Apple က Beta Program ကနေ ပထမဆုံး iOS 14 နဲ့ iPadOS 14 Public Beta Build တွေကို ဖြန့်ချိပေးလိုက်ပါတယ်။ သင့် iPhone , iPad မှာ iOS 14 နဲ့ iPadOS 14 Public Beta ကို မြည်းစမ်းချင်သူတွေအတွက် Apple Beta Website မှာ စာရင်းပေးသွင်းပြီး ရယူနိုင်ပါပြီ။

အခု Public Beta မထွက်ခင်မှာ Developer Beta Version ၂ ခုထွက်ထားပါတယ်။ ၁ ခုကို WWDC မှာ ကြေညာပြီးနောက်မှာ ချက်ချင်းပဲ ဖြန့်ချိပေးခဲ့ပြီး နောက် ၁ ခုကို မနေ့ကပဲ ထုတ်ပေးခဲ့တာပါ။  Beta Build တွေမှာ Bugs တွေ ပါတဲ့အတွက် သင် အဓိက သုံးနေတဲ့ Device တွေမှာ မထည့်သွင်းသင့်ပါဘူး။ နှေးကွေးလေးလံတာတွေ၊ အလုပ်ကောင်းကောင်း မလုပ်တာတွေ၊ Crash ဖြစ်တာတွေ တွေ့ကြုံရနိုင်ပါတယ်။

iOS 14 ရဲ့ လုပ်ဆောင်ချက် အများစုဟာ Android User တွေ ရထားပြီးသား ဖြစ်ပါတယ်။ Home Screen Widgets မှာ ဒေတာတွေပိုပါလာပြီး အရွယ်အစား များစွာ ရွေးချယ်နိုင်ပါတယ်။ App Library မှာ Apps တွေကို Category တွေနဲ့ ခွဲခြား ပြသထားသလို မကြာခင်က ထည့်ထားတဲ့ App ကို မြန်မြန်သုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် တခြား လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။

ref : gsmarena