္လို႔ ဆုိထားပါတယ္။

“Red Hydrogen One ဟာ စကားလုံးနဲ႔ လက္ရွိရွင္းျပလို႔မရေသးတဲ့ ေနာက္ဆုံးေပၚ နည္းပညာေတြနဲ႔ ဒီဇုိင္းထုတ္လုပ္ထားျပီး ဘာလို႔ မုိဘုိင္းေစ်းကြက္ကို ေျပာင္းလဲႏုိင္မယ့္ ထုတ္ကုန္ျဖစ္လာသလဲဆုိတာကို သင့္ရဲ႕ လက္ေပၚမွာ ကိုင္ၾကည့္ျပီး ကိုယ္တုိင္ခံစားၾကည့္မွ သိရမွာပါ” လို႔ Verizon ကုမၸဏီရဲ႕ အၾကီးအကဲ Brian Higgins ကဆုိပါတယ္။

Hydrogen One ဟာ 4-View နည္းပညာ ပါဝင္လာတဲ့ ကမာၻ႕ပထမဆုံး Holographic ပုံရိပ္ ထုတ္လုပ္ေပးႏုိင္တဲ့ ဖုန္းျဖစ္ျပီး ဘာနဲ႔မွမတူတဲ့ မီဒီယာခံစားမႈကို ရရွိေစမယ္လို႔ ေၾကျငာထားပါတယ္။ မီဒီယာ ခံစားမႈ ဦးစားေပးဖုန္းဟာ 5.7” လက္မ Screen ပါဝင္ျပီး 2560 x 1440p Resolution မွာ 515 ppi ရွိတယ္။

RAM မန္မုိရီက 6GB ပမာဏျဖစ္ျပီး Storage မွာေတာ့ အလူမီနီယံေမာ္ဒယ္မွာ 128GB နဲ႔ တုိက္ေတနီယမ္ ေမာ္ဒယ္မွာ 256GB ပါ။ ေက်ာဘက္ကင္မရာက 12.3 MP နဲ႔ ေရွ႕ဖက္ဆယ္လ္ဖီကင္မရာက 8.3MP ပါ။ သူ႕ရဲ႕ ကင္မရာနည္းပညာက အဓိက အသားေပးထားတာ ရုိက္ကူးလုိက္တဲ့ ပုံရိပ္ေတြကို ေဟာ္လိုဂရမ္ ပုံရိပ္ေယာင္ေတြ ထုတ္လုပ္ေပးႏုိင္ဖို႔ပါပဲ။ Android OS ကုိပဲ အေျခခံထားျပီး ဘကၳရီက 4500 mAh ေတာင္ ျဖစ္ပါတယ္။

Ref – Verizon

Unicode

၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းထဲက မိတ်ဆက်ခဲ့တဲ့ ကင်မရာနည်းပညာထုတ်လုပ်သူ Red ရဲ့ Hydrogen One စမတ်ဖုန်းဟာ နောက်ဆုံးတော့ ဈေးကွက်ထဲ ဖြန့်ချိဖို့ အသင့်ဖြစ်လာခဲ့ပါပြီ။ ကြိုတင်မှာယူထားသူတွေ အခုလောက်ဆိုရင် ရရှိနေလောက်ပြီ ဖြစ်ပြီး ဈေးကွက်ထဲကိုလည်း မကြာမတင် ရောက်လာမှာဖြစ်ပါတယ်။

ဒီဖုန်းကို စတင်ကြေငြာစဉ်ကတော့ ဒေါ်လာ ၁၂၀၀ နဲ့ဖြစ်ပေမယ့် အခုအခါမှာတော့ ဒေါ်လာ ၁၂၉၅ အဖြစ် ဈေးနှုန်းမြင့်တက်သွားပါတယ်။ ဟန်းဆက်ကိုတော့ နိုဝင်ဘာ ၂ ရက်နေ့မှာ တရားဝင်စတင်ရောင်းချမှာပါ။ သူ့မှာ Qualcomm ရဲ့ Snapdragon 835 Chipset အသုံးပြုထားပြီး Real-time 4-View Video ဖမ်းယူရိုက်ကူးနိုင်စွမ်း ရှိတယ်။ ရိုက်ကူးယူထားတဲ့ ပုံရိပ်တွေကို သူ့ရဲ့ Holographic မျက်နှာပြင်ပေါ်မှာ 3D ပုံရိပ်တစ်ခုလို (အထူး မျက်မှန်မပါဘဲ) ကြည့်ရှုနိုင်မယ်လို့ ဆိုထားပါတယ်။

“Red Hydrogen One ဟာ စကားလုံးနဲ့ လက်ရှိရှင်းပြလို့မရသေးတဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဒီဇိုင်းထုတ်လုပ်ထားပြီး ဘာလို့ မိုဘိုင်းဈေးကွက်ကို ပြောင်းလဲနိုင်မယ့် ထုတ်ကုန်ဖြစ်လာသလဲဆိုတာကို သင့်ရဲ့ လက်ပေါ်မှာ ကိုင်ကြည့်ပြီး ကိုယ်တိုင်ခံစားကြည့်မှ သိရမှာပါ” လို့ Verizon ကုမ္ပဏီရဲ့ အကြီးအကဲ Brian Higgins ကဆိုပါတယ်။

Hydrogen One ဟာ 4-View နည်းပညာ ပါဝင်လာတဲ့ ကမ္ဘာ့ပထမဆုံး Holographic ပုံရိပ် ထုတ်လုပ်ပေးနိုင်တဲ့ ဖုန်းဖြစ်ပြီး ဘာနဲ့မှမတူတဲ့ မီဒီယာခံစားမှုကို ရရှိစေမယ်လို့ ကြေငြာထားပါတယ်။ မီဒီယာ ခံစားမှု ဦးစားပေးဖုန်းဟာ 5.7” လက်မ Screen ပါဝင်ပြီး 2560 x 1440p Resolution မှာ 515 ppi ရှိတယ်။

RAM မန်မိုရီက 6GB ပမာဏဖြစ်ပြီး Storage မှာတော့ အလူမီနီယံမော်ဒယ်မှာ 128GB နဲ့ တိုက်တေနီယမ် မော်ဒယ်မှာ 256GB ပါ။ ကျောဘက်ကင်မရာက 12.3 MP နဲ့ ရှေ့ဖက်ဆယ်လ်ဖီကင်မရာက 8.3MP ပါ။ သူ့ရဲ့ ကင်မရာနည်းပညာက အဓိက အသားပေးထားတာ ရိုက်ကူးလိုက်တဲ့ ပုံရိပ်တွေကို ဟော်လိုဂရမ် ပုံရိပ်ယောင်တွေ ထုတ်လုပ်ပေးနိုင်ဖို့ပါပဲ။ Android OS ကိုပဲ အခြေခံထားပြီး ဘက္ထရီက 4500 mAh တောင် ဖြစ်ပါတယ်။

Ref – Verizon