[Zawgyi]

တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Huawei ကေတာ့ P Smart စီးရီး စမတ္ဖုန္းအသစ္ကို Pop-up ဆယ္ဖီ ကင္မရာနဲ႔ မိတ္ဆက္လာဖို႔ အသင့္ျဖစ္ေနပါၿပီ။ Mid-range တန္း စမတ္ဖုန္းသစ္ကို ‘Huawei P Smart Z’ လို႔အမည္ေပးထားၿပီး Vivo NEX S နဲ႔ Oppo Find X တုိ႔စတင္ခဲ့တဲ့ Pop-up ကင္မရာေရစီးကို စတင္စီးေမ်ာလာတာပါပဲ။

အခုထြက္ေပၚလာတဲ့ Render ေတြထဲမွာ P Smart Z ဖုန္းအတြက္ အတည္မျပဳရေသးတဲ့ Specs အခ်ဳိ႕လဲ ပါဝင္ပါတယ္။ ေရွ႕ဘက္ Pop-up ဆယ္ဖီကင္မရာဟာ 16MP f/2.0 ျဖစ္ၿပီး အတတ္ႏုိင္ဆုံးပါးလႊာထားတဲ့ Bezel ေတြေၾကာင့္ ဒီဖုန္းရဲ႕မ်က္ႏွာျပင္ကို Huawei က “Ultra Fullview” Display လို႔အမည္ေပးလာမယ္လို႔လည္း သိရတယ္။

ေရွ႕မ်က္ႏွာျပင္က 6.59” လက္မအရြယ္ Display မွာ 2340 x 1080p Full HD+ Resolution ပါဝင္ကာ ျမင္ကြင္းအခ်ဳိး 19.5:9 ရွိပါတယ္။ ၂၀၁၉ ေမာ္ဒယ္ေတြျဖစ္တဲ့ P Smart နဲ႔ P Smart+ တုိ႔လိုပဲ P Smart Z မွာလဲ Kirin 710 ပရုိဆက္ဆာကို အသုံးျပဳလာတာေၾကာင့္ Midrange စြမ္းေဆာင္ရည္ကို ေမွ်ာ္လင့္ထားႏုိင္တယ္။ 4GB RAM မန္မုိရီနဲ႔ 64GB Storage ပါဝင္ၿပီး ဘကၳရီက 4,000 mAh ဘကၳရီၾကီးျဖစ္ပါတယ္။

ေနာက္ဘက္ကင္မရာကို 16MP f/1.8 အဓိကကင္မရာနဲ႔ 2MP f/2.4 Depth Sensor တုိ႔ေပါင္းစပ္ထားတယ္။ ေပါက္ၾကားလာတဲ့ ဓါတ္ပုံေတြထဲမွာ ေက်ာဘက္ကိုယ္ထည္ေပၚက Fingerprint ကိုလည္း ျပသလာပါတယ္။

P Smart Z စမတ္ဖုန္းကို Midnight Black, Emerald Green နဲ႔ Sapphire Blue အေရာင္ေတြနဲ႔ ထြက္လာမယ္လို႔ ယူဆရပါတယ္။ Huawei ဟာပုံမွန္ဆုိရင္ ဒီလုိ Mid-range ဖုန္းေတြအတြက္ မိတ္ဆက္ပြဲ သီးသန္႔လုပ္ေလ့မရွိေပမယ့္ သူတုိ႔ရဲ႕ ပထမဆုံး Pop-up ကင္မရာသုံးဖုန္းအတြက္ေတာ့ လုပ္ေကာင္းလုပ္လာႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Huawei ကတော့ P Smart စီးရီး စမတ်ဖုန်းအသစ်ကို Pop-up ဆယ်ဖီ ကင်မရာနဲ့ မိတ်ဆက်လာဖို့ အသင့်ဖြစ်နေပါပြီ။ Mid-range တန်း စမတ်ဖုန်းသစ်ကို ‘Huawei P Smart Z’ လို့အမည်ပေးထားပြီး Vivo NEX S နဲ့ Oppo Find X တို့စတင်ခဲ့တဲ့ Pop-up ကင်မရာရေစီးကို စတင်စီးမျောလာတာပါပဲ။

အခုထွက်ပေါ်လာတဲ့ Render တွေထဲမှာ P Smart Z ဖုန်းအတွက် အတည်မပြုရသေးတဲ့ Specs အချို့လဲ ပါဝင်ပါတယ်။ ရှေ့ဘက် Pop-up ဆယ်ဖီကင်မရာဟာ 16MP f/2.0 ဖြစ်ပြီး အတတ်နိုင်ဆုံးပါးလွှာထားတဲ့ Bezel တွေကြောင့် ဒီဖုန်းရဲ့မျက်နှာပြင်ကို Huawei က “Ultra Fullview” Display လို့အမည်ပေးလာမယ်လို့လည်း သိရတယ်။

ရှေ့မျက်နှာပြင်က 6.59” လက်မအရွယ် Display မှာ 2340 x 1080p Full HD+ Resolution ပါဝင်ကာ မြင်ကွင်းအချိုး 19.5:9 ရှိပါတယ်။ ၂၀၁၉ မော်ဒယ်တွေဖြစ်တဲ့ P Smart နဲ့ P Smart+ တို့လိုပဲ P Smart Z မှာလဲ Kirin 710 ပရိုဆက်ဆာကို အသုံးပြုလာတာကြောင့် Midrange စွမ်းဆောင်ရည်ကို မျှော်လင့်ထားနိုင်တယ်။ 4GB RAM မန်မိုရီနဲ့ 64GB Storage ပါဝင်ပြီး ဘက္ထရီက 4,000 mAh ဘက္ထရီကြီးဖြစ်ပါတယ်။

နောက်ဘက်ကင်မရာကို 16MP f/1.8 အဓိကကင်မရာနဲ့ 2MP f/2.4 Depth Sensor တို့ပေါင်းစပ်ထားတယ်။ ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေထဲမှာ ကျောဘက်ကိုယ်ထည်ပေါ်က Fingerprint ကိုလည်း ပြသလာပါတယ်။

P Smart Z စမတ်ဖုန်းကို Midnight Black, Emerald Green နဲ့ Sapphire Blue အရောင်တွေနဲ့ ထွက်လာမယ်လို့ ယူဆရပါတယ်။ Huawei ဟာပုံမှန်ဆိုရင် ဒီလို Mid-range ဖုန်းတွေအတွက် မိတ်ဆက်ပွဲ သီးသန့်လုပ်လေ့မရှိပေမယ့် သူတို့ရဲ့ ပထမဆုံး Pop-up ကင်မရာသုံးဖုန်းအတွက်တော့ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။

Ref – GSM Arena