၂၀၂၁ ခုနှစ်ရဲ့ အစဆုံးရက်မှာပဲ Huawei ရဲ့ လာမယ့် Flagship သစ်အကြောင်း သတင်းပေါက်ကြားမှုတစ်ခု ထွက်ပေါ်လာတာကို တွေ့မြင်ရပါတယ်။ Huawei P50 Pro ဟာ သူ့ရှေ့ကမျိုးဆက်ထက် ပိုပြီးသေးငယ်မယ်လို့ @OnLeaks က ထုတ်ပြန်ခဲ့ပါတယ်။ သတင်းနဲ့အတူ Huawei P50 Pro ရဲ့ ပထမဆုံး Render ပုံရိပ်ကိုလည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

@OneLeaks ရဲ့ အဆိုအရ မျက်နှာပြင်အရွယ်အစားဟာ 6.6-inch ဖြစ်တဲ့အတွက်၊ P40 Pro နဲ့ သိပ်မကွာဘူးလို့ ဆိုရမှာပါ။ မျက်နှာပြင်ရဲ့ ညာဘက်ထောင့်မှာ ခုံးကွေးမျက်နှာပြင်ဟာ အတော်လေးကို တင်းကျပ်တဲ့ radius နဲ့ တွေ့မြင်ရပါတယ်။

လက်ရှိမြင်တွေ့ရတဲ့ Render အရဆိုရင်တော့ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ Huawei P50 Pro ကို တတ်နိုင်သမျှ ကျစ်လျစ်သိပ်သည်းအောင် ကြိုးစားထားတဲ့ပုံစံဖြစ်ပါတယ်။ အရှည် 159mm နဲ့ အကျယ် 73mm ရှိတာကလည်း Pro မော်ဒယ်နဲ့ပဲ ပိုပြီးတူပါတယ်။ သေးငယ်တဲ့ ထောင့်ဖြတ်တင်မဟုတ်ပါဘူး၊ P50 Pro ရဲ့မျက်နှာပြင်ဟာ ထင်ရှားတဲ့အပြောင်းအလဲနှစ်ခုလည်း ရှိနေပါတယ်။

ပထမတစ်ခုကတော့ ကျယ်ပြန့်တဲ့ Dual-selfie ကင်မရာ Punch-hole နေရာမှာ သေးငယ်တဲ့ ကင်မရာတစ်လုံးနဲ့အစားထိုးခဲ့တာပါ။ နောက်တစ်ခုကတော့ အစဉ်အလာ Earpiece ကို P30 Pro နဲ့ မိတ်ဆက်ခဲ့တဲ့ Acoustic display နဲ့ အစားထိုးခဲ့တာပဲ ဖြစ်ပါတယ်။

The Elec ကဖော်ပြတဲ့ သတင်းအရ Huawei P50 Pro ဟာ Samsung နဲ့ LG OLED display တွေကို အသုံးပြုမှာဖြစ်ပြီး Kirin 9000 chip ကို သုံးစွဲလာမယ်လို့ သိရပါတယ်။ (ဒါပေမယ့် TSMC က Huawei နဲ့ ကုန်သွယ်လို့ရပြီလား၊ မရသေးဘူးလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။)

Ref: GSM Arena