Samsung ရဲ့ဈေးချို A စီးရီး စမတ်ဖုန်းတွေထဲမှာ Galaxy A01 ဟာ ဈေးအသက်သာဆုံးနေရာကို ယူထားပေမယ့် ကုမ္ပဏီကတော့ သူ့ထက်ဈေးသက်သာဦးမယ့် A01 Core အမည်ရ ဟန်းဆက်ကို ထပ်ထုတ်လုပ်လာဦးမှာပါ။

အခုရက်သတ္တပတ်မှာ နေရာအနှံ့ကနေ အတည်ပြုချက်တွေ ရယူနေခဲ့တဲ့ ဒီဖုန်းဟာ ယနေ့မှာတော့ Leakster တစ်ယောက်ဆီကနေ သူ့ရဲ့ ပထမဆုံးပုံရိပ်ကို မြင်တွေ့လာရပါပြီ။

Galaxy A01 Core ဖုန်းဟာ 720p Resolution နဲ့ 5.14” TFT Display ပါဝင်ပြီး အပေါ်နဲ့အောက်မှာ အချိုးညီ Bezel ဘောင်နှစ်ခုကို မြင်ရမှာပါ။ အတွင်းမှာ MediaTek MT6739WW ချစ်ပ်ဆက်ကို 1GB RAM နဲ့ တွဲဖက်ထားပါတယ်။ နောက်ဘက်မှာ အစင်းကြောင်းတွေနဲ့ ဒီဇိုင်းကို မြင်တွေ့ရပြီး အဓိကကင်မရာတစ်လုံးတည်းနဲ့ LED Flash တို့ကိုလည်း မြင်နိုင်ပါတယ်။

A01 Core မှာ Samsung One UI Core ဖုံးအုပ်ထားတဲ့ Android 10 OS ကို အသုံးပြုရမှာဖြစ်ပြီး ရိုးရိုးနဲ့ Dual SIM မော်ဒယ်နှစ်မျိုး ရွေးချယ်နိုင်မှာပါ။ ပုံမှာမြင်ရတဲ့အတိုင်း အပြာနဲ့အနီရောင်တို့ဖြင့် ရောင်းချလာမှာဖြစ်ပြီး Samsung Core စီးရီး ဖုန်းအဟောင်းတွေမှာလို Removable ဘက္ထရီပါဝင်လာနိုင်ပါတယ်။

Ref – GSMArena