[Zawgyi]

ယခုရက္သတၱပတ္အေစာပုိင္းမွာ Motorola ရဲ႕ပထမဆုံး Triple-camera စမတ္ဖုန္းကို ေတြ႕ခဲ့ၾကရၿပီး ဒီဖုန္းအသစ္ကို P40 Power သို႔မဟုတ္ P40 Note လို႔ေခၚေဝၚမွာျဖစ္ေၾကာင္း သိခဲ့ရတယ္။ ဒီေန႔မွာထပ္ၿပီး Motorola ရဲ႕ ပထမဆုံး Quad-camera နဲ႔စမတ္ဖုန္းပုံရိပ္ကို ျမင္ေတြ႕ရျပန္ပါတယ္။

Motorola ရဲ႕ပထမဆုံးေက်ာဘက္ကင္မရာေလးလုံးနဲ႔ စမတ္ဖုန္းအတြက္ Render ပုံၾကမ္းကို အခုတေလာ လက္သြက္ေနတဲ့ @OnLeaks ကေန ဖြင့္ခ်ခဲ့တာပါ။ အခုျမင္ရတာေတာ့ သူ႕ရဲ႕ CAD Render ပုံရိပ္ပဲ ျဖစ္ပါတယ္။

အဆုိပါစမတ္ဖုန္းဟာ 6.2” လက္မအရြယ္ Display ပါဝင္ၿပီး သူ႕ထဲမွာ Fingerprint ထည့္သြင္းထားတယ္။ ေနာက္ဘက္မွာေတာ့ Quad-camera ေလးလုံးတြဲကိုေတြ႕ရမွာျဖစ္ကာ တစ္ခုက 48MP Sensor ျဖစ္မယ္လို႔ ဆုိတယ္။ ဖုန္းရဲ႕ကုိယ္ထည္အခ်ဳိးအစားကေတာ့ 158.7 x 75 x 8.8mm ပါ။

ဒီပုံကေန ထပ္ၿပီးသိရတာကေတာ့ ပါဝါခလုတ္နဲ႔ Volume ေတြကို ညာဘက္မွာထားၿပီး ေအာက္ဘက္မွာ Headphone Jack နဲ႔ USB-C Port တုိ႔ပါဝင္ပါတယ္။ ဖုန္းရဲ႕ နာမည္အပါအဝင္ က်န္တဲ့ အခ်က္အလက္ေတြကိုေတာ့ ေလာေလာဆယ္ မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

ယခုရက်သတ္တပတ်အစောပိုင်းမှာ Motorola ရဲ့ပထမဆုံး Triple-camera စမတ်ဖုန်းကို တွေ့ခဲ့ကြရပြီး ဒီဖုန်းအသစ်ကို P40 Power သို့မဟုတ် P40 Note လို့ခေါ်ဝေါ်မှာဖြစ်ကြောင်း သိခဲ့ရတယ်။ ဒီနေ့မှာထပ်ပြီး Motorola ရဲ့ ပထမဆုံး Quad-camera နဲ့စမတ်ဖုန်းပုံရိပ်ကို မြင်တွေ့ရပြန်ပါတယ်။

Motorola ရဲ့ပထမဆုံးကျောဘက်ကင်မရာလေးလုံးနဲ့ စမတ်ဖုန်းအတွက် Render ပုံကြမ်းကို အခုတလော လက်သွက်နေတဲ့ @OnLeaks ကနေ ဖွင့်ချခဲ့တာပါ။ အခုမြင်ရတာတော့ သူ့ရဲ့ CAD Render ပုံရိပ်ပဲ ဖြစ်ပါတယ်။

အဆိုပါစမတ်ဖုန်းဟာ 6.2” လက်မအရွယ် Display ပါဝင်ပြီး သူ့ထဲမှာ Fingerprint ထည့်သွင်းထားတယ်။ နောက်ဘက်မှာတော့ Quad-camera လေးလုံးတွဲကိုတွေ့ရမှာဖြစ်ကာ တစ်ခုက 48MP Sensor ဖြစ်မယ်လို့ ဆိုတယ်။ ဖုန်းရဲ့ကိုယ်ထည်အချိုးအစားကတော့ 158.7 x 75 x 8.8mm ပါ။

ဒီပုံကနေ ထပ်ပြီးသိရတာကတော့ ပါဝါခလုတ်နဲ့ Volume တွေကို ညာဘက်မှာထားပြီး အောက်ဘက်မှာ Headphone Jack နဲ့ USB-C Port တို့ပါဝင်ပါတယ်။ ဖုန်းရဲ့ နာမည်အပါအဝင် ကျန်တဲ့ အချက်အလက်တွေကိုတော့ လောလောဆယ် မသိရသေးပါဘူး။

Ref – GSM Arena