E-Sports လို႔ေခၚတဲ့ အီလက္ထေရာနစ္အားကစားဟာ အုိလံပစ္ျပိဳင္ပြဲေတြမွာ ထည့္သြင္းဖို႔ေတာင္ ျပင္ဆင္ေနၾကပါျပီ။ လူငယ္အမ်ားစုႏွစ္သက္ျပီး ကမာၻေပၚမွာလူၾကိဳက္အမ်ားဆုံး Competitive ဂိမ္းတစ္ခုကေတာ့ Dota 2 ပါပဲ။

မၾကာခင္စတင္ေတာ့မယ့္ ၂၀၁၈ – ၁၉ Dota 2 ပရိုဖက္ရွင္နယ္ရာသီအတြက္ အခုခ်ိန္မွာ ႏုိင္ငံတကာ Dota 2 အသင္းေတြက ျပင္ဆင္ေနၾကျပီ ျဖစ္ပါတယ္။ ဒီအခါမွာ ထူးျခားခ်က္ကေတာ့ ထိုင္းႏုိင္ငံအေျခစုိက္ Dota 2 အဖြဲ႕အစည္း တစ္ခုျဖစ္တဲ့ Clutch Gamers က ျမန္မာ Dota 2 ကစားသမား တစ္ဦးျဖစ္တဲ့ ျမင့္ျမတ္ေဇာ္ (InsaNe!) ကိုေခၚယူလိုက္ေၾကာင္း သူတုိ႔ရဲ႕ တရားဝင္ Facebook စာမ်က္ႏွာမွာ ေၾကာ္ျငာလုိက္တာပါပဲ။

InsaNe! ဟာ လက္ရွိျမန္မာ Dota 2 ေလာကမွာ လူသိအမ်ားဆုံး Team Veteran အသင္းမွာ Mid-lane Position မွကစားေနတာျဖစ္ျပီး အေရွ႕အာရွ (SEA) ေဒသတြင္း Dota 2 Rank ထိပ္ဆုံးအေယာက္ ၂၀ စာရင္းဝင္ ျဖစ္ပါတယ္။ ယခင္က Maven မွာကစားခဲ့ျပီးေနာက္ နာမည္ၾကီးျမန္မာအသင္း G7 မွ ကစားသမားေဟာင္းေတြနဲ႔ လက္ရွိ Team Veteran ကိုဖြဲ႕စည္းခဲ့တာပါ။

ေဘာလုံးအားကစားမွာ ျမန္မာကစားသမားေတြကို အေရွ႕ေတာင္အာရွ ေဒသတြင္း ကလပ္ေတြက ေခၚယူကစားေနၾကသလိုပဲ၊ E-Sports ျမင္ကြင္းမွာလည္း ပထမဆုံးအျဖစ္ InsaNe! ဟာ Clutch Gamers အသင္းနဲ႔အတူ ႏုိင္ငံတကာ Dota 2 ျပိဳင္ပြဲေတြကို ေဆာ့ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒါဟာ ျမန္မာလူငယ္ေတြ အတြက္လည္း ဝါသနာပါရာကို တစုိက္မတ္မတ္လုပ္ရင္း ေအာင္ျမင္မႈ ရႏုိင္တဲ့ ဥပမာေကာင္းတစ္ခု ျဖစ္လာႏုိင္ပါတယ္။

Clutch Gamers အသင္းမွာ လက္ရွိ ဘူေဂးရီးယားႏုိင္ငံသား Nikobaby, မေလးရွားႏုိင္ငံသား နာမည္ေက်ာ္ Dota 2 ပရို kYxY, အရင္က နာမည္ေက်ာ္ Ad Finem အသင္းမွာကစားခဲ့တဲ့ ဂရိႏုိင္ငံသားႏွစ္ဦး ျဖစ္တဲ့ Skylark နဲ႔ SsaSpartan တုိ႔နဲ႔အတူ ျမန္မာႏုိင္ငံသား InsaNe! တစ္ေယာက္ ယွဥ္တြဲေဆာ့ကစားရမွာပါ။

Unicode

E-Sports လို့ခေါ်တဲ့ အီလက်ထရောနစ်အားကစားဟာ အိုလံပစ်ပြိုင်ပွဲတွေမှာ ထည့်သွင်းဖို့တောင် ပြင်ဆင်နေကြပါပြီ။ လူငယ်အများစုနှစ်သက်ပြီး ကမ္ဘာပေါ်မှာလူကြိုက်အများဆုံး Competitive ဂိမ်းတစ်ခုကတော့ Dota 2 ပါပဲ။

မကြာခင်စတင်တော့မယ့် ၂၀၁၈ – ၁၉ Dota 2 ပရိုဖက်ရှင်နယ်ရာသီအတွက် အခုချိန်မှာ နိုင်ငံတကာ Dota 2 အသင်းတွေက ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒီအခါမှာ ထူးခြားချက်ကတော့ ထိုင်းနိုင်ငံအခြေစိုက် Dota 2 အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Clutch Gamers က မြန်မာ Dota 2 ကစားသမား တစ်ဦးဖြစ်တဲ့ မြင့်မြတ်ဇော် (InsaNe!) ကိုခေါ်ယူလိုက်ကြောင်း သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ကြော်ငြာလိုက်တာပါပဲ။

InsaNe! ဟာ လက်ရှိမြန်မာ Dota 2 လောကမှာ လူသိအများဆုံး Team Veteran အသင်းမှာ Mid-lane Position မှကစားနေတာဖြစ်ပြီး အရှေ့အာရှ (SEA) ဒေသတွင်း Dota 2 Rank ထိပ်ဆုံးအယောက် ၂၀ စာရင်းဝင် ဖြစ်ပါတယ်။ ယခင်က Maven မှာကစားခဲ့ပြီးနောက် နာမည်ကြီးမြန်မာအသင်း G7 မှ ကစားသမားဟောင်းတွေနဲ့ လက်ရှိ Team Veteran ကိုဖွဲ့စည်းခဲ့တာပါ။

ဘောလုံးအားကစားမှာ မြန်မာကစားသမားတွေကို အရှေ့တောင်အာရှ ဒေသတွင်း ကလပ်တွေက ခေါ်ယူကစားနေကြသလိုပဲ၊ E-Sports မြင်ကွင်းမှာလည်း ပထမဆုံးအဖြစ် InsaNe! ဟာ Clutch Gamers အသင်းနဲ့အတူ နိုင်ငံတကာ Dota 2 ပြိုင်ပွဲတွေကို ဆော့ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာလူငယ်တွေ အတွက်လည်း ဝါသနာပါရာကို တစိုက်မတ်မတ်လုပ်ရင်း အောင်မြင်မှု ရနိုင်တဲ့ ဥပမာကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Clutch Gamers အသင်းမှာ လက်ရှိ ဘူဂေးရီးယားနိုင်ငံသား Nikobaby, မလေးရှားနိုင်ငံသား နာမည်ကျော် Dota 2 ပရို kYxY, အရင်က နာမည်ကျော် Ad Finem အသင်းမှာကစားခဲ့တဲ့ ဂရိနိုင်ငံသားနှစ်ဦး ဖြစ်တဲ့ Skylark နဲ့ SsaSpartan တို့နဲ့အတူ မြန်မာနိုင်ငံသား InsaNe! တစ်ယောက် ယှဉ်တွဲဆော့ကစားရမှာပါ။