[Zawgyi]

၂၀၁၉ မွာ Samsung က ထုတ္မယ္လို႔ ျပင္ေနတဲ့ Infinity-O Screen ကေတာ့ Huawei က လက္ဦးေတာ့မယ္ထင္ပါတယ္။

Infinity-O ဆိုတာကေတာ့ Screen မွာ Selfie ကင္မရာအတြက္ အေပါက္ကေလးတစ္ေနရာစာ ခ်န္ထားတဲ့ Display ဒီဇုိင္းပါ။ ျပီးခဲ့တဲ့ Samsung Developer Conference မွာတုန္းက Infinity-U, Infinity-V နဲ႔ Infinity-O ဆိုျပီး Notch ဒီဇုိင္း ၃မ်ိဳး ျပခဲ့တဲ့ထဲက Infinity-O ေလးကေတာ့ ဘယ္ဘက္ထိပ္ေထာင့္မွာ အေပါက္ေလးပါေနတဲ့ Screen မ်ိဳးပါ။

အခု အဲဒီ Display ဒီဇုိင္းနဲ႔ ဖုန္းတစ္လံုး တရုတ္ႏုိင္ငံမွာ ျမင္ေတြ႔ခဲ့ရပါျပီ။ တရုတ္ႏုိင္ငံ ေျမေအာက္ရထားေပၚမွာ ေကာင္ေလးတစ္ေယာက္ သံုးေနတာျဖစ္ျပီး ပံုထဲမွာ ျမင္ရတဲ့အတုိင္းဆို ကင္မရာ Lens ေလးကို ဘယ္ဘက္အေပၚေထာင့္နားမွာ ေတြ႔ရမွာပါ။

ဘာ Notch မွလည္း မပါဘဲနဲ႔ မထုတ္လုပ္ခင္ အဆင့္ျဖစ္လို႔ Body ကို Cover စြပ္ထားတယ္ထင္ပါတယ္။ ထိပ္မွာလည္း 3.5mm နားၾကပ္ေပါက္ ပါေနပါေသးတယ္။ ကင္မရာက အရမ္းမျပတ္သားတဲ့အတြက္ ဒီထက္ပိုၾကည္တဲ့ပံု ထြက္လာရင္ေတာ့ ဒီသတင္းအမွန္ျဖစ္ႏုိင္ပါတယ္။

အရင္တစ္ေန႔ကပဲ Huawei က Infinity-O Display နဲ႔ Teaser ပံုတစ္ခုထုတ္ထားတာဆိုေတာ့ ဒီပံုထဲက ဖုန္းက Huawei ဖုန္းတစ္လံုးျဖစ္ႏုိင္ျပီး လူကလည္း အဲဒီက ဝန္ထမ္းတစ္ေယာက္ေယာက္ ျဖစ္ႏုိင္ပါတယ္။ သတင္းေတြကေတာ့ Huawei ရဲ႕ Nova Series သစ္ေတြထြက္ေလ့ရိွတဲ့ ဒီဇင္ဘာလ ေရာက္ေတာ့မွာျဖစ္လို႔ Nova 4 ဖုန္းျဖစ္မယ္လို႔  ခန္႔မွန္းထားၾကပါတယ္။

Ref: PhoneArena

[Unicode]

၂၀၁၉ မှာ Samsung က ထုတ်မယ်လို့ ပြင်နေတဲ့ Infinity-O Screen ကတော့ Huawei က လက်ဦးတော့မယ်ထင်ပါတယ်။

Infinity-O ဆိုတာကတော့ Screen မှာ Selfie ကင်မရာအတွက် အပေါက်ကလေးတစ်နေရာစာ ချန်ထားတဲ့ Display ဒီဇိုင်းပါ။ ပြီးခဲ့တဲ့ Samsung Developer Conference မှာတုန်းက Infinity-U, Infinity-V နဲ့ Infinity-O ဆိုပြီး Notch ဒီဇိုင်း ၃မျိုး ပြခဲ့တဲ့ထဲက Infinity-O လေးကတော့ ဘယ်ဘက်ထိပ်ထောင့်မှာ အပေါက်လေးပါနေတဲ့ Screen မျိုးပါ။

အခု အဲဒီ Display ဒီဇိုင်းနဲ့ ဖုန်းတစ်လုံး တရုတ်နိုင်ငံမှာ မြင်တွေ့ခဲ့ရပါပြီ။ တရုတ်နိုင်ငံ မြေအောက်ရထားပေါ်မှာ ကောင်လေးတစ်ယောက် သုံးနေတာဖြစ်ပြီး ပုံထဲမှာ မြင်ရတဲ့အတိုင်းဆို ကင်မရာ Lens လေးကို ဘယ်ဘက်အပေါ်ထောင့်နားမှာ တွေ့ရမှာပါ။

ဘာ Notch မှလည်း မပါဘဲနဲ့ မထုတ်လုပ်ခင် အဆင့်ဖြစ်လို့ Body ကို Cover စွပ်ထားတယ်ထင်ပါတယ်။ ထိပ်မှာလည်း 3.5mm နားကြပ်ပေါက် ပါနေပါသေးတယ်။ ကင်မရာက အရမ်းမပြတ်သားတဲ့အတွက် ဒီထက်ပိုကြည်တဲ့ပုံ ထွက်လာရင်တော့ ဒီသတင်းအမှန်ဖြစ်နိုင်ပါတယ်။

အရင်တစ်နေ့ကပဲ Huawei က Infinity-O Display နဲ့ Teaser ပုံတစ်ခုထုတ်ထားတာဆိုတော့ ဒီပုံထဲက ဖုန်းက Huawei ဖုန်းတစ်လုံးဖြစ်နိုင်ပြီး လူကလည်း အဲဒီက ဝန်ထမ်းတစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။ သတင်းတွေကတော့ Huawei ရဲ့ Nova Series သစ်တွေထွက်လေ့ရှိတဲ့ ဒီဇင်ဘာလ ရောက်တော့မှာဖြစ်လို့ Nova 4 ဖုန်းဖြစ်မယ်လို့  ခန့်မှန်းထားကြပါတယ်။

Ref: PhoneArena