Google Pixel 3 နဲ႔ 3 XL စမတ္ဖုန္းေတြဟာ ထြက္ရွိရက္ နီးလာတာနဲ႔အမွ် ပါဝင္မယ့္ Feature ေတြနဲ႔ အစိတ္အပုိင္းေတြက တစ္ခုျပီးတစ္ခု ေပၚထြက္လာတာပါ။ အခုတေလာ သတင္းေတြကို မ်က္ေျခမျပတ္တဲ့သူေတြ အေနနဲ႔ အကုန္လုံးနီးပါး သိေနေလာက္ပါျပီ။

Google ကအသစ္မိတ္ဆက္လာမယ့္ Tablet နဲ႔ လက္ပ္ေတာ့အျဖစ္ 2-in-1 အသုံးျပဳႏုိင္တဲ့ Pixelbook နဲ႔ပတ္သက္ျပီးေတာ့လည္း မေန႔ကမွ သတင္းထြက္ေပၚလာခဲ့တာေၾကာင့္ ေနာက္လထဲမွာ က်င္းပမယ့္ Google ထုတ္ကုန္သစ္ မိတ္ဆက္ပြဲအတြက္ မသိရေသးတာ Accessories ပုိင္းပဲ က်န္ပါေတာ့တယ္။

ယေန႔မွာေတာ့ Google APK v8.22 Teardown ေက်းဇူးေၾကာင့္ Pixel ဖုန္းေတြဟာ ၾကိဳးမဲ့ Charging Dock တစ္ခုနဲ႔ လာမွာျဖစ္ေၾကာင္း ထပ္သိခဲ့ရျပီး အဆုိပါ Dock ကို ‘Pixel Stand’ လို႔ ေခၚမွာပါ။ ပုံမွာျမင္ရတာက Dock နဲ႔ ဟန္းဆက္ကို ဘယ္လုိတြဲသုံးရမလဲ ဆုိတဲ့ အန္နီေမးရွင္းရုပ္ျပပုံ ျဖစ္ပါတယ္။ ဒီေပါက္ၾကားမႈမွာ Dock ရဲ႕ အျခားလုပ္ေဆာင္ခ်က္ေတြပါ ပါဝင္ခဲ့ျပီး Slideshow Feature နဲ႔ တမူကြဲတဲ့ Google Assistance UI တုိ႔ပါ ပါဝင္မွာ ျဖစ္ပါတယ္။

ဒီေလာက္ပဲ သိႏုိင္ရေသးေပမယ့္ ေသခ်ာသြားတာ တစ္ခုကေတာ့ Pixel 3 ဖုန္းအသစ္ေတြဟာ ၾကိဳးမဲ့အားသြင္းစနစ္ ပါဝင္လာမယ္ ဆုိတာပါပဲ။ တိက်တဲ့ အခ်က္အလက္ေတြကိုေတာ့ လာမယ့္ ေအာက္တုိဘာ ၉ ရက္ေန႔ နယူးေယာက္ျမိဳ႕မွာ က်င္းပမယ့္ Google ရဲ႕ မိတ္ဆက္ပြဲမွာ ျမင္ေတြ႕ရေတာ့မွာပါ။

Ref – https://9to5google.com/2018/09/21/google-pixel-stand-revealed-first-look/

Unicode

Google Pixel 3 နဲ့ 3 XL စမတ်ဖုန်းတွေဟာ ထွက်ရှိရက် နီးလာတာနဲ့အမျှ ပါဝင်မယ့် Feature တွေနဲ့ အစိတ်အပိုင်းတွေက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတာပါ။ အခုတလော သတင်းတွေကို မျက်ခြေမပြတ်တဲ့သူတွေ အနေနဲ့ အကုန်လုံးနီးပါး သိနေလောက်ပါပြီ။

Google ကအသစ်မိတ်ဆက်လာမယ့် Tablet နဲ့ လက်ပ်တော့အဖြစ် 2-in-1 အသုံးပြုနိုင်တဲ့ Pixelbook နဲ့ပတ်သက်ပြီးတော့လည်း မနေ့ကမှ သတင်းထွက်ပေါ်လာခဲ့တာကြောင့် နောက်လထဲမှာ ကျင်းပမယ့် Google ထုတ်ကုန်သစ် မိတ်ဆက်ပွဲအတွက် မသိရသေးတာ Accessories ပိုင်းပဲ ကျန်ပါတော့တယ်။

ယနေ့မှာတော့ Google APK v8.22 Teardown ကျေးဇူးကြောင့် Pixel ဖုန်းတွေဟာ ကြိုးမဲ့ Charging Dock တစ်ခုနဲ့ လာမှာဖြစ်ကြောင်း ထပ်သိခဲ့ရပြီး အဆိုပါ Dock ကို ‘Pixel Stand’ လို့ ခေါ်မှာပါ။ ပုံမှမြင်ရတာက Dock နဲ့ ဟန်းဆက်ကို ဘယ်လိုတွဲသုံးရမလဲ ဆိုတဲ့ အန်နီမေးရှင်းရုပ်ပြပုံ ဖြစ်ပါတယ်။ ဒီပေါက်ကြားမှုမှာ Dock ရဲ့ အခြားလုပ်ဆောင်ချက်တွေပါ ပါဝင်ခဲ့ပြီး Slideshow Feature နဲ့ တမူကွဲတဲ့ Google Assistance UI တို့ပါ ပါဝင်မှာ ဖြစ်ပါတယ်။

ဒီလောက်ပဲ သိနိုင်ရသေးပေမယ့် သေချာသွားတာ တစ်ခုကတော့ Pixel 3 ဖုန်းအသစ်တွေဟာ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာမယ် ဆိုတာပါပဲ။ တိကျတဲ့ အချက်အလက်တွေကိုတော့ လာမယ့် အောက်တိုဘာ ၉ ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် Google ရဲ့ မိတ်ဆက်ပွဲမှာ မြင်တွေ့ရတော့မှာပါ။

Ref – https://9to5google.com/2018/09/21/google-pixel-stand-revealed-first-look/